Monday, July 16, 2012

ယနေ့ကျင်းပသည့် လွှတ်တော်တွင် မေးခွန်းခြောက်ခုနှင့် အဆိုနှစ်ခု တင်သွင်းမည်

Posted by drmyochit Monday, July 16, 2012, under | No comments

နေပြည်တော်၊ဇူလိုင်-၁၆

ယနေ့ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုထ္ထပုံမှန်အစည်းအဝေး န၀မမြောက်နေ့တွင် မေးခွန်းခြောက်ခုနှင့် အဆိုနှစ်ခု တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။

မေးခွန်းခြောက်ခုတွင် တောင်ဒဂုံမြို့နယ် မဲဆန္ဒနယ်မှ ဒေါ်စုစုလှိုင်က လယ်သမားများ လယ်ယာမြေပြန်လုပ်ခွင့်ပြုရန်နှင့် စပ်လျင်းသည့်မေးခွန်း၊ဦးတင်မောင်ဦး ရွှေပြည်သာ မဲဆန္ဒနယ်မှ နိုင်ငံ၏ စားနပ်ရိက္ခာ စီမံခန့်ခွဲမှုဆိုင်ရာ မေးခွန်း၊လသာ
မဲဆန္ဒနယ်မှ ဦးကြီးမြင့်က စရိတ်မျှပေး ကျန်းမာရေး စနစ်နှင့် စပ်လျင်းသည့် မေးခွန်း၊ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဒေါက်တာ နေလင်းက ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှင့် ငါးနှစ်အောက်ကလေး သေဆုံးမှုနှင့် စပ်လျင်းသည့်မေးခွန်း အစရှိသည့်
မေးခွန်းများအား မေးမြန်းကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုနှစ်ခုမှာ ဘုတလင် မဲဆန္ဒနယ်မှ ဦးသန်းနွယ်က ပတ်ဝန်းကျင်ထိန်းသိမ်းနှင့် စပ်လျင်းသည့်အဆိုနှင့် မြောက်ဥက္ကလာ မဲဆန္ဒနယ်မှ ဒေါက်တာ သန်းဝင်းက ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ကော်မရှင်တစ်ရပ်ဖွဲ့
ယဉ်ကျေးမှုမြှင့်တင်ရေး စီမံချက်ချလုပ်ဆောင်ရန်နှင့် စပ်လျင်းသည့် အဆိုများအား တင်သွင်းကြမည်ဖြစ်သည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်သည် နေ့တ၀က်သာကျင်းပမည်ဖြစ်ပြီး နေ့လည် ၁ နာရီတွင် ပြည်ထောင်စုလွှတ်တော်ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။ယနေ့ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် ဒုတိယသမ္မတအသစ်အား အတည်ပြုခန့်အပ်ဖွယ်ရှိပြီး ကျန်းသစ္စာကျိန်ဆိုခြင်းပါပြုလုပ်ဖွယ်ရှိသည်ဟု ခန့်မှန်းကြသည်။

7Day News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်