Friday, September 07, 2012

ဘဏ်အကောင့် ရှိပြီး အင်တာနက်သုံးနိုင်သော မည်သည့်နေရာကမဆို Click ခလုပ်တစ်ချက်နှိပ်ရုံဖြင့် မီတာဆောင်နိုင်သောဝန်ဆောင်မှုစတင် တော့မည်

Posted by drmyochit Friday, September 07, 2012, under | No comments



From:စွမ်းရဲထွဋ်

ဘဏ်အကောင့်ရှိပြီး အင်တာနက် အသုံးပြု၍ရသောမည်သည့် ဒေသမှဖြစ်စေ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနသို့ ပေးဆောင်ရမည့် မီတာခငွေများကို OnlineElectricity Billing System ဖြင့်ယခုလကုန်ပိုင်းမှစတင်၍ ပေးဆောင်နိုင်
တော့မည်ဖြစ်ကြောင်းသတင်းရရှိသည်။အဆိုပါ Online Electricity Billing Systemသည်လျှပ်စစ်စွမ်းအားဝန်ကြီး
ဌာန၊ရတနာပုံတယ်လီပို့၊မြန်မာ့စီးပွားေ၇းဘဏ်နှင့်ပြည်တွင်းပုဂ္ဂလိကဘဏ်များပူပေါင်းအကောင်အထည်ဖော်ထားသောစနစ်တစ်ခုဖြစ်သည်။၎င်းစနစ်သည်လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်မီတာအသုံးပြုခငွေများ ကိုလူကိုယ်တိုင် သွားေ၇ာက် စီတန်းပေးသွင်းရသည့်စနစ်ကို အဆင့်မြင့်တင်လိုက်သည့် e-government ဆိုင်ရာအွန်လိုင်း ၀န် ဆောင်မှုတစ်ခုဖြစ်ပြီး ကွန်ပြူတာဖြင့်သာမကဘဲ အင်တာနက်ချိတ်ဆက်အသုံးပြုနိုင်သည့် အိုင်တီပစ္စည်းအာလုံးကို သုံးစွဲပေးဆောင်နိုင်မည်ဖြစ်သည်။“ယခု Online Electricity Billing Payment System ကိုအကောင်အထည်
ဖော်တည်ဆောက်ခဲ့လို့ပထမအဆင့်အဖြစ်နေပြည်တော်နှင့်မန္တလေးမှာစတင်သုံးစွဲနိုင်တော့မှာဖြစ်ပါတယ်လတ်တလောရ၇ှိမယ့်မြင်သာထင်သာရှိတဲ့ အကျိုးကျေးဇူးတွေကတော့ ပြည်သူပြည်သားအားလုံးဘဏ်အကောင့်တစ်ခုရှိရုံနဲ့ အင်တာ နက်ရရှိတဲ့ ဘယ်နေရာကမဆို လျှပ်စစ်မီတာခကျသင့်ငွေကိုပေးသွင်းနိုင်ပါမယ်။လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ ငွေစာ ရင်းဌာနတွေအနေနဲ့လည်းများပြားလှတဲ့ မီတာခငွေတွေကို လိုက်လံစုစည်းစရာမလိုဘဲ သက်ဆိုင်ရာဘဏ်
အနေ ငွေစာရင်းလွှဲပေးရုံနဲ့ရရှိနိုင်မှာဖြစ်ပါတယ်ဘဏ်လုပ်ငန်းတွေအနေနဲ့လည်းပြည်သူတွေအတွက် ၀န်ဆောင်မှု အသစ်တစ်ခုဖန်တီးနိုင်ပါမယ်။အထက်ကပြောခဲ့တဲ့အကျိုးကျေးဇူးတွေကိုနိုင်ငံတော်၊သက်ဆိုင်ရာအစိုးရ
ဌာနတွေ နဲ့ ပြည်သူတွေအကြားသုံးဦးသုံးဖလှယ်ရရှိနိုင်မှာဖြစ်ပါတယ်။”ဟု ရတနာပုံတယ်လီပို့ ကုမ္ပဏီ လီမီတက်၏ ဒုတိယအမှုဆောင်အရာရှိချုပ်က စက်တင်ဘာလ(၆)ရက်နေ့တွင်ကျင်းပပြုလုပ်သော Online Electricity
Billing Payment System စတင်သုံးဆွဲခြင်းအခမ်းအနားတွင် ပြောကြားသည်။အွန်လိုင်းမှ လျှပ်စစ်ဝန်ကြီးဌာနသို့ မီတာခငွေပေးဆောင်နိုင်ရန်အတွက် အွန်လိုင်းအကောင့်ဖွင့်လှစ်နိုင်သော ဘဏ်များမှာမြန်မာ့စီးပွားေ၇းဘဏ်၊ အာရှ စိမ်းလန်း မှုဖွံ့ဖြိုးေ၇းဘဏ်၊သမ၀ါယမဘဏ်နှင့်မြန်မာအရှေတိုင်းဘဏ်တို့ပင်ဖြစ်ပြီး နောင်တွင်း အခြားပုဂ္ဂလိက ဘဏ်များမှလည်းပေးဆောင်နိုင်ရန် ရတနာပုံတယ်လီပို့ကုမ္ပဏီလီမီတက်မှဆောင်ရွက်လျှက်ရှိကြောင်း ၊
ယင်းသို့ေ ပးဆောင်ရာတွင် ၀န်ဆောင်ခအဖြစ် မီတာတစ်စောင်လျှင်ကျပ် ငါးရာသတ်မှတ် ထားကြောင်း၊ လက်ရှိ အကောင့်ဖွင့်နိုင်သောရတနာပုံတယ်လီပို့ကုမ္ပဏီလီမီတက်နှင့်အွန်လိုင်းစနစ်ချိတ်ဆက်ထားသောဘဏ်များအ
တွင်းမှ မိမိနှင့်နီးစပ်ရာဘဏ်များတွင် ငွေစာရင်းဖွင့်လှစ်ပြီးကြိုတင်ငွေအနည်းဆုံး ကျပ်တစ်သောင်း စတင်စာရင်း ဖွင့်ထားရမည်ဖြစ်ကြောင်း၊၎င်းဘဏ်မှ အကောင့်နံပတ်နှင့် PIN Coad တို့အားထုပ်ပေးမည်
ဖြစ်ကြောင်း၊ပြီးနောက် ရတနာပုံဝက်ဘ်ပေါ်မှတဆင့် (သို့မဟုတ်)http://ebilling.ypay.com.mm/သို့ဝင်ရောက် ၍ငွေ ပေးချေမှုကိုပြုလုပ်နိုင်ကြောင်းထပ်လောင်းသိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်