Friday, June 29, 2012

အိန္ဒိယနိုင်ငံသည် နီပေါနှင့် ဘူတန်နယ်စပ်ဒေသတစ်လျှောက်တွင် တပ်ဖွဲ့ဝင်များကို ထပ်မံတပ်ဖြန့်ချထားမည်ဟုဆို

Posted by Anonymous Friday, June 29, 2012, under | No comments

အိန္ဒိယနိုင်ငံသည် နီပေါ၊ ဘူတန်နိုင်ငံ တို့နှင့် ထိစပ်နေသော ၎င်း၏ နယ်စပ်ဒေသ တစ်လျှောက်တွင် တပ်ဖွဲ့ဝင် ၈၀၀၀ ကို ဇူလိုင်လတွင် ထပ်မံ တပ်ဖြန့် ချထားသွား မည်ဖြစ်ကြောင်းနှင့် ထိုသို့ လုပ်ဆောင်မှုသည် အဆိုပါနယ်စပ်ဒေသများ၌ ထိထိရောက်ရောက် ကင်းလှည့်နိုင်ရေး အတွက်

 ရည်ရွယ်ကြောင်း နယ်ခြားစောင့် (Special  Service Bureau-SSB) ညွှန်ကြားရေးမှူးချုပ် ပရာနေးဆာဟေး က ဇွန်လ ၂၈ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။ SSB သည် ၁၇၅၁ ကီလိုမီတာ ရှည်သော အိန္ဒိယ-နီပေါနယ်စပ် ဒေသနှင့် ၆၉၉ ကီလိုမီတာ ရှည်သော အိန္ဒိယ-ဘူတန် နယ်စပ် ဒေသများကို ကာကွယ် စောင့်ရှောက်လျက် ရှိပါသည်။ SSB တပ်ဖွဲ့သည် အဆိုပါ နယ်စပ် ဒေသများ၌ နယ်စပ် စခန်းသစ်များ စတင် တည်ဆောက်လျက် ရှိကြောင်း၊ လက်ရှိ အချိန်တွင် အိန္ဒိယ-နီပေါ နယ်စပ်ဒေသ တစ်လျှောက်တွင် နယ်စပ်စခန်း ၄၅၀ ရှိပြီး စခန်းတစ်ခုနှင့်တစ်ခု အကြား အကွာ အဝေးသည် ၄.၅ကီလိုမီတာ ရှိကြောင်း ပရာနေးဆာဟေး ကပြောကြား ခဲ့ပါသည်။ နီပေါနယ်စပ် ဒေသ တစ်လျှောက် အတွက် လုံခြုံရေး ခိုင်မာစေရေး အစီအစဉ်အရ နယ်စပ် စခန်းသစ် ၈၉ ခုအား လာမည့် ၅ နှစ်တာ ကာလအတွင်း ထူထောင် သွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လုပ်ဆောင်မှုသည် စခန်းများအကြား အကွာအဝေး ကို ၃.၄၇ ကီလိုမီတာ သို့လျှော့ချရန် ရည်ရွယ်ပါသည်။ ထို့အပြင် လာမည့် ၅ နှစ်အတွင်း တပ်ရင်းသစ် ၃၆ ရင်းထိ တိုးမြှင့်ရန် အစိုးရက SSB အားခွင့်ပြုပေးခဲ့ရာ စုစုပေါင်း အင်အားသည်၇၃ ရင်းအထိ ရှိလာမည် ဖြစ်ပါသည်။ ပြည်ထဲရေး ၀န်ကြီးဌာနသည် အဆိုပါ နယ်စပ်ဒေသရှိ တပ်ဖွဲ့ဝင်များ လှုပ်ရှား သွားလာရန် အတွက် ယာဉ်သစ်များ အပြင် တပ်ဖွဲ့ဝင်များ အတွက် ညကြည့် မှန်ပြောင်းများ နှင့်ခေတ်မီ ဆက်သွယ်ရေး ကိရိယာ များကို တပ်ဆင် ပေးသွားရန် ခွင့်ပြုခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်