Monday, July 16, 2012

ထိုင်းနယ်စပ် တိုက်ခိုက်မှုအတွင်း မူးယစ်မှောင်ခို ၈ ဦးသေဆုံး

Posted by drmyochit Monday, July 16, 2012, under | No comments


ထိုင်းနိုင်ငံနယ်စပ်တွင် ယနေ့နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သော မူးယစ်ဆေးဝါး မှောင်ခိုသမားနှင့် ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွင် မူးယစ်ဆေးဝါးမှောင်ခိုသမား ၈ ဦးသေဆုံးသွားကြောင်း ထိုင်းစစ်တပ်အရာရှိတစ်ဦးဖြစ်သူ Somsak Nilbanjerdkul ကပြောကြားသည်။ လက်နက်ကိုင်အုပ်စုတစ်စုသည် မူးယစ်ဆေးဝါးများ မှောင်ခိုသယ်ဆောင်လျက် အိမ်နီးချင်းနိုင်ငံတစ်ခုမှ ထိုင်းနိုင်ငံမြောက်ပိုင်း နယ်စပ်ကိုဖြတ်ကျော်ဝင်ရောက်လာမည်ဟု ကြိုတင်သတင်းရရှိခဲ့ကြေင်း ၎င်းက ဆက်လက်ပြောကြားသည်။



စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင် ၅၀ ကျော်ပါဝင်သည့် အဖွဲ့နှင့် အဆိုပါမူးယစ်မှောင်ခိုတို့ ထိပ်တိုက်တွေ့ကာ တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဒေသစံတော်ချိန် ယနေ့နံနက် ၅း၃၀ ခန့်တွင် လက်နက်များ ကိုင်ဆောင်ထားသော လူ ၁၂ ဦးပါဝင်သည့် အဖွဲ့တစ်ဖွဲ့အား ခြေရာခံမိခဲ့ပြီးနောက် ၎င်းတို့အား ဝိုင်းပ တ်ပိတ်ဆို့ကာ အဖမ်းခံ ရှာဖွေရန် ပြောကြားခဲ့သော်လည်း ငြင်းဆန်ခဲ့ပြီးနောက် ၁၅ မိနစ်ကြာ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

ချင်းရိုင်းမြို့(Chiang Rai) အတွင်း မယ်ဆိုင်(Mae Sai) တွင် ဖြစ်ပွားခဲ့သော အဆိုပါဖြစ်ရပ်တွင် သေဆုံးသူ မူးယစ်မှောင်ခို ၈ ဦးနှင့်အတူ မက်သ်ဖီတမင်း (methamphetamine) ခေါ် ရာဘ (yaba) ဆေးပြား ၅၅၀,၀၀၀၊ မက်သ်ဖီတမင်း ဆေးပြားမလုပ်ရသေးသော crystal methamphetamine ခေါ် ice ကီလိုဂရမ် ၇၀ ကို သိမ်းဆည်းရမိပြီး တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ သန်း ၅၀၀ ကျော်ရှိကြောင်း သိရှိရသည်။ သေဆုံးသူများထံမှ ရိုင်ဖယ်သေနတ် ၃ လက်၊ ပွိုင့်တူးတူးပစ္စတို တစ်လက်တို့ကိုလည်း တွေ့ရှိကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားကြောင်း Bangkok Post တွင် ဖော်ပြသည်။

From : planet

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်