Friday, September 28, 2012

ဘင်္ဂလားဒေ့ရှ်မှ တင်ပို့ခွင့်ပိတ်ပင်ထားသည့် ဆားတန်ချိန်တစ်သောင်း ပြန်လည်ဝယ်ယူမှုကြောင့် ရခိုင်တွင် ဆားဈေးမြင့်တက်

Posted by drmyochit Friday, September 28, 2012, under | No comments




ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ယခင် တင်ပို့ခွင့် ပိတ်ပင်ထားသည့် နေလှန်းဆားတန်ချိန်တစ် သောင်း ပြန်လည်ဝယ်ယူမှု ကြောင့်ရခိုင် ဒေသတွင်ဆားအကြမ်း ဈေးတက် သွားကြောင်း ဒေသခံကုန်သည်များက ပြောကြားသည်။

ကျောက်တော်မြို့မှ ဆားလုပ်ငန်းရှင်ဦးအောင်လှကျော်က ''ပြီးခဲ့ တဲ့ အပတ်က ဆားအကြမ်း ကွင်းဈေး တစ်ပိဿာ၂၅ ကျပ်ပဲရှိတာ အခုဆို ၃၅ ကျပ်အထိ ဈေးတက်လာတယ်''ဟု ပြောကြားသည်။


စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ကုန် သွယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်ယူရန် ကမ်းလှမ်းထားသည့် ရခိုင်ပြည်နယ် ထွက် နေလှန်းဆားတန်ချိန်တစ် သောင်းအနက် တန်ချိန် ၃ဝဝဝ ကို ယခုလအတွင်း တင်ပို့ခဲ့ကြောင်း ပြောကြားသည်။ ကျန်ဆားတန်ချိန် ၇ဝဝဝကို မူ သဘောင်္ကုန် ပစ္စည်းတင်ဆံ့နိုင်မှု ပေါ်မူတည်၍ တင်ပို့ သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။


လုပ်သက်အနှစ် ၂ဝ ရှိ ဝါရင့် ဆားလုပ်ငန်းရှင် ရခိုင်တိုင်းရင်းသား တစ်ဦးက ''ရေရှည်တော့ ဈေးသိတ်တက်မယ် မထင်ဘူး။ ဟိုဖက်မှာလည်း ဆားထုတ်လုပ်မှု ရှိတော့ သူ တို့ဈေးထက်နိမ့်နေမှ ဝယ်မှပေါ့''ဟု ပြောဆိုသည်။ စစ်တွေမှ FOB စနစ်ဖြင့် ဝမ်းပုံ ပြီးတင်ပို့ပါက ဆားတစ်ပိဿာ ၆ဝ ကျပ်၊ အိတ်ဖြင့် ထုတ်ပိုးတင်ပို့ပါက တစ်ပိဿာ၆၅ ကျပ်နှုန်း ရရှိကြောင်း သိရသည်။ ရခိုင်ပြည်နယ်တွင် လက်ရှိဆား အကြမ်းထုတ်လုပ်မှုမှာ တစ်ပိဿာလျှင် ၁၈ ကျပ်မှ ၂၂ ကျပ်ကြား ရှိသဖြင့် ဈေးကွက်တွင် တစ်ပိဿာ ၃၅၊ ၄ဝ ကျပ် ခန့်ရရှိလျှင် ဆားတောင်သူ များအနေဖြင့် ရပ်တည်နိုင်ကြောင်း ကျောက်ဖြူမြို့မှ ဆားကွင်း ၁၅ ဧကလုပ်ကိုင်နေသူ ဦးထွန်းအောင်ဖြူက ပြောပြသည်။


''အရင်တုန်းကတော့ မျောပြီး လုပ်နေရတာ။ အခုပြန်ဝယ်ပြီးဆို တော့လုပ်ရတာ ပိုအားရှိတာပေါ့'ဟု ၎င်းက ဆိုသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာ့ ဆားဝယ်ယူမှုကို ယခင်စစ်တွေနယ် စပ်ကုန်သွယ်ရေး စခန်းမှတဆင့် တင်ပို့ခဲ့သော်လည်း၂ဝဝ၄ခုနှစ်၊ နှစ်ကုန်ပိုင်း၌အနောက်နိုင်ငံများ၏စီး ပွားရေးပိတ်ဆို့မှု ကြောင့် တင်ပို့မှု ရပ်ဆိုင်းသွားခဲ့သည်။


ယခုနှစ် ဇူလိုင်လက ပြုလုပ် ခဲ့သောဆဌမအကြိမ် မြန်မာ-ဘင်္ဂ လားဒေ့ရှ် နယ်စပ် ကုန်သွယ်ရေး ဆိုင်ရာ အရာရှိများပူးတွဲလုပ်ငန်း အစည်းအဝေး၌ ဘင်္ဂလားဒေ့ရှ်မှ တားမြစ်ပိတ်ပင်ထားသည့်မြန်မာ့ နေလှန်းဆားများ ပြန်လည်တင်ပို့ ခွင့်ရရှိရေးအတွက် နှစ်နှစ်နိုင်ငံ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးခဲ့ ကြပြီးနောက် ယခုကဲ့သို့ ပြန်လည် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် နိုင်ငံ၏ဆားလိုအပ်ချက်အရ ပြည်တွင်းထုတ်လုပ်မှုအပြင် မြန်မာနိုင်ငံမှ ပြန်လည်တင်သွင်းရန် စီစဉ်ခြင်း ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဆင်ခြေရာကျေးရွာမှ ဆားတောင်သူ ဦးသိန်းဇော်ဦးက ''လမ်းစပွင့် သွားဖို့ပဲအရေးကြီးတာ။ အခုဆို မျှော်လင့်ချက် ပိုရှိလာတယ်''ဟု ပြောကြားသည်။ လွန်ခဲ့သည့် ၁၅ နှစ် ခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ် ထွက်ဆားများသာမက ဧရာဝတီဒေသမှ ထွက်ရှိသည့်ဆားများကိုလည်း တစ်ပိဿာ ၅ဝ ကျပ်နှုန်းဖြင့် ဝယ်ယူခဲ့ရာ ဆားပိဿာခြောက်သိန်းဆံ့ သစ်သားတန်ကေး (သင်္ဘော)များဖြင့် တင်ပို့ခဲ့ရကြောင်း၊ ယင်းမြန်မာ့ နေလှန်းဆားအကြမ်းများကို အရည် အသွေးမြှင့်တင်ပြီး ဥရောပ ဈေးကွက်သို့ ဆက်လက် တင်ပို့ရောင်းချခြင်း ဖြစ်ကြောင်း ၎င်းက ပြောပြသည်။ ရခိုင်ပြည်နယ်တွင် ဆားကွင်း ဧက ၁၇၄ဝ ဒသမ ၄၇ ဧကရှိပြီး ကျောက်ဖြူ၊ စစ်တွေ၊ မောင်တောတို့မှ ဆား အဓိက ထွက်ရှိပြီးရသေ့ တောင်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ မင်းပြားမြို့ တို့မှလည်း အနည်းငယ်ထွက် ရှိကြောင်း မြန်မာ့ဆားနှင့် အဏ္ဏဝါ ဓာတုဗေဒပစ္စည်း ထုတ်လုပ် ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း(ရခိုင်ပြည်နယ်)ထံမှ စုံစမ်း သိရှိရသည်။ ဆားကွင်းဧက သုံးသောင်းနီးပါး ရှိသည့်ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံဆားထုတ်လုပ် မှု၏ ၆၅ ရာခိုင် နှုန်း ခန့်ရှိပြီး ကျန်ရာခိုင်နှုန်းအနည်းငယ်ကို ရခိုင်ပြည် နယ်နှင့် မွန်ပြည်နယ်တို့မှ ထွက်ရှိ ကြောင်း မြန်မာ့ လယ်ယာထွက် ကုန် ပစ္စည်းရောင်း ဝယ်ရေးလုပ်ငန်းထံမှ စုံစမ်းသိရှိရသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်