Friday, September 07, 2012

မာစတာကတ် အသုံးပြုမှု မြန်မာနိုင်ငံတွင် ပထမဆုံးမြင် တွေ့ရတော့မည်

Posted by drmyochit Friday, September 07, 2012, under | No comments


 
အမေရိကန်အခြေစိုက် ငွေပေးချေရေးကတ်ကုမ္ပဏီ မာစတာကတ်ကော်ပိုရေးရှင်းသည် မြန်မာနိုင်ငံအတွင်း၎င်း၏ ကတ် များ အသုံးပြုနိုင်ရေးအတွက် မြန်မာနိုင်ငံမှသမ၀ါယမဘဏ် (Co-Operative Bank) CB ဘဏ် နှင့် ပူးပေါင်း ဆောင်ရွက် ရန်သဘောတူညီချက် ရခဲ့ကြောင်း သိရသည်။CB ဘဏ်သည် မြန်မာနိုင်ငံတွင်း၌ အလိုအလျောက်ငွေထုတ်စက် ATM များကိုအကျယ်ပြန့်ဆုံး ထားရှိဆောင်ရွက်နေသော ဘဏ်ဖြစ်ပြီး ယခုသဘောတူညီချက်အရ မာစတာကတ်အမှတ်တံဆိပ် ငွေပေးချေရေးကတ်များကိုလည်း ပြည်တွင်း၌အသုံးပြုခွင့် ရရှိစေမည်ဖြစ်သည်။မာစတာကတ်ကုမ္ပဏီ၏ အာရှ-ပစိဖိတ်၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကရေးရာဌာနဥက္ကဋ္ဌ ဗစ်ကီဗန်ဒရာက "သင့်မှာ ဘဏ်သုံးခု သို့မဟုတ် လေးခု လောက်ရှိ လာတာနဲ့ အမျှ ရောင်းဝယ် ဖောက်ကားသူတွေအတွက်ရောရော၊ ကြော်ငြာလုပ်ငန်းတွေအတွက်ပါပညာပေးဖို့ ပိုထိရောက် အကျိုးရှိလာမှာပါ။ကျွန်တော်တို့ဟာ (မြန်မာဈေးကွက်အတွင်း ၀င်ရောက်ဖို့) မြန်နိုင်သမျှ မြန်အောင်ကြိုးစား
နေပါ တယ်။တစ်နှစ်လောက်ဆိုရင်ကျွန်တော်တို့အနေနဲ့ပိုကောင်းတဲ့ပုံရိပ်ရလာမယ်လို့ မျှော်လင့်နေပါ တယ် "ဟုပြော သည်။ မာစတာကတ်များကို မကြာမီလများအတွင်း CB ဘဏ်၏ အေတီအမ်စက်များ၊ယင်းကတ် လက်ခံသော အရောင်း ဆိုင်များ၊ နေရာများတွင် စတင်အသုံးပြုနိုင်မည် ဖြစ်သည်။မာစတာကတ်ကုမ္ပဏီသည် ၎င်း၏ မာစတာကတ်များ အသုံးပြုခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းများကို မြန်မာနိုင်ငံတွင် လာမည့်ငါးနှစ်မှ ဆယ်နှစ်အတွင်း အီလက်ထရွန်နစ်ငွေပေးချေ ရေးဈေးကွက်ဖွံ့ဖြိုးလာပါမှ ပြည်တွင်း၌အခြေချလုပ်ကိုင်သွားမည် ဖြစ်သည်။ယင်းမတိုင်မီအထိမူ ဗီယက်နမ်မှ နေ၍ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် ကန်သမ္မတ အိုဘားမားက ၁၅ နှစ်အတွင်း ပထမဆုံး
အကြိမ်အဖြစ် အမေရိကန်ကုမ္ပဏီများအားမြန်မာနိုင်ငံတွင်းရင်းနှီးမြုပ်နှံခွင့်ပေးပြီးနောက်အမေရိကန် အကြွေးဝယ်ကတ် ကုမ္ပဏီ `ဗီဇာ´ က မြန်မာ့ဘဏ္ဍာရေး ၀န်ဆောင်မှုဈေးကွက်သို့ စတင်ဝင်ရောက်မည်ဟု သြဂုတ်လ ၁၉ ရက်တွင်
 ကြေညာခဲ့သည်။

Ref: Reuters/ Businessweek

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်