Friday, September 28, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် အား လက်ခံတွေ့ဆုံ

Posted by drmyochit Friday, September 28, 2012, under | No comments



အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် ရောက်ရှိနေသော ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာ (၂၆) ရက် ညနေ (၅) နာရီ မိနစ် (၅၀) တွင် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီကလင်တန်အား ခေတ္တ တည်းခိုသည့် နယူးယောက်မြို့ရှိ The Mark ဟိုတယ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးခင်ရီ၊ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြပြီး အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ် လည်း တက်ရောက်သည်။

တွေ့ဆုံရာတွင် မစ္စ ဟီလာရီကလင်တန်က နိုင်ငံတော်သမ္မတကြီး ဦးဆောင်သော မြန်မာအစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများကို ထောက်ခံကြိုဆိုသော အားဖြင့် မြန်မာနိုင်ငံမှ ထုတ်ကုန်ပစ္စည်းများအား အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းမှု ပိတ်ပင်ထားခြင်းကို အမေရိကန်အစိုးရက ရုပ်သိမ်းပေးတော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

From: Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်