Friday, June 29, 2012

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် ဇူလိုင်လတွင် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်မည်ဟုဆို

Posted by Anonymous Friday, June 29, 2012, under | No comments


ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ဆူရာပေါင်တိုဗီချက်ချိုင်ကူးလ်သည် တရုတ်နိုင်ငံခြားရေး ၀န်ကြီး ယန်ကျိချီ၏ ဖိတ်ကြား ချက်အရနှစ်နိုင်ငံ အကြား မဟာဗျူဟာ ဆက်ဆံရေးများနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက် မှုတို့ကို မြှင့်တင်ရန်အတွက် ဇူလိုင်လ ၁ ရက်နေ့မှ ၅ရက် နေ့အထိ တရုတ်နိုင်ငံသို့ ၅ ရက်ကြာ တရားဝင် အလည်အပတ် ခရီးသွားရောက် မည်ဖြစ်ကြောင်း ဇွန်လ ၂၈ရက်နေ့ Xinhua သတင်းတစ်ရပ်အရ သိရှိရပါသည်။

ဆူရာပေါင်သည် တရုတ်ခေါင်းဆောင်များကို ဦးစွာသွားရောက် တွေ့ဆုံမည်ဖြစ်ပြီး ၎င်းနောက် တရုတ် နိုင်ငံခြားရေးဝန်ကြီး ယန်ကျိချီနှင့် ဆွေးနွေးပွဲများ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ထို့အပြင်ဆူရာပေါင်သည် တရုတ်နိုင်ငံသို့ ပို့ကုန်အခွင့် အလမ်းများကိုမြှင့်တင်ရေး နည်းလမ်းများ နှင့်ပတ်သက်၍ ဆွေးနွေးရန်အတွက် ကွမ်တုံပြည်နယ် ကွမ်ကျိုးမြို့ရှိ ထိုင်းသီးနှံ တင်သွင်းသူများ နှင့်လည်းတွေ့ဆုံသွားမည်ဖြစ်ပါသည်။၎င်းနောက် ၀န်ကြီးချုပ် ယင်လပ်ရှီနာဝပ်ထရာ၏ ဧပြီလအတွင်းက တရုတ်နိုင်ငံ ခရီးစဉ်အတွင်း သဘော တူညီခဲ့သည့်မြန်နှုန်းမြင့် ပူးတွဲရထား လမ်းစီမံကိန်း ၊ရေအရင်းအမြစ် စီမံခန့်ခွဲမှုနှင့် သန့်ရှင်းသော စွမ်းအင် အစရှိသော ကဏ္ဍရပ်များတွင် ၎င်းတို့နှစ်နိုင်ငံ၏ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှုကို မြှင့်တင် ရန်ရည်ရွယ်သည့် ဆွေးနွေးမှုပြလုပ်ရေးအတွက် ကွမ်တုံပြည်နယ်အုပ်ချုပ်ရေးမှူး နှင့်လည်းတွေ့ဆုံ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်