Monday, July 16, 2012

ဆွေးနွေးပွဲနီးရင် ပိုကြောက်နေတဲ့သူများ . . .

Posted by drmyochit Monday, July 16, 2012, under | No comments

ကချင်ပြည်နယ်ငြိမ်းချမ်းရေးရရှိဖို့ အသစ်ပြန်လည်ဖွဲ့စည်းခဲ့တဲ့ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ KIA ကချင်လက်နက်ကိုင်အဖွဲ့တို့ အလွတ်သဘောဆွေးနွေးခဲ့တာ (၃)ကြိမ်ရှိခဲ့ပါပြီ။ သို့သော် လည်း နှစ်ဖက်အပစ် အခတ်ရပ်စဲရေးအတွက် ရေရာတဲ့အဖြေမရရှိသေးတဲ့အပြင် ဆွေးနွေးပွဲနီးရင် စစ်တပ် က စခန်းတွေကို ခဏခဏသွား ပစ်ခိုင်းနေလို့ KIA တပ်ဖွဲ့ဝင်များအကြား ဘာဆက် လုပ်ရမည်ကို ဝေခွဲ၍မရကြောင်း ကြားသိရပါတယ်။ လဂျားယန်အပေါ်ကုန်းမှာနေရတဲ့ KIA တပ်ကြပ် ကြီးတစ်ဦးကတော့ `` မိုင်ဂျာယန်မှာ ဆွေးနွေးပွဲ လုပ်တော့မယ် ဆိုရင် ကျွန်တော်တို့ အဖွဲ့တွေဆီ လှမ်းပြောတယ်။ အစည်းအဝေးလုပ်တော့မယ် ဆိုတဲ့အကြောင်းပေါ့၊ တစ်ပတ် လောက် ကြိုပြောတယ်၊ လွယ်ဂျယ်လမ်းကြောင်းပေါ်မှာ ဆွေးနွေးမဲ့အဖွဲ့တွေလာရင် မပစ်ဖို့ မခတ်ဖို့ပေါ့၊

ဒါပေမဲ့ ၃/၄ ရက်အလိုလောက်ကျရင် ကျွန်တော်တို့ကို စစ်တပ်ကိုသွားပစ်ခိုင်းတယ်၊ မှတ်မှတ်ရရဗျာ မေလ ၂၈ ရက်လောက်မှာ လဂျားယန်ရယ်၊ နားလုံရယ်၊ နန်ပေါင်ရယ် တစ်နေကုန်ပစ်ခိုင်းတယ်။ စစ်တပ်က လက်နက်အကြီးကြီးတွေ ပြန်မပစ် မချင်း တောက်လျှောက် ပစ်ခိုင်းတယ်၊ ကံကောင်း လို့မသေ တာဗျာ၊ နောက်တစ်ခါလည်း ဒီလိုပဲဗျ . . ဇွန်လ ၂၀ ရက်နေ့ မိုင်ဂျာယန်ဘက်မှာ လူကြီးတွေေ ဆွးနွေးမယ်ပြောတယ်။ ၁၆ရက်နေ့ညကျတော့ ကျွန်တော်တို့ကို အလုပ် ခိုင်းတယ်လေ၊ ၁၇/၁၈ နှစ် ရက်ဆက်တိုက်ဘဲ ထမင်းတောင် ငတ်တယ်။ ဘာဖြစ်လို့ပစ်ခိုင်း တာလဲလို့ ဗိုလ်ကြီးကို မေးကြည့်တော့ . . ဆွေးနွေးပွဲကျရင် စစ်တပ်က လက်နက် အကြီးကြီးတွေပစ် ပါတယ် လို့ ပြောလို့ရအောင် လို့ကွာ လို့ ပြန်ပြောတယ်၊ ကျွန်တော်တို့တော့ တော်တော်လေးအံ့သြနေပြီ၊ နောက်တစ်ခါဆွေးနွေးတော့မယ်ဆိုရင် ဘယ်ကို သွားပစ်ခိုင်းအုံးမလဲ မသိဘူး ´´ လို့ပြောဆိုလာ ပါတယ်။

Myanmar Express

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်