Saturday, August 11, 2012

ဖိလစ်ပိုင်ရေတပ်သည် စပရက်တလီကျွန်းစုမှ တရုတ်ငါးဖမ်းသင်္ဘော ၂ဝ စီးကို မောင်းထုတ် သွားမည်ဟုဆို

Posted by drmyochit Saturday, August 11, 2012, under | No comments


 
ဖိလစ်ပိုင် ရေတပ် သင်္ဘောများသည် နိုင်ငံ၏ရေပိုင်နက် အတွင်းရှိ တရုတ်ငါးဖမ်း သင်္ဘောများအား ထွက်ခွာသွားရေး အသိပေးရန်အတွက် စပရက်တလီကျွန်းစုသို့သွားရောက်ရန်အသင့်
ရှိကြောင်း ဖိလစ်ပိုင် အနောက်ပိုင်းရေတပ်ဖွဲ့အကြီးအကဲ ရေတပ်ဗိုလ်မှူးချုပ် ရတ်စတွန်ပီနာက ဇူလိုင်လ ၂၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ တရုတ်ငါးဖမ်းသင်္ဘော ၂ဝ စီးသည် ဖိလစ်ပိုင်နိုင်ငံ ပါလာဝမ်ပြည်နယ် ပူအာတိုပရင်စီဆာ မြို့မှ ရေမိုင် ၂၄ဝ ခန့်အကွာ၊ စပရက်တလီကျွန်းစုရှိ ဖိလစ်ပိုင်နိုင်ငံကသိမ်းပိုက်ထားသည့် ကျွန်းကြီး ၉ ကျွန်းတွင် အကြီးဆုံးဖြစ်သည့် Pagasa ကျွန်းမှ ရေမိုင် ၅ မိုင်ခန့်အကွာသို့ရောက်ရှိနေသဖြင့် ၎င်းတို့အား စောင့်ကြည့်လျက်ရှိကြောင်း ရေတပ်ဗိုလ်မှူးချုပ်ပီနာကပြောကြားခဲ့ပါသည်။ ရေတပ်အနေဖြင့် အဆိုပါ ကိစ္စရပ်အား ချက်ချင်းစုံစမ်း စစ်ဆေး သွားမည်ဖြစ်ပြီး အကြောင်းအချက်ခိုင်လုံပါက ဖိလစ်ပိုင်ရေပိုင်နက် အတွင်းမှထွက်ခွာသွားရေး အဆိုပါ တရုတ်ငါး ဖမ်းသင်္ဘော ၂ဝ စီးကို အသိပေးအကြောင်းကြား သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင် ရေတပ်သင်္ဘောများ အနေဖြင့် ရာသီဥတု အခြေအနေဆိုးရွားမှုကြောင့် တရုတ်ငါးဖမ်းသင်္ဘောများ တည်ရှိနေ သည့်နေရာသို့ ချက်ချင်းသွားရောက် နိုင်ခြင်းမရှိကြောင်း၊ သို့ရာတွင် ရာသီဥတုအခြေအနေကောင်းမွန် သည်နှင့် တစ်ပြိုင်နက် အနောက်ဖိလစ်ပိုင် ပင်လယ်သို့ သွားရောက်မည်ဖြစ်ကြောင်း ၎င်းကထပ်လောင်းပြောကြား ခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်