Friday, June 29, 2012

ကမ္ဘောဒီးယားနှင့် ယိုးဒယားနိုင်ငံတို့သည် အငြင်းပွားနေသည့်နယ်စပ်ဒေသမှ တပ်ဖွဲ့ဝင်များရုပ်သိမ်းရေးခြေလှမ်းတစ်ရပ်ကိုစတင်လုပ်ဆောင်ခြင်း

Posted by Anonymous Friday, June 29, 2012, under | No comments

ကမ္ဘောဒီးယား နှင့် ယိုးဒယားနိုင်ငံ တို့သည် ပရဗီဟာ ဘုရားကျောင်အနီး အငြင်းပွား နေသည့် နယ်စပ် ဒေသမှ တပ်ဖွဲ့ဝင်များ ရုပ်သိမ်းရေး ခြေလှမ်း တစ်ရပ်ကို စတင် လုပ်ဆောင် လျက်ရှိကြောင်း နှစ်နိုင်ငံ တာဝန်ရှိသူများက ဇွန်လ ၂၈ ရက်နေ့ တွင် ပြောကြားခဲ့ ပါသည်။ ကမ္ဘောဒီးယား မိုင်းရှင်းလင်းရေး ဌာန (CMAC) နှင့် ယိုးဒယား မိုင်းရှင်းလင်းရေး ဌာန (TMAC) တို့သည် တပ်ဖွဲ့ဝင်များ ရုပ်သိမ်းမှုနှင့် လေ့လာ စောင့်ကြည့် သူများ တပ်ဖြန့် ချထားခြင်းမပြုမီ

အဆိုပါဘုရားကျောင်းအနီး ယာယီစစ်မဲ့ဇုန်တွင် ပူးတွဲ မိုင်းရှင်းလင်းမှု တစ်ရပ် လုပ်ဆောင်ရေး အစီအမံ များနှင့် ပတ်သက်၍ ဇူလိုင်လ တတိယပတ်တွင် ဘန်ကောက်မြို့၌ ဆွေးနွေးမှု တစ်ရပ်ပြုလုပ် သွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေး ၀န်ကြီးဌာန က ပြောကြားခဲ့ပါသည်။ ယာယီစစ်မဲ့ဇုန်မှ စစ်သည်များ ပြန်လည်ရွှေ့ပြောင်း တပ်ဖြန့်ချထားမှုအား CMAC ESihf TMAC တို့က ယာယီစစ်မဲ့ ဇုန်တွင် မိုင်းများရှင်းလင်း ပြီးနောက် ရက်ပေါင်း ၃၀ အတွင်း အကောင် အထည် ဖော်ဆောင်ရွက် သွားမည် ဖြစ်ကြောင်းနှင့် တပ်ဖွဲ့ဝင်များ ပြန်လည် ရွှေ့ပြောင်း တပ်ဖြန့်ချထားမှုအား ပူးတွဲ လေ့လာရေး အဖွဲ့တစ်ဖွဲ့က စောင့်ကြည့်  သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်