Friday, September 07, 2012

ဥရောပဒုံးကျည် ကာကွယ်ရေး စနစ် အမေရိကန် ရှေ့တိုးလုပ် ဆောင်မည်

Posted by drmyochit Friday, September 07, 2012, under | No comments




ဝါရှင်တန်  စက်တင်ဘာ ၆
အမေရိကန် ဦးဆောင်ပြီး ဖြန့်ချမည့် ဥရောပ ဒုံးကျည် ကာကွယ်ရေး စနစ်နှင့် ပတ်သက်၍ အမေရိကန် နှင့်ရုရှားတို့ ပူးပေါင်းလုပ် ဆောင်နိုင် မည်ဟု ယုံကြည်ကြောင်း အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ပြောကြား ခဲ့ပြီး ရုရှား နိုင်ငံ၏ ရပ်တည်ချက် မည်သို့ ပင်ရှိစေ ဒုံးကျည် ကာကွယ်ရေး စနစ် အစီအစဉ်ကိုရှေ့တိုး လုပ်ဆောင်ရန် ဆုံးဖြတ်ပြီး ဖြစ်ကြောင်း ၂ဝ၁၂ ခုနှစ် ဒီမိုကရက်တစ် ပါတီ၏ ကြေညာ ချက် တွင်   ဖော်ပြထား ကြောင်း သိရသည်။
အဆိုပါ ဒုံးကျည် ကာကွယ်ရေး စနစ်သည် အမေရိကန် နှင့် ဥရောပ နိုင်ငံ များအား အီရန် ကဲ့သို့သော နိုင်ငံများမှ ဒုံးကျည် ခြိမ်းခြောက်မှု များကို ကာကွယ်ရန် အတွက်သာ ဖြစ်ကြောင်း သမ္မတ အိုဘားမားက ပြောကြား ခဲ့သည်။
ထို့အပြင် အမေရိကန် အနေဖြင့် ပိုလန်၊ တူရကီနှင့် ရိုမေးနီးယား နိုင်ငံများ တွင် ဒုံးခွင်းဒုံးစနစ်များ ဖြန့်ချ သွားမည် ဖြစ်သည်။ သို့ရာတွင်  အဆိုပါလုပ် ဆောင်ချက် များသည် စစ်အေး ကာလ ပြိုင်ဆိုင်မှု များအဖြစ်သို့  ဦးတည်သွား စေနိုင်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက လွန်ခဲ့သည့် လတွင် ပြောကြား ခဲ့ကြောင်း သိရ သည်။   

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်