Saturday, August 11, 2012

Chip ကတ်များ စတင်သုံးစွဲ နိုင်တော့မည်

Posted by drmyochit Saturday, August 11, 2012, under | No comments


From:.MRTV4
Myanmar Payment Union စနစ်မှာ အသုံးပြုမယ့် Chip ကတ်တွေကို စက်တင်ဘာ လပိုင်း လောက်မှာ အများပြည်သူတွေ စတင် အသုံးပြုနိုင် တော့မှာ ဖြစ်တယ်လို့ သမ၀ါယမ ဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလက်ရှိ မှာတော့ အဆိုပါ MPU စနစ်နဲ့အသုံးပြု နိုင်မယ့် Chip ကတ်တွေကို သက်ဆိုင်ရာ ဘဏ်တွေ အချင်းချင်း ၁ လကြာ စမ်းသပ် အသုံးပြုနေတာ ဖြစ်ပါတယ်။
အဆိုပါ စမ်းသပ် ကာလတွေ ကတော့ လာမယ့် သြဂုတ်လ ၁၆ ရက်နေ့မှာ ပြီးစီးတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို စမ်းသပ် ထားတဲ့ MPU စနစ်မှာ အသုံးပြုရမယ့် Chip ကတ်တွေဟာ လက်ရှိမှာ လူထု အကြား အသုံးပြုနေတဲ့ ATM ကတ်တွေထက် ပိုမိုပြီး လုံခြုံစိတ်ချ ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြောင်းလဲ အသုံးပြုမယ့် MPU စနစ်နဲ့ Chip ကတ်တွေဟာ ဘဏ်အသီးသီးက ချပေးထားတဲ့ ATM စက်တွေ တိုင်းမှာ ငွေသား ထုတ်ယူနိုင်မှာ ဖြစ်တဲ့အတွက် ဘဏ်အလိုက် ကတ်တွေ ခွဲခြား အသုံးပြုဖို့မလိုအပ်ဘူးလို့ သိရပါတယ်။ အဲ့ဒီလို MPU စနစ်မှာ အသုံးပြု ရမယ့် Chip ကတ်တွေ ကိုတော့ လက်ရှိမှာ ပြည်ပနိုင်ငံ တွေက မှာယူ ထားတာ ဖြစ်ပါတယ်။ ဒီလို မှာယူထား ရာမှာတော့ Chip ကတ် တစ်ခုကို အမေရိကန် ဒေါ်လာ ၄ ဒေါ်လာနှုန်းနဲ့ ၀ယ်ယူရ တယ်လို့ သတင်း ရရှိပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်