Friday, September 07, 2012

Face Book ပေါ်မှ လွှတ်တော်သို့အကောင်းဆုံးတုန့်ပြန်ချက်တစ်ခု

Posted by drmyochit Friday, September 07, 2012, under | No comments


 
လွှတ်တော် အသီးသီးက ဖွဲ့ စည်းပေးသော ကော်မတီ ကော်မရှင်နှင့် အဖွဲ့ဝင်များကို ပြည်ထောင်စု အဆင့်ဟု အဓိ ပ္ပါယ်ဖွင့်ဆိုခြင်းမှာ အခြေခံဥပဒေနှင့် မညီညွှတ်ကြောင်း အခြေခံ ဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်အပေါ် လွှတ်တော် အမတ်များက မကျေနပ် ကြသောကြောင့် ဆုံးဖြတ်ချက် မှားယွင်းကြောင်း မဲခွဲဆုံးဖြတ်ခြင်း ခုံရုံးအဖွဲ့ ဝင်များကို ပြစ်တင် ရှုံ့ချခြင်း ဆုံးစမ်းစစ်ဆေးခြင်းများ ဆောင်ရွက် လျှက်ရှိကြောင်း ကြားသိရသည်။

ခုံရုံးအပါအ၀င် တရားရုံးများ၏ စီရင်ဆုံးဖြတ်ချက်များကို တရားရေး ဆိုင်ရာအဖွဲ့ စည်း အဆင့်ဆင့်ကသာ အယူခံ ပြင် ဆင်မှုများဖြင့် ပြင်ဆင်ဆုံးဖြတ်ခွင့်ရှိသည်။ ဥပဒေတွင် အပြီးအပြတ်ဖြစ်သည်ဟု အခွင့်အာဏာပေးထားသော တရားရုံး၏ ဆုံးဖြတ်ချက်ကိုမူ ပြင်ဆင်ဆုံးဖြတ်ပိုင်ခွင့်မရှိပါ။ မှားယွင်းသည်ဟုလည်း ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်း ဥပဒေ များတွင်တွေ့ ရှိရသည်။သို့ မှသာ ဥပဒေကို လေးစားလိုက်နာရာ ရောက်ပေသည်။ ဥပဒေကို မလိုက်နာလျှင်၊ မလေးစားလျှင် ယနေ့ လူဘောင်အဖွဲ့ အစည်း များအားလုံးသည် ကိုယ်ထင်တိုင်း လုပ်ကြသည့်ကျောက်ခေတ် လူ့ အဖွဲ့အ စည်း အဖြစ် ပြန်ရောက်သွားမည် ဖြစ်သည်။ အကယ်ရှ်ျ ဆုံးဖြတ်ချက်ချမှတ်သော တရားသူကြီးများ အဂတိ လိုက်စားပါက အဂတိအမှုဖြင့် အရေးယူရန်ဖြစ်သည်။ တရားရုံးများ၏ အပြီးသတ်ဆုံးဖြတ်ချက်ကို လွှတ်တော်က မဲခွဲဆုံး ဖြတ်ပိုင်ခွင့်မရှိသလို ချေဖြတ်ပိုင်ခွင့်လည်း မရှိပါ။ ထိုသို့ မဟုတ်လျှင် တရားစီရင်ရေးအာဏာသည် မည်သို့ သက်ရောက်ရမည်နည်းဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။ နိုင်ငံတကာတွင်လည်း တရားရုံးများ၏ အပြီး သတ်ဆုံးဖြတ်ချက်ကို လွှတ်တော်မှ မဲခွဲဆုံးဖြတ်ခဲ့သည်ဟု မရှိခဲ့ဘူးပါ။ လေးစားလိုက်နာသည်သာ တွေ့ မြင်ရပါသည်။ ဥပမာအားဖြင့် တရားစီရင်ရေးကိုတာဝန်ထမ်းဆောင်သူတရားသူကြီးဖြစ်လင့်ကစား ၊ ၄င်းကိုယ်တိုင် အငြိမ်းစားယူပြီး ပြင်ပ ရှေ့ နေအဖြစ် တရားရုံးလိုက်ပါဆောင်ရွက်သည့်အခါတွင် ၄င်းအပါအ၀င် တရားလို ရှေ့ နေ ၊ တရားခံ ရှေ့ နေနှင့်လက်ရှိဆောင်ရွက်နေသော တရားသူကြီးတို့ သည်ဥပဒေတစ်ခုတည်းကိုပင် အမြင်ခြင်း များတူညီနိုင်ကြမည်မဟုတ်ပေ။ အမြင်ချင်းမတူကြသော်လည်း ဥပဒေက အာဏာအပ်နှင်းထားသည့် လက်ရှိတ ရားသူကြီး၏ ဆုံးဖြတ်ချက်ကို လိုက်နာကြရမည် ဖြစ်သည်။ ယင်းမှာ လွတ်လပ်စွာ တရားစီရင်ရေးနှင့် တရားဥ ပဒေစိုးမိုးရေး၏အနှစ်သာရပင်ဖြစ်သည်။
အကယ်ရှ်ျ ဥပဒေသည် ပကတိအခြေအနေနှင့် မကိုက်ညီပါက ဥပဒေကို လွှတ်တော်က ပြင်ဆင်ရုံသာ ရှိမည်ဖြစ်သည်။ သို့ ရာတွင် တည်ဆဲလက်ရှိဥပဒေ အရ တရားစီရင်မှုကို အမြင်တူသည်ဖြစ်စေ မတူသည်ဖြစ်စေ လွှတ်တော်က လေးစား လိုက်နာရမည်သာဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များက မဲခွဲဆုံးဖြတ်ခြင်းသည် ဥပဒေပြုရေးတွင်သာ အကျုံးဝင်ပြီး တရားစီရင်ရေးတွင် ယင်းသို့ လွှမ်းမိုးဆောင်ရွက်ခွင့် မရှိပါ။ သို့ မှသာ လွတ်လပ်စွာ တရားစီရင်နိုင်မည် ဖြစ်သည်။ လွှတ်တော်နှင့် အမြင်မတူကမျှဖြင့် ခုံရုံးအဖွဲ့ အ၀င်များကို အရေးယူမည်ဆိုပါက နောင်တွင် မည်သူမျှ တရား စီရင်ဝံ့ကြမည်မဟုတ်။ ယင်းသို့ ဆိုလျှင် တရားစီရင်ရေး စနစ်တခုလုံး ပျက်စီး ဆုံးရုံးရပေတော့မည်။
ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အမြင်ခြင်းမတူသည်မှာ ကြောက်စရာမလိုကြောင်း အပြန်အလှန် ငြိ့ နှိုင်းဖြေရှင်းရန်သာ လိုကြောင်း လွှတ်တော်တွင် လက်တွေ့ ကျကျ ဆွေးနွေးထောက်ပြခဲ့သော်လည်း ဆန္ဒလွန်ကဲနေသည့် အချို့သောကိုယ်စားလှယ်များက ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးချက်ကို အလေးမထား ပစ်ပယ်ခဲ့ကြကြောင်းတွေ့ ရှိရသည်။ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁(က) တွင် နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မ သုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ နှင့် တရားစီရင်ရေး အာဏာတို့ ကိုတတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အလှန် ထိန်းအကျောင်းခြင်းပြုကြောင်း အတိအလင်းဖော်ပြထားသည်။ ဥပ ဒေပြုရေးအာဏာက တရားစီရင်ရေးအာဏာကို လွှမ်းမိုးသည်ဟု ဖော်ပြထားခြင်းမရှိပါ။ အချို့ သော သူများ ရေးသားပြောဆိုနေကြသည့် လွှတ်တော်သည် ပြည့်သူ့ ကိုယ်စားလှယ်များဖြင့် ဖွဲ့  စည်း ထားခြင်းဖြစ်သဖြင့် တရားစီရင်ရေးကို လွှမ်းမိုးနိုင်ခွင့် ရှိသယောင်ယောင် ပြောဆိုရေးသား နေကြသည်ကို တွေ့ ရှိရသည်။ ကိုယ်လိုရာကို ဆွဲပြီး ပြောဆိုရေးသားခြင်းမှာ မသင့်ပါ။ ဥပဒေသည် လွှတ်တော်အပါအ၀င် နိုင်ငံသားတိုင်း လိုက်နာရမည့် စည်းကမ်း ဖြစ်ပါသည်။ ဖွဲ့  စည်းပုံအခြခံဥပဒေသည်လည်း လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံဝန်ထမ်းများ၊ အသိပညာ ရှင်အတတ်ပညာရှင်များနှင့် လုပ်သားပြည်သူအားလုံးတို့ က ရေးဆွဲအတည်ပြုခဲ့ကြခြင်း မဟုတ်ပါလော။ မိမိ တို့ ရေးဆွဲအတည်ပြုသည့် ဥပဒေကို မိမိတို့ လိုက်နာရန်လိုမလို ဆန်းစစ်ကြည့်သင့်သည်။
ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥပဒေများ၏ အခန်း (၁)အဓိပ္ပါယ် ဖွင့်ဆိုချက်တွင် လွှတ်တော်အသီးသီးနှင့် ယင်းတို့ ကဖွဲ့ စည်းပေးထားသော ကော်မတီ၊ ကော်မရှင်နှင့်  အဖွဲ့ အ၀င်များသည် ပြည်ထောင်စု အဖွဲ့ အ စည်းများဖြစ်သည်ဟု အဓိပ်ပယ်ဖွင့်ဆိုထားကြောင်း တွေ့  ရသည်။ လွှတ်တော်ကိုကိုယ်စားလှယ်များက ယင်းပြ ဠာန်းချက်ကို ဆုပ်ကိုင်ပြီး ပြောဆိုနေကြခြင်း ဖြစ်သည်။ သို့ ရာတွင် အဆိုပါဥပဒေ ပုဒ်မ ၁၇ တွင် လွှတ်တော် ဥက္ကဠနှင့်  ဒုက္ကဠများသည် ပြည်ထောင်စု အဆင့်အဖွဲ့ အစည်းတခုခုတွင် တာဝန်ပေးအပ်ခြင်းခံရပါက ဥက္ကဠနှင့် ဒုဥက္ကဠရာထူးတို့  မှ နှုတ်ထွက်ပေးရမည်ဟု ဖော်ပြထားသည်။ ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် ယင်းကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့ အ၀င်များကို ပြည်ထောင်စု အဆင့် အဖြစ်အဓိပ်ပယ်ဖွင့်ဆိုထားခြင်း မရှိကြောင်းတွေ့ ရသည်။ လွှတ်တော်ဥပဒေများသည် ဖွဲ့ စည်း ပုံအခြေခံဥပဒေနှင့် ကွဲလွဲနေကြောင်းတွေ့ ရသည်။ဖွဲ့ စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၄၆ တွင် တည်ဆဲဥပဒေများသည် အခြေခံဥပဒေနှင့် ကွဲလွဲဆန့် ကျင်နေလျှင် ပြတ်ပြယ်ကြောင်းဖော်ပြထားသည်။ အခြေခံဥပဒေ ပုဒ်မ ၄၄၉ တွင် ဖွဲ့ စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဥပဒေအားလုံး၏ အခြေခံဥပဒေဖြစ်သည်ဟု ဖော်ပြပါရှိသည်။ သို့ ဖြစ်သောကြောင့် လွှတ်တော်အသီးသီး၏ တည်ဆဲဥပဒေများတွင်လည်းကောင်း နိုင်ငံတော်သမ္မတက တင်သွင်းသည့် တင်သွင်းလွှာတွင်လည်းကောင်း ဖော်ပြထားသည့် ကော်မရှင်၊ ကော်မတီ နှင့်အဖွဲ့ အ၀င်များသည် ပြည် ထောင်စုအဆင့်အဖွဲ့ အစည်း ဖြစ်သည်ဆိုသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ဖွဲ့  စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားခြင်းမရှိသဖြင့် အခြေခံဥပဒေနှင့် ကွဲလွဲဆန့် ကျင်နေကြောင်း၊ ယင်းသို့ ကွဲလွဲဆန့် ကျင်နေသဖြင့် ကော်မရှင်၊ ကော်မတီ နှင့်အဖွဲ့ အ၀င်များသည် ပြည်ထောင်စုအဆင့်အဖွဲ့ အစည်း ဖြစ်သည်ဆိုသည့် အဓိပ်ပယ်ဖွင့်ဆိုချက်မှာ ဥပဒေနှင့်ညီညွှတ်ခြင်းမရှိဟု အခြေခံဥပဒေ ခုံရုံးက ဆုံးဖြတ်ခဲ့ခြင်းမှာ မှားယွင်းခြင်းမရှိကြောင်း တွေ့  ရှိရသည်။
လွှတ်တော်များက ခုံရုံးအဖွဲ့ အ၀င်များကို မှားယွင်းဆုံးဖြတ်မှုဖြင့် ပြစ်တင် ရှုံ့  ချမည်ဆိုပါလျှင် မူလက ရွေးချယ်ခံထားခဲ့သောနိုင်ငံတော်သမ္မတ၊ ပြည်သူ့ လွှတ်တော်ဥက္ကဠ၊ အမျိုးသားလွှတ်တော် ဥက္ကဠ တို့ သုံးဦးတွင်လည်းကောင်း အတည်ပြုပေးခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်အားလုံး တွင်လည်းကောင်း တာဝန် မကင်း ဖြစ်မည်ကို စိုးရိမ်မိသည်။
ပြည်သူ့ လွှတ်တော်ဥက္ကဠ သူရဦးရွှေမန်း ယခင်က မကြာမကြာ ပြောခဲ့ဘူးသောစကားမှာ ဥပဒေအထက်တွင် မည် သူမျှမရှိဟုဖြစ်သည်။ ယခုအခါ သူရဦးရွှေမန်းက လွှတ်တော်အထက်တွင် မည်သူမျှ မရှိဟုဆိုနေပြန်ပြီဖြစ်ရာ လွှတ် တော်သည် ဥပဒေအထက်တွင်ရှိနေပြီလား ဥပဒေပြုသူများသည် ဥပဒေကို လိုက်နာရန်မလိုတော့ဘူးလား ဟုမေး ခွန်းထုတ်စရာဖြစ်နေကြောင်းတွေ့  ရှိရသည်။
အောင်ဟိန်း(တရားရေး) ၊ ခေတ္တ နေပြည်တော်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်