Thursday, October 04, 2012

လျှပ်စစ်မုန်တိုင်းများ ဖြစ်ပေါ်နိုင်

Posted by drmyochit Thursday, October 04, 2012, under | No comments


 နေမင်းတွင်လျှပ်စစ်မုန်းတိုင်း ဖြစ်ပေါ်ပြီး လျှပ်စစ်အပူလှိုင်းများ ကမ္ဘာပေါ်တွင် ကျရောက်နိုင်ကြောင်း ယနေ့ထွက် ပေါ်နေသော သတင်းကို နာဆာတွင်ဖော်ပြထားခြင်းမရှိကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ကျွမ်းကျင်သူ ဦးထွန်းလွင် ကပြောသည်။ "ဟိုးအရင်တုန်းက နာဆာက ၂၀၁၂ မှာ လျှပ်စစ်မုန်းတိုင်ဖြစ်မယ်လို့တော့ ခန့်မှန်းဖူးတယ်။ အဲလိုဖြစ်ရင် လျှပ်စစ်အပူလှိုင်းတွေကြောင့် ဆက်သွယ်ရေးလိုင်းတွေထိခိုက်မယ်လို့တော့ပြောတယ်။
လူတွေတော့ မထိခိုက်ဘူး လို့ တော့ပြောတယ်။ ဒီနှစ်က ဒီဇင်ဘာ၂၁ ရက်ကမ္ဘာပျက်မယ်လို့ပြောနေကြတာတွေလည်း ရှိတယ်။အခုသတင်းကတော့ ကောလဟလပါ"လို့ ဦးထွန်းလွင်ကပြောသည်။ လျှပ်စစ်မုန်တိုင်းဖြစ်ပေါ်နေသည် မဖြစ်ပေါ်နေသည်ကို အတည်မပြုနိုင်သော်လည်း မြန်မာနိုင်ငံအတွက် အန္တရာယ် မရှိနိုင်ကြောင်း၊ နေမင်းတွင် လျှပ်စစ်မုန်းတိုင်ဖြစ်ပေါ်မှုသည် နှစ်ပေါင်း ၃၀ လျှင် တစ်ကြိမ်သာ ဖြစ်ပေါ်နိုင်ကြောင်း၊ သို့သော်လည်း နေနှင့်ကမ္ဘာသည် မိုင်ပေါင်း ၉၃ သန်းကွာဝေး သောကြောင့် ကမ္ဘာပေါ်သို့ ကျရောက်ရန် ၁၀၀ ရာခိုင်နှုန်းလျှင် ၁၁ ရာခိုင်နှုန်းသာဖြစ်နိုင်ချေရှိကြောင်း၊ စင်္ကြာဝဠာကို ပြန့်လွင့်နိုင်သော်လည်း ဂြိုဟ်ကြီးကိုးလုံးက ခံထားသောကြောင့်ကျရောက်ရန် ဖြစ်နိုင်ချေနည်းပါးကြောင်း မိုးလေ၀ သနှင့်ဇလဗေဒညွန် ကြားမူဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးချစ်ကျော်ကပြောသည်။ "လျှပ်စစ်အပူ လှိုင်းဖြတ်နေ တာဆိုမဟုတ်ပါဘူး။ ဖြစ်နေရင်တောင် မြန်မာနိုင်ငံအတွက် အန္တရာယ်မရှိဘူး" ဦးချစ်ကျော်ကပြောသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်