Friday, September 28, 2012

ပေါက်တောမြို့နယ်ပိန္နဲချောင်းတံတား ချို့ ယွင်းပျက်စီး၍ ကျောင်းသူ ကျောင်းသားများ အန္တရာယ်ကြားက ကျောင်းတက်နေကြရ

Posted by drmyochit Friday, September 28, 2012, under | No comments



ရခိုင်ပြည် ပေါက်တောမြို့နယ် ပိန္နဲချောင်း ကျောက်တန်းရွာနှုင့် ကျောက်တောင်ရွာကြား တံတားမှာ သွားလာ လို့မရလောက်အောင်ပြိုပျက်စီးနေသည်"ဟုရွှေမြန်မာမီဒီယာဂရုမှသတင်းရရှိသည်။ ကျောင်သူကျောင်းသားများနဲ့ လက်လုပ်လက်ကိုင် စားသောက်နေကြသော ပေါက်တောမြို့နယ်ကျေးရွာပေါင်း ၅၀ လောက်က အဆိုပါ တံတားကြောင့်သွား ရေးလာရေးခက်ခဲ့နေကြ သည်ဟုသိရသည်။ " ဒီတံတားက ကြည့် လို့  မရလောက်အောင် ကိုပျက်စီးနေတယ်။ ကျောင်းသူကျောင်း သားတွေက ဒီတံတားဖြတ်ပြီးအန္တရာယ်ကြားကနေ ကျောင်းတက် နေကြရတယ်။ နောက်ပြီး လက်လုပ်လက်ကိုင် စားသောက်နေကြရတဲ့ အနီးအနားရပ်ရွာ ၅၀ လောက်ပြည်သူတွေလဲ အရမ်းကိုဒုက္ခရောက်နေကြတယ်''ဟု ဦးဆောင်ဆောက်လုပ်မယ့်သူ တဦးကပြောသည်။ 




 အဆိုပါတံတားကို ဖြတ်ကျော်ပြီးကျောင်းသူကျောင်းသားများနေ့ စဉ်နဲ့ အမျှအန္တရာယ်ကြားကနေ ကျောင်းတက်နေ ကြရပြီး။ အနီးအနား ပြည်သူလူများလည်း စားဝက်နေရေး အတွက်နေ့ စဉ်နဲ့ အမျှ အန္တရာယ်ကြား ကနေ သွားလာနေကြရကြောင်းသိရသည်။ ယခင်က ယင်းတံတားကိုပြန်လည် ပြုပြင်ရန် မြို့နယ် အာဏာပိုင်များကို လျောက် ထားခဲ့သော်လည်းပြန်လည်တုန့်ပြန်ပြောဆိုခဲ့ခြင်းမရှိ ကြောင်းပြောသည်။

"ကျနော် တို့  ဒီတံတားကိုပြုပြင်ဖို့ အရင်ကကတည်းကမြို့နယ် အာဏာပိုင်များကို စာတင်ပြီး လျှောက်ထား ခဲ့ပါတယ်။သူတို့ ဆီကဘာမှမတုန့်ပြန်ဘူး။ ဒါကြောင့်ဒီတံတားကိုပြုပြင်ဖို အနီးအနားရှိ ရပ်ရွာတွေ က ငွေစုပြီးပြန် လည်ပြုပြင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်"ဟု၎င်းကပြောသည်။




 အဆိုပါတံတားကို အသစ်ပြန်လည်းဆောက်လုပ်ရန်ခန့် မှန်းကုန်ကျရန်ငွေမှာ သိန်း၆၀ကျော်ကုန်ကျ မှာဖြစ်ပြီး၊ တံတား အလျှားအရှည် ပေ ၅၀ ပေရှိကာ အနံ "၉" ပေ ဖြစ်ဟုသိရသည်။ ယခုလက်ရှိအလှူခံရရှိသော ငွေ သိန်း ၂၀ ရှိနေပြီးအဆိုပါ အလှူခံမှ ရရှိသောငွေများဖြင့် မောင်ကျော်ဇံအောင် နှုင့် ဦးသန်းဌေးတို့ မှ ဦီးဆောင်ကာ ယင်းတံတားကို ၂၀၁၃ တစ်လပိုင်းလောက်တွင်အပြီးပြုပြင်တည်ဆောက်သွားမည်ဟု သတင်းရရှိသည်။

From: ရွှေမြန်မာမီဒီယာဂရု




0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်