Friday, September 28, 2012

ဖားကန့်မြို့နယ်တွင် နယ်မြေအခြေအနေ မအေးချမ်းမှုကြောင့် အခြားမြို့ရွာများသို့ ပြောင်းရွှေ့ပညာသင်ယူရန် ကျောင်းပြောင်းလက်မှတ်ထုတ်ယူသော ကျောင်းသားဦးရေ ၅၀၀ ကျော်ရှိလာ

Posted by drmyochit Friday, September 28, 2012, under | No comments

Photo: ဖားကန့်မြို့နယ်တွင် နယ်မြေအခြေအနေ မအေးချမ်းမှုကြောင့် အခြားမြို့ရွာများသို့ ပြောင်းရွှေ့ပညာသင်ယူရန် ကျောင်းပြောင်းလက်မှတ်ထုတ်ယူသော ကျောင်းသားဦးရေ ၅၀၀ ကျော်ရှိလာ  

28 September 2012 00:41 (Eleven)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် နယ်မြေအခြေအနေ မအေးချမ်းမှုကြောင့် အခြားမြို့ရွာများသို့ ပြောင်းရွှေ့ပညာသင်ကြားရန် ကျောင်းပြောင်းလက်မှတ်ထုတ်ယူသော ကျောင်းသားဦးရေ ၅၀၀ ကျော်ရှိလာကြောင်း သတင်းရရှိပါသည်။

''အခုဆိုရင် မြို့နယ်ကနေ တရားဝင် ကျောင်းပြောင်းလက်မှတ် ထုတ်ယူသွားတာ ၅၀၀ကျော်ရှိပြီ။ ကျောင်းပြောင်းလက်မှတ်မပါဘဲ ငြိမ်းချမ်းတဲ့ဒေသတွေမှာ ကျောင်းတက်နေတဲ့ ကလေးတွေရောဆိုရင် အရေအတွက် အတော်များပါတယ်။ ကျောင်းမတက်ရတဲ့ ကလေးမရှိအောင် ဒေသခံ ကူညီရေးအဖွဲ့အစည်းတွေနဲ့ပေါင်းပြီး ဆောင်ရွက်နေပါတယ်''ဟု ဖားကန့်မြို့နယ် ပညာရေးမှူး ဦးမိုးဦးက ပြောကြားခဲ့သည်။

ဖားကန့်မြို့နယ်အတွင်း အထက်တန်းကျောင်းပေါင်း ခုနစ်ကျောင်း၊ အလယ်တန်းကျောင်း ၁၁ ကျောင်း၊ မူလတန်းကျောင်း ၇၀ ရှိကာ မူလစာရင်းရှိ ကျောင်းသားကျောင်းသူဦး ရေ ၃၅၃၁၉ ဦးရှိကြောင်း သိရှိရသည်။

သြဂုတ်လ ၂၇ ရက်မှ စက်တင်ဘာ ၂၄ ရက်နေ့အထိ ဒေသမအေးချမ်းမှုကြောင့် မဖွင့်လှစ်နိုင်သော စာသင်ကျောင်းပေါင်း ရှစ်ကျောင်းရှိကာ ကျောင်းသားဦးရေ ၂၀၀၀ နီးပါးမှာ ဖားကန့်နှင့် အနီးဝန်းကျင်ရှိ စာသင်ကျောင်းများတွင် ပညာသင်ကြား နေကြရကြောင်း သိရသည်။

စက်တင်ဘာလ ၂၄ ရက်နေ့တွင် လောလောဆယ် တိုက်ပွဲဖြစ်ပွားနေသောဒေသမှ ဘုရားကုန်းအလယ်တန်းကျောင်းခွဲနှင့် နန့်မော် မူလွန်ကျောင်းမှ ကျောင်းသားဦးရေ ၃၀၀ ကျော်မှာ ဖားကန့်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာကြောင်း သိရသည်။ ယခုအခါ ဖားကန့်မြို့ပေါ်ရှိ ကျောင်းသူ၊ ကျောင်းသားများမှာ နယ်မြေအေးချမ်းရာ မြို့ရွာများသို့ ပြောင်းရွှေ့နေရကြောင်း သိရပါသည်။  













ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် နယ်မြေအခြေအနေ မအေးချမ်းမှုကြောင့် အခြားမြို့ရွာ များ သို့ပြောင်းရွှေ့ ပညာသင်ကြားရန် ကျောင်းပြောင်းလက်မှတ်ထုတ်ယူသော ကျောင်းသားဦးရေ ၅၀၀ ကျော်ရှိ လာကြောင်း သတင်းရရှိပါသည်။

''အခုဆိုရင် မြို့နယ်ကနေ တရားဝင် ကျောင်းပြောင်းလက်မှတ် ထုတ်ယူသွားတာ ၅၀၀ကျော်ရှိပြီ။ ကျောင်းပြောင်းလက်မှတ်မပါဘဲ ငြိမ်းချမ်းတဲ့ဒေသတွေမှာ ကျောင်းတက်နေတဲ့ ကလေးတွေရော ဆိုရင် အရေအတွက် အတော်များပါတယ်။ ကျောင်းမတက်ရတဲ့ ကလေးမရှိအောင် ဒေသခံ ကူညီရေးအဖွဲ့အစည်း တွေနဲ့ပေါင်းပြီး ဆောင်ရွက်နေပါတယ်''ဟု ဖားကန့်မြို့နယ် ပညာရေးမှူး ဦးမိုးဦးက ပြောကြားခဲ့သည်။

ဖားကန့်မြို့နယ်အတွင်း အထက်တန်းကျောင်းပေါင်း ခုနစ်ကျောင်း၊ အလယ်တန်းကျောင်း ၁၁ ကျောင်း၊ မူလတန်းကျောင်း ၇၀ ရှိကာ မူလစာရင်းရှိ ကျောင်းသားကျောင်းသူဦး ရေ ၃၅၃၁၉ ဦးရှိကြောင်း သိရှိရသည်။

သြဂုတ်လ ၂၇ ရက်မှ စက်တင်ဘာ ၂၄ ရက်နေ့အထိ ဒေသမအေးချမ်းမှုကြောင့် မဖွင့်လှစ်နိုင်သော စာသင်ကျောင်းပေါင်း ရှစ်ကျောင်းရှိကာ ကျောင်းသားဦးရေ ၂၀၀၀ နီးပါးမှာ ဖားကန့်နှင့် အနီးဝန်းကျင်ရှိ စာသင်ကျောင်းများတွင် ပညာသင်ကြား နေကြရကြောင်း သိရသည်။

စက်တင်ဘာလ ၂၄ ရက်နေ့တွင် လောလောဆယ် တိုက်ပွဲဖြစ်ပွားနေသောဒေသမှ ဘုရားကုန်းအလယ်တန်း ကျောင်းခွဲနှင့် နန့်မော် မူလွန်ကျောင်းမှ ကျောင်းသားဦးရေ ၃၀၀ ကျော်မှာ ဖားကန့်မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်လာကြောင်း သိရသည်။ ယခုအခါ ဖားကန့်မြို့ပေါ်ရှိ ကျောင်းသူ၊ ကျောင်းသားများမှာ နယ်မြေ အေးချမ်းရာ မြို့ရွာများသို့ ပြောင်းရွှေ့နေရကြောင်း သိရပါသည်။

From: ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်