Friday, September 28, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စုရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံး၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများအား တွေ့ဆုံ သြဝါဒ စကား ပြောကြား

Posted by drmyochit Friday, September 28, 2012, under | No comments


နေပြည်တော် စက်တင်ဘာ ၂၇

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာ (၂၆) ရက် ည(၇) နာရီတွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံး၌ အဆိုပါ အဖွဲ့ရုံးမှ ဝန်ထမ်းများ၊ ဝါရှင်တန်မြို့ရှိ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများအား တွေ့ဆုံ သြဝါဒစကား ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး၊ ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်တင်၊ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသန်းဆွေ၊ စစ်သံမှူး ဗိုလ်မှူးကြီး မြင့်သိန်းနှင့် အဆိုပါ ရုံးများမှ ဝန်ထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတအား မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ သံရုံးနှင့် စစ်သံရုံးများမှ ဝန်ထမ်းများက မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ ဂါရဝပြု ကန်တော့ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ဝန်ထမ်းများအား သြဝါဒစကား ပြောကြားပြီး သံအမတ်ကြီးများနှင့် စစ်သံမှူးတို့အား အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံး၊ သံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့်အတူ မှတ်တမ်းတင် ဓါတ်ပုံရိုက်သည်။

From: Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်