Saturday, August 11, 2012

သောင်းရင်းမြစ်ရေလျှံ၍ထိုင်းမြန်မာ ၁၀၀၀ကျော်ေ ရဘေးတိမ်းရှောင် နှစ်ဘက်န ယ်စပ်ကုန်သွ ယ်ရေးလုပ်ငန်း များရပ်ဆိုင်း

Posted by drmyochit Saturday, August 11, 2012, under | No comments


မဲဆောက်၊သြဂုတ် ၁၀
 
ရက်သတ္တ ၃ ပတ်ကြာမိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ယနေ့နံနက်ကစတင်ကာ ထိုင်း-မြန်မာနယ် ခြားသောင်ရင်းမြစ်ရေလျှံခဲ့ပြီး မြစ်အနီးနေထိုင်ကြသည့်ထိုင်းနှင့်မြန်မာလူဦးရေ ၁၀၀၀ ခန့် ရေဘေးလွတ် ရာသို့တိမ်းရှောင်ခဲ့ရပြီး နှစ်ဘက်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများရပ်ဆိုင်းထားရသည်။မြစ်ရေကြီးမှုကြောင့် မြ၀တီမြို့ ရှိအမှတ် ၁-၂-၃-၅ ရက်ကွက်များရှိပြည်သူအချို့ သောင်ရင်းမြစ်ရေလျှံ၍ ထိုင်းနှင့်မြန်မာလူဦးရေ ၁၀၀၀ ခန့် ရေဘေး လွတ်ရာသို့တိမ်းရှောင် ရေဘေးလွတ်ရာသို့တိမ်းရှောင်ခဲ့ရ
ပြီး ရေဘေးဒုက္ခသည်များအတွက် ခရိုင်တာဝန်ရှိသူများက အမှတ် ၂ ရပ်ကွက်နှင့်အမှတ် ၃ ရပ်ကွက်ရှိ ဓမ္မာရုံ ၂ ခုကို ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားပြီး ဆန်နှင့်ရိက္ခာခြောက်များဝေငှပေး သည်ဟု ရေဘေးဒဏ် ခံရသူကို သန်းဦးကပြောသည်။ထိုင်းဘက်ရှိဟွေ့မုတ်နှင့်ထာ့အာ
ရွာများတွင် မြစ်ရေလျှံမှုကြောင့် ရွာသားအချို့ဘေးလွတ်ရာတိမ်းရှောင်ခဲ့ပြီး မြန်မာဘက်တင်ပို့မည့် ထိုင်းကုန်စည် များထားသည့် ဂို ဒေါင်အချို့မြစ်ရေ၀င်ရောက်ခဲ့သဖြင့် ဆုံးရှုံးမှုအချို့ရှိသည်ဟု အမှတ် ၂ လှေဆိပ်မှ ကုန်စည်ပို့ဆောင် ရေးမန်နေဂျာနိုင်ဆူချိုင်းကပြောသည်။
 ၎င်းက”ရေကြီးတော့ဘာမှလုပ်လို့မရတော့ဘူး ဂိုဒေါင်ထဲကပစ္စည်းတွေကိုဘဲ ရေဘေးလွတ်အောင်လုပ်နေရတယ် ဗမာပ စ္စည်း ထိုင်းပစ္စည်းဘာမှပို့လို့မရတော့ဘူး ရေကျမှဘဲအလုပ်ပြန်လုပ်လို့ရမယ်”ဟုပြောသည်။ ထိုင်းကုန်သည် ကြီးများ အသင်းက မြ၀တီတွင်ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ကုန်များကို သွား ရောက် လှူဒါန်းရန် ပစ္စည်းများထုတ်ပိုးနေသည်ဟု အဖွဲ့တာဝန်ရှိသူနိုင်ဝစ်ချိုင်းကပြောသည်။

ယခင်နှစ်ကအလားတူမြစ်ရေးကြီးမှု နှစ်ကြိမ်ဖြစ်ပွားခဲ့သောကြောင့် မြ၀တီဘက်တွင် ယာယီကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ခဲ့ရပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများလည်းရပ်နားခဲ့ရသည်။ မြ၀တီမြို့သည် အနောက်မှအရှေ့ ၃ မိုင် မြောက်မှတောင် ၇၃ မိုင်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၆၅၀တွင်တည်ရှိပြီး ရပ်ကွက် ၅ ရပ်ကွက် ကျေးရွာအုပ်စု ၁၅ ခု နှင့် ကျေးရွာပေါင်း ၅၀ ရှိသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်