Friday, September 07, 2012

လွိုင်ကော်မြို့တွင် ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ဆွေးနွေးပွဲ၌ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီတို့ တွေ့ဆုံ

Posted by drmyochit Friday, September 07, 2012, under | No comments


Photo: ကယားပြည်နယ်အတွင်း အစိုးရက လက်လှမ်းမမှီတဲ့ဒေသတွေမှာ ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွေ ပေးနိုင်ဖို့အတွက် လူထု
ကျန်းမာရေးနှ င့် ဖွံ့ဖြိုးရေးကွန်ယက် (ကရင်နီပြည်) Civil Health and Development Network -CHDN (Karenni State) ကို ဖွဲ့စည်း လိုက်ကြောင်း စက်တင်ဘာ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက် ပါတယ်။

အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ကယားပြည်နယ်ထဲက တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့အစည်း ၆ ဖွဲ့က ကျန်းမာရေးဝန်ထမ်းတွေနဲ့ နယ်စပ်ဒေသ လူထုအခြေပြု ကျန်းမာရေးအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေဟာ လွိုင်ကော်မြို့မှာ ၄ ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲ
ကျင်းပခဲ့ပြီး ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ အဖွဲ့ရဲ့ အကြံပေးလည်းဖြစ် KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ရဲ့ ကျန်းမာရေးဝန်ကြီးလည်းဖြစ်တဲ့ ခူးဒယ်နီယာ က အခုလို ပြောပါတယ်။

"ကျနော်တို့ စိုးရိမ်ချက် တစ်ခုပေါ့နော် ခပ်များများ ဒီအဖွဲ့တွေက နယ်စပ်ဖြတ်ကျော်ပြီးမှ လူထုကျန်းမာရေး လုပ်နေတယ် ဆိုတော့ တချို့ကလည်း ပြည်ပကနေ အကူအညီတွေရတယ်လေ။ ဆိုတော့ နောက်ပြီးမှ တစ်ခုက အဲ့ဒီအောက်မှာရှိတဲ့ ၀န်ထမ်းတွေအားလုံး
ကလည်း အစိုးရက တရားဝင် အောင်လက်မှတ်တွေ ဘာတွေ ရထားတဲ့ ၀န်ထမ်းတွေ မဟုတ်ဘူး၊ ခပ်များများ နယ်စပ်မှာ ပညာသင်တယ်၊ နယ်စပ်ကနေ အကူအညီတွေ ရတယ်ဆိုတော့ အဲ့ဒီဟာကို ဆက်လုပ်နိုင်အောင်ပေါ့လေ၊ နောက်ပြီးမှ လူထုအတွက် ကျန်းမာရေး ချထားတဲ့ ကျန်းမာရေး ပေါ်လစီတွေက လူထုအတွက် အာမခံချက် ရှိဖို့လိုတယ် ဆိုတော့ ကျနော်တို့က ဒီအဖွဲ့ကနေ လူထုအတွက် ဘာတွေ လုပ်ပေးနိုင်မလဲ အဲ့ဒါက အခု ပေါ်လစီတွေ ညှိနှိုင်းကြတယ် အဲ့ဒီ ရည်ရွယ်ချက်နဲ့ပါပဲ။ "

ဒီဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက အရင်အချိန်တုန်းက ကျန်းမာရေးပြုစုစောင့်ရှောက်မှု တွေကို လျှို့ဝှက်စွာနဲ့ သိုသိုသိပ်သိပ် လုပ်ခဲ့ရတဲ့အတွက် ထိရောက်မှု မရှိတဲ့အခြေအနေတွေ၊ အပစ်အခတ်ရပ်စဲပြီးနောက် ကျယ်ကျယ်ပြန်ပြန်လုပ်နိုင်ဖို့ ဘယ်လိုစုပေါင်း လုပ်ဆောင်ကြမယ်ဆိုတာတွေနဲ့ အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်သွားရမည့် ကိစ္စတွေကို အဓိက ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ ပြောပါတယ်။

လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ယက် (ကရင်နီပြည်) အဖွဲ့အနေနဲ့ ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု လူတိုင်း တန်းတူညီမျှ ရရှိစေဖို့၊ ကျန်းမာရေးဝန်ထမ်းများအား လေ့ကျင့်ပျိုးထောင်ခွင့် စဉ်ဆက်မပြတ် ဆည်းပူးလေ့လာခွင့်ရဖို့၊ အစိုးရကျန်းမာရေးဌာနကနေပြီး တိုင်းရင်းသားဒေသတွင်းမှာရှိတဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေကို အသိအမှတ်ပြုပေးဖို့ အပါအ၀င် မသန်စွမ်းသူနဲ့ ဆင်းရဲနွမ်းပါးသူ၊ သက်ကြီးရွယ်အိုတွေ၊ ၅ နှစ်အောက် ခလေးတွေကို အခမဲ့ ဆေးကုသခွင့် ရရှိစေဖို့ ဆောင်ရွက်မယ်ဆိုတဲ့ အချက် ၁၉ ချက်ကို သဘောတူခဲ့ကြတယ် လို့ ခူးဒယ်နီယာ ကဆက်ပြောပါတယ်။

"အဖွဲ့အနေနဲ့ကတော့ အဓိက ဒီ အခြေခံ လူထု ကျန်းမာရေး
 ပြုစုစောင့်ရှောက်မှု ပေါ့နော်။ အဲ့ဒါကို ကျနော်တို့ အဓိက လုပ်သွားမယ်၊
 နောက်ပြီးမှ လုပ်ပိုင်ခွင့်လေး ရှိအောင် ကျနော်တို့ စုဖွဲ့ထားတယ်။
 နောက်ပြီးမှ ကျယ်ကျယ် ပြန့်ပြန့်ပေါ့ လုပ်သွားမယ်၊ IDP ဒေသမှာ
 နောက်ပြီးမှ တကယ့် အစိုးရက လက်လှမ်းမမှီတဲ့ နေရာမျိုးမှာ လူထုက ကျန်းမာရေး ပြုစုစောင့်ရှောက်မှု မခံရဘူး၊ ဆုံးရှုံးနေတယ်ပေါ့လေ ဆိုတော့ အဲ့ဒီနေရာမျိုးကို ကျနော်တို့ ပိုပြီးမှ ကျန်းမာရေး လုပ်ငန်းလုပ်နိုင်အောင် ၊ နောက် ဆေးခန်းတွေ တချို့ဖွင့်မယ်၊ အစိုးရက လက်လှမ်းမမှီတဲ့
 ဒေသမျိုးမှာ အဓိက လုပ်ဖို့ သဘောတူ ဆွေးနွေးကြတယ်။"

လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ယက် (ကရင်နီပြည်) အဖွဲ့ကို ကျန်းမာရေးဝန်ထမ်း ကော်မတီဝင် ၉ ဦးနဲ့ ကရင်နီပြည် ကျန်းမာရေးမူဝါဒ ဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကနေ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဒီဆွေးနွေးပွဲကို လွိုင်ကော်မြို့က အစိုးရ ဆရာဝန်တစ်ဦးလည်း တက်ရောက်
ခဲ့တယ်လို့ သိရပါတယ်။

(Photo-RFA- ၂၀၁၂ ခုနှစ် မတ်လ ၇ ရက်က လွိုင်ကော်မြို့တွင် ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ဆွေးနွေးပွဲ၌ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီမှ ဆွေးနွေးနေစဉ် မှတ်တမ်းပုံ ဖြစ်ပါသည်။) 
ကယားပြည်နယ်အတွင်း အစိုးရက လက်လှမ်းမမှီတဲ့ဒေသတွေမှာ ကျန်းမာရေးပြုစုစောင့်ရှောက်မှုတွေ ပေးနိုင်ဖို့အတွက် လူထု  ကျန်းမာရေးနှ င့် ဖွံ့ဖြိုးရေးကွန်ယက် (ကရင်နီပြည်) Civil Health and Development Network -CHDN (Karenni State) ကို ဖွဲ့စည်း လိုက်ကြောင်း စက်တင်ဘာ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက် ပါတယ်။
အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ကယားပြည်နယ်ထဲက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၆ ဖွဲ့က ကျန်းမာရေးဝန်ထမ်းတွေနဲ့ နယ်စပ်ဒေသ လူထုအခြေပြု ကျန်းမာရေးအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေဟာ လွိုင်ကော်မြို့မှာ ၄ ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပြီး ဖွဲ့စည်းခဲ့ တာဖြစ်တယ်လို့ အဖွဲ့ရဲ့ အကြံပေးလည်းဖြစ် KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ရဲ့ ကျန်းမာရေးဝန်ကြီးလည်းဖြစ်တဲ့ ခူးဒယ်နီယာ က အခုလို ပြောပါတယ်။

"ကျနော်တို့ စိုးရိမ်ချက် တစ်ခုပေါ့နော် ခပ်များများ ဒီအဖွဲ့တွေက နယ်စပ်ဖြတ်ကျော်ပြီးမှ လူထုကျန်းမာရေး လုပ်နေတယ် ဆိုတော့ တချို့ကလည်း ပြည်ပကနေ အကူအညီတွေရတယ်လေ။ ဆိုတော့ နောက်ပြီးမှ တစ်ခုက အဲ့ဒီအောက်မှာရှိတဲ့ ၀န်ထမ်းတွေအားလုံး
ကလည်း အစိုးရက တရားဝင် အောင်လက်မှတ်တွေ ဘာတွေ ရထားတဲ့ ၀န်ထမ်းတွေ မဟုတ်ဘူး၊ ခပ်များများ နယ်စပ်မှာ ပညာသင်တယ်၊ နယ်စပ်ကနေ အကူအညီတွေ ရတယ်ဆိုတော့ အဲ့ဒီဟာကို ဆက်လုပ်နိုင်အောင်ပေါ့လေ၊ နောက်ပြီးမှ လူထုအတွက် ကျန်းမာရေး ချထားတဲ့ ကျန်းမာရေး ပေါ် လစီတွေက လူထုအတွက် အာမခံချက် ရှိဖို့လိုတယ် ဆိုတော့ ကျနော်တို့က ဒီအဖွဲ့ကနေ လူထုအတွက် ဘာတွေ လုပ်ပေးနိုင်မလဲ အဲ့ဒါက အခု ပေါ်လစီတွေ ညှိနှိုင်းကြတယ် အဲ့ဒီ ရည်ရွယ်ချက်နဲ့ပါပဲ။ "

ဒီဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက အရင်အချိန်တုန်းက ကျန်းမာရေြး ပုစုစောင့်ရှောက်မှု တွေကို လျှို့ဝှက်စွာနဲ့ သိုသိုသိပ်သိပ် လုပ်ခဲ့ရတဲ့အတွက် ထိရောက်မှု မရှိတဲ့အခြေအနေတွေ၊ အပစ်အခတ်ရပ်စဲပြီးနောက် ကျယ်ကျယ်ပြန်ပြန်လုပ်နိုင်ဖို့ ဘယ်လိုစုပေါင်း လုပ်ဆောင်ကြမယ် ဆိုတာတွေနဲ့ အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်သွားရမည့် ကိစ္စတွေကို အဓိက ဆွေးနွေးဖြစ် ခဲ့ကြတယ်လို့ ပြောပါတယ်။

လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ယက် (ကရင်နီပြည်) အဖွဲ့အနေနဲ့ ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု လူတိုင်း တန်းတူညီမျှ ရရှိစေဖို့၊ ကျန်းမာရေးဝန်ထမ်းများအား လေ့ကျင့်ပျိုးထောင်ခွင့် စဉ်ဆက်မပြတ် ဆည်းပူးလေ့လာခွင့်ရဖို့၊ အစိုးရကျန်းမာရေးဌာနကနေပြီး တိုင်းရင်းသားဒေသတွင်းမှာရှိတဲ့ ကျန်းမာရေး အဖွဲ့အစည်းတွေကို အသိအမှတ်ပြုပေးဖို့ အပါအ၀င် မသန်စွမ်းသူနဲ့ ဆင်းရဲနွမ်းပါးသူ၊ သက်ကြီးရွယ် အိုတွေ၊ ၅ နှစ်အောက် ခလေးတွေကို အခမဲ့ ဆေးကုသခွင့် ရရှိစေဖို့ ဆောင်ရွက်မယ်ဆိုတဲ့ အချက် ၁၉ ချက်ကို သဘောတူခဲ့ကြတယ် လို့ ခူးဒယ်နီယာ ကဆက်ပြောပါတယ်။

"အဖွဲ့အနေနဲ့ကတော့ အဓိက ဒီ အခြေခံ လူထု ကျန်းမာရေး ပြုစုစောင့်ရှောက်မှု ပေါ့နော်။ အဲ့ဒါကို ကျနော်တို့ အဓိက လုပ်သွားမယ်၊ နောက်ပြီးမှ လုပ်ပိုင်ခွင့်လေး ရှိအောင် ကျနော်တို့ စုဖွဲ့ထား တယ်။  နောက်ပြီးမှ ကျယ်ကျယ် ပြန့်ပြန့်ပေါ့ လုပ်သွားမယ်၊ IDP ဒေသမှာ နောက်ပြီးမှ တကယ့် အစိုးရက လက်လှမ်းမမှီတဲ့ နေရာမျိုးမှာ လူထုက ကျန်းမာရေး ပြုစုစောင့်ရှောက်မှု မခံရဘူး၊ ဆုံးရှုံးနေတယ်ပေါ့လေ ဆိုတော့ အဲ့ဒီနေရာမျိုးကို ကျနော်တို့ ပိုပြီးမှ ကျန်းမာရေး လုပ်ငန်းလုပ်နိုင်အောင် ၊ နောက် ဆေးခန်းတွေ တချို့ဖွင့်မယ်၊ အစိုးရက လက်လှမ်းမမှီတဲ့ ဒေသမျိုးမှာ အဓိက လုပ်ဖို့ သဘောတူ ဆွေးနွေးကြတယ်။"

လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ယက် (ကရင်နီပြည်) အဖွဲ့ကို ကျန်းမာရေးဝန်ထမ်း ကော်မတီဝင် ၉ ဦးနဲ့ ကရင်နီပြည် ကျန်းမာရေးမူဝါဒ ဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကနေ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဒီဆွေးနွေးပွဲကို လွိုင်ကော်မြို့က အစိုးရ ဆရာဝန်တစ်ဦးလည်း တက်ရောက် ခဲ့တယ်လို့ သိရပါတယ်။

(Photo-RFA- ၂၀၁၂ ခုနှစ် မတ်လ ၇ ရက်က လွိုင်ကော်မြို့တွင် ဦးအောင်မင်း ခေါင်းဆော င်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ဆွေးနွေးပွဲ၌ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီမှ ဆွေးနွေးနေစဉ် မှတ်တမ်းပုံ ဖြစ်ပါသည်။)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်