Saturday, August 11, 2012

လွှတ်တော်ပြင်ပ တွင်ညှိုနှိုင်းအဖြေရှာရန် ဒီချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ပါတီများ မှ လွှတ်တော်ကိုယ်စားလှယ်များ နှစ်ပတ် တစ်ကြိမ်တွေ့ဆုံမည်

Posted by drmyochit Saturday, August 11, 2012, under | No comments



From -YagonMedaiGroup

နိုင်ငံတော် တိုးတက်ရေး ကိုဆောင်ရွက်ရာတွင် လွှတ်တော်ပြင်ပတွင်ပူးပေါင်း ဆောင်ရွက်နိုင်ရန် ဒီချုပ်အဖွဲ့ ဥက္ကဌနှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များနှင့် နှစ်ပတ်တစ်ကြိမ် တင်္နလာနေ့ တိုင်း တွေ့ဆုံ ဆွေးနွေးသွား မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကဩဂုတ် (၆)ရက်နေ့ကတိုင်း ရင်းသား ပါတီအသီးသီး မှလွှတ်တော်များ နှင့်ပထမဆုံး အကြိမ်တွေ့ဆုံသော အစည်းအဝေး တွင် ပြောကြား ခဲ့ကြောင်းသိရသည်။ထိုသို့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌဒေါ်အောင် ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် များနှင့် တွေ့ဆုံ ဆွေးနွေးကြရာ တွင် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီ (တ.စ.ည) နှင့်ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ တိုင်းရင်းသားလွှတ် တော်ကိုယ်စား လှယ်များ ပါပူးပေါင်းပါ ဝင်ရန်ဖိတ်ခေါ်ကြောင်း ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေး နွေးပွဲကို လွှတ်တော် ကိုယ်စားလှယ် များတည်းခိုရာ စည်ပင်ဧည့်ရိပ်သာ အစည်းအဝေး ခန်းမတွင် နှစ်ပတ် တစ်ကြိမ်တင်္နလာနေ့ညနေတိုင်းပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ထိုဆွေး နွေး ပွဲတွင် တိုင်းရင်းသားများနှင့် အချို့ကိစ္စရပ်များ တွင် ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ၊လွှတ်တော်ထဲ တွင် ဆောင် ရွက်ရန် ကိစ္စရပ်များကို အချိန်မကြာမြင့်စေ ရန် လွှတ်တော်ပြင်ပတွင် စောလျှင် စွာဆွေးနွေး ညှိုနှိုင်းပြီးမှ လွှတ် တော် တွင်တင်ပြသွားရန်၊ဒီမိုကရေစီနိုင်ငံ များတွင် ကျင့်သုံး သည့် လွှတ်တော် ပြင်ပတွင် တွေ့ဆုံဆွေးနွေးအဖြေရှာ ပြီး ပိုမိုပြည့်စုံ၊ထိရောက်သောဆွေး နွေးမှုများကို လွှတ်တော် တွင်ကျယ် ပြန့်စွာကျင့်သုံးသွား နိုင်ရန်ရည်ရွယ်ပြီး ထိုသို့ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် များ နှင့်တွေ့ဆုံခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဦးမင်းသူ ထံမှသိရသည်။

''လွှတ်တော်ထဲမှာ ၄ဝရာ ခိုင်နှုန်းလောက်ပဲလုပ်ပြီး လွှတ်တော် ပြင်ပမှာ၆ဝရာခိုင်နှုန်းလောက်ပြီး မြောက်အောင် လုပ်ဆောင်သွားကြ ဖို့ပါ။လွှတ်တော်ပြင်ပမှာ အားလုံး ပွင့်ပွင့်လင်းလင်း ဆွေးနွေး အဖြေရှာ ကြပြီး လွှတ်တော်ထဲမှာ ထိထိ ရောက်ရောက်တင်ပြဆွေးနွေးသွား ကြဖို့နဲ့တိုင်းပြည် အတွက် အားလုံးပူး ပေါင်းဆောင်ရွက်သွားကြဖို့ အန်တီ ကပြော ခဲ့တယ်။နောက်ပြီး တ.စ.ည နဲ့ ပြည်ခိုင်ဖြိုး ပါတီက တိုင်းရင်းသား ကိုယ်စားလှယ်တွေ ကိုလည်း ပူးပေါင်း ဆောင်ရွက်ဖို့ပါဝင်စေချင် တယ်လို့ အန်တီက ပြောခဲ့တယ်''ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမင်းသူကဆိုသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ရှမ်းတိုင်းရင်း သားများဒီမိုကရက်တစ် ပါတီမှပြည် သူ့ လွှတ်တော် ကိုယ် စားလှယ် ဦးစိုင်းမောင်တင်က''တောင်ပေါ်ဒေသတွေက တိုင်းရင်းသား တွေကိုအားလုံး ပါဝင်စေချင်တယ်။ ဒါကြောင့် တ.စ. ညရော၊ပြည်ခိုင်ဖြိုးက တိုင်းရင်းသား ကိုယ်စားလှယ် တွေကို ဖိတ်ခေါ်ချင် တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ အဲဒီမှာဒေါ်အောင်ဆန်းစုကြည် ကတော့ ရခိုင် အရေးမှာဆိုလည်း ရခိုင်တိုင်းရင်းသား တွေသာမက တိုင်းရင်းသားအားလုံး ကဆွေး နွေးသွားဖို့နဲ့ပါဝင်ဆွေးနွေးသွားဖို့ ပြောတယ်။တိုင်းရင်းသားပါတီတွေ ဘက်ကလည်း ပွင့်ပွင့်လင်းလင်း ဆွေး နွေးခဲ့ကြတယ်''ဟုဆိုသည်။
ထိုသို့ပင်ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာအေးမောင်က''တိုင်းရင်း သားတွေ အားလုံးတန်း တူညီမျှအခွင့် အရေးရှိဖို့ သူမအနေနဲ့လိုလားတယ် လို့ပြောတယ်။နောက်ပြီး ဖွဲ့စည်းပုံအ ခြေခံဥပဒေပြင်ဆင်ရေးကို ဘယ် လိုချဉ်းကပ်မလဲဆိုတာ၊လွှတ်တော် တွင်း၊လွှတ်တော်ပြင်ပ ကိစ္စရပ်တွေ ကိုနှစ်ပတ်တစ်ကြိမ်ဆွေးနွေးအဖြေ ရှာသွား မယ်ဆိုတာတွေဆွေးနွေးခဲ့ ကြတယ်။ ကျွန်တော်တို့ တိုင်းရင်းသား ပါတီတွေအနေနဲ့ နိုင်ငံရေးလမ်းကြောင်း ကိုအား လုံးနဲ့ညီညီညွှတ် ညွှတ်သွား ကြဖို့နဲ့တတိယ အင်အားစုအနေနဲ့ ဘယ်အင်အားစုပါတီကြီးတွေနဲ့မှမ ပူးပေါင်းပဲကြား ခံအနေ ဖြင့်သာ ဆက်လက်ရပ်တည်သွား မှာဖြစ်တယ် အတွက် ကောင်းတာတွေကိုညှိုနှိုင်းဆောင် ရွက်သွား ကြမယ်''ဟုဆိုသည်။

အဆိုပါဆွေးနွေးပွဲတွင် အမျိုးသားလွှတ်တော်နှင့်ပြည်သူ့ လွှတ်တော်များတွင်တက်ရောက် နေကြသည့် တိုင်းရင်းသား ပါတီများ ဖြစ်သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ်ဒီမိုက ရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းတိုးတက်ရေးပါ တီ၊ချင်း အမျိုးသားပါတီ၊ ပအိုဝ်း အမျိုး သားအဖွဲ့ချုပ်၊ ကယန်းအမျိုးသားပါ တီ၊ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ၊ လားဟူ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုး တက်ရေးပါတီ၊''၀''ဒီမိုကရက်တစ်ပါတီ၊ကရင်ပြည်နယ်ဒီမိုက ရေစီနှင့်ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊တိုင်း ရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီစသည့်တိုင်းရင်းသားပါတီများ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်