Friday, June 29, 2012

တရုတ်နိုင်ငံက ဗီယက်နမ်ကင်းလှည့်လေယာဉ်၏ကျူးကျော်ရန်စမှုကို ဆန့်ကျင်ကန့်ကွက်သည်ဟုဆို

Posted by Anonymous Friday, June 29, 2012, under | No comments

တရုတ်နိုင်ငံ၏ Nansha ကျွန်းစုအပေါ် ဗီယက်နမ်မှ လေယာဉ်များ ကကင်းလှည့်မှု ခဲ့မှု၏ ရလဒ်အဖြစ် ဗီယက်နမ် နိုင်ငံ၏ မည်သို့သော စစ်ရေး ရန်စမှုမျိုး ကိုမဆို တရုတ်နိုင်ငံ အနေဖြင့်  ဆန့်ကျင် ကန့်ကွက်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကန်းယန်ချင်းက ဇွန်လ ၂၈ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။ Nansha ကျွန်းစုနှင့် ၎င်း၏ ပတ်ဝန်းကျင် ရေပိုင် နက်များသည် တရုတ် နိုင်ငံ ၏အချုပ် အခြာအာဏာ ပိုင်နက် အတွင်း၌ တည်ရှိသည့် အတွက် မည်သို့သော စစ်ရေးရန်စ မှုမျိုးကိုမဆို ဆန့်ကျင် ကန့်ကွက် ကြောင်းနှင့် တရုတ်စစ်ဘက်သည်

နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အကျိုး စီးပွားများကို ကာကွယ် စောင့်ရှောက်ရန် ရေပိုင်နက်များ အတွင်း၌ ပုံမှန်ကင်းလှည့်မှု စနစ်တစ်ရပ်ကို ထူထောင် ထားခဲ့ကြောင်း ကန်း ကပြောကြားခဲ့ ပါသည်။ တောင်တရုတ် ပင်လယ်အတွင်းရှိ တရုတ်နိုင်ငံ၏ Sansha မြို့အပေါ် ဗီယက်နမ် ကင်းလှည့်လေယာဉ် များဖြတ်ကျော် ပျံသန်းမည် ဆိုပါက တရုတ်တပ်မတော်မှ မည်သို့ လက်တုံ့ပြန် နိုင်ဖွယ်ရှိ၊ မရှိ ဟူသောမေးခွန်းနှင့် ပတ်သက်၍ စစ်ဘက်သည် နိုင်ငံ၏လုံခြုံရေး ကိုထိခိုက် နိုင်သည့် အခြေအနေ တစ်ရပ်နှင့် ရင်ဆိုင်ရပါက သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း များနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကန်း ကပြောကြားခဲ့ပါသည်။ 


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်