
ယနေ
့ဇူလိုင်လ ၁၅ ရက်နေ့  ညနေ ၆ နာရီ ၅ မိနစ်ခန့် တွင် ရန်ကုန်မြို
့ကုန်သည်လမ်းနှင့်ပန်းဆိုးလမ်းထောင့် ရှိ အိန္ဒိယ သံရုံး အပေါ်ဆုံးထပ်တွင်
မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
အိန္ဒိယ သံရုံး (၃)လွှာ ဗီဇာဌာနစိတ်ရှိ ကွန်ပျူတာဆာဗာအတွက်တပ်ဆင်ထားသော
အင်ဗာတာ အပူလွန်ကဲရာမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး၊ ကွန်ပျူတာ ၃ လုံး၊
အဲယားကွန်း၊ စာရွက်စာတန်းအချို့၊ ပရိဘောဂပစ္စည်းအချို့နှင့်
ဝိုင်ယာကြိုးအချို့ မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။
ယခုမီးလောင်မှုကို
မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် ၈ စီးထက်မနည်းဖြင့်
ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသောကြောင့် မီးစတင်လောငကျွမ်းပြီး မကြာမီတွင်ပင်
မီးကိုငြိမ်းသတ်နိုင်ခဲ့ကာ အခြားနေရာများသို့
မီးဆက်လက်ကူးစက်ခြင်းမရှိခဲ့ကြောင်းသိရသည်။





ရန်ကုန်မြို့
ကုန်သည်လမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်အနီးရှိ မြန်မာနိုင်ငံဆိုင်ရာ
အိန္ဒိယသံရုံး အပေါ်ဆုံးထပ်၌ မီးလောင်ကျွမ်းမှုမှာ ညနေ ၆ နာရီအချိန်က
စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ညနေ ၆ နာရီ ၃၀ မိနစ်အချိန်တွင်
မီးငြိမ်းသွားခဲ့ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ
မြို့နယ်မီးသတ်စခန်းများမှ မီးသတ်ကား ၁၆ စင်းဖြင့်
ငြိမ်းသတ်ခဲ့ကြောင်းသိရသည်။ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်သော
အသေးစိတ်အချက်အလက်များ၊ ပျက်စီးဆုံးရှုံးမှုများကို တရားဝင်
သတင်းထုတ်ပြန်ခြင်းမရှိသေးပဲ မီးလောင်ကျွမ်းမှုသည် ဝိုင်ယာရှောခ့်ကြောင့်
ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာ၌ ရှိနေသော
မီးသတ်ဝန်ထမ်းတစ်ဦးက ပြောပါသည်။
အဆိုပါ
အိန္ဒိယသံရုံးရှိ အဆောက်အအုံဧ။် တတိယအထပ်မှ စတင်မီးလောင်မှု
ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကုန်သည်လမ်းမကြီးဘေးရှိ မျက်မြင်များ
ဧ။်ပြောကြားချက် အရသိရသည်။ "ဘယ်ကစပြီးတော့ လောင်တယ်ဆိုတာ မသိရှိရသေးပါဘူး
အခုမီးငြိမ်းသွားတဲ့အတွက် စစ်ဆေးမှုတွေပြုလုပ်နေပါတယ်" ဟု ယင်းအိန္ဒိယ
သံရုံးမီးလောင်မှုတွင် ပါဝင်သည့် မီးသတ်တပ်ဖွဲ့မှ
အဆင့်မြင့်အရာရှိကြီးတစ်ဦးကပြောကြားသည်။ ယင်းမီးလောင်မှုသည့် ညနေ ၆နာရီ ၅
မိနစ်ခန့်တွင်စတင်လောင်ကျွမ်းခြင်း ဖြစ်ပြီး ၆ နာရီ ၃၀ မိနစ်တွင်
မီးငြိမ်းသွားကြောင်း ယင်းကဆက်လက်ပြောကြားသည်။
အဆိုပါ အိန္ဒိယ
သံရုံးမီးလောင်မှုကြောင့် ကုန်သည်လမ်းမကြီးကို အချိန် ၁ နာရီခန့်
လမ်းပိတ်ထားပြီးနောက် ပြန်လည်ဖွင့်ပေးခဲ့ကြောင်းသိရသည်။
"၆
နာရီကျော်လောက်က အဲဒီသံရုံးရဲ့ အလံတိုင်နားပြတင်းပေါက်က
မီးခိုးတွေထွက်လာတာတွေ့ရတယ်" ဟု အဆိုပါမီးလောင်မှုကို မြင်တွေ့ခဲ့သည့်
ကုန်သည်လမ်းမပေါ်တွင် ဈေးရောင်းချသည့် အသက်၃၀ခန့် အရွယ်ရှိ
အမျိုးသားတစ်ဦးက ပြောသည်။


Myanmar Express
Monday, July 16, 2012
ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံး မီးလောင်
Posted by drmyochit
Monday, July 16, 2012, under ဓါတ်ပုံသတင်း | No comments
Time in Rangoon

0 comments:
Post a Comment