Thursday, October 04, 2012

အပျိုစင် ညကိုရောင်းပြီးလှူမည့် အသက်၂၀ အရွယ် မိန်းကလေး

Posted by drmyochit Thursday, October 04, 2012, under | No comments


From :  နေလင်းအောင်


ဘရာဇီးနိုင်ငံမှ ကျောင်းသူတစ်ဦးဟာ ပြည်နယ်တစ်ခုမှဆင်းရဲချို့ တဲ့ နေကြသည့်  မိသားစုများနေ ထိုင်နိုင်ရန်အိမ်များ ဆောက်လုပ်ပေးမည့် ပရဟိတရန်ပုံငွေတစ်ရပ် ထူထောင်နိုင်ရန်အတွက် သူမရဲ့ အပျိုစင်ညကို လေလံတင်ရောင်းချ လျှက် ရှိနေပါတယ်။ အသက် ၂၀ အရွယ်ရှိ ကာတာရီနာ မစ်ဂလီယီုရီနီ ဟာယခု ဈေးပြိုင်ခေါ်ဈေး ဒေါ်လာ ၁၅၅၀၀အ ထိရောက်နေ ပြီဖြစ်သည့် ထိုလေလံပွဲမှရသည့် ငွေအားလုံးအား ဘရာဇီးနိုင်ငံ တောင်ပိုင်းမှသူမနေထိုင်ရာ ဆန်တာကာ တာရီနာ ပြည်နယ်တွင်အစိုးရမဟုတ်သည့် အဖွဲ့ အစည်း မှတာဝန်ယူလှူဒါန်းဆေက်လုပ်မည့် ဆင်းရဲသူဆင်းရဲသား များအတွက် (တန်ဖိုးနည်း )ခေတ်မှီအိမ်ရာစီမံကိန်းအတွက်လှူဒါန်းပေး အပ်မှာဖြစ်ပါတယ်။ သူမဟာ ကြေးစားပြည့်  တန်ဆာ တစ်ယောက် ဖြစ်သည်ဟူသော စွပ်စွဲချက်များအားငြင်းဆန်ယင်း သူမအနေဖြင့်  အချစ်စစ် အချစ်မှန် အားယုံကြည်လျှက်ရှိနေဆဲဖြစ်ကြောင်း သို့ သော်လည်းယခုအခွင့် အလမ်းလုပ်ဆောင်ချက်ဖြင့် ကမ္ဘာကြီးအား ပိုမိုသာယာကောင်းမွန်အောင် ပြုလုပ်ပေးရာတွင် ပါဝင်ဆောင်ရွက်ခွင့်အဖြစ်မှတ်ယူ ပါကြောင်းပြော ကြားခဲ့ ပါတယ်။ သို့ သော်လည်း ကြံ့ ခိုင်ရေးပညာရပ်ဆိုင်ရာကျောင်းသူလေးဟာ သူမရဲ့  အာဝါဟလုပ်ပြီးလှူမယ့် အာဝါ သအလှူပွဲအတွက် သြစတေးလျရုပ်သံရိုက် ကူးရေးအဖွဲ့ ရဲ့ "အပျိုစင်လိုချင်ပါတယ်။ အမည်ရှိ မှတ်တမ်းတင် ရုပ်သံ အစီ အစဉ်အား လက်ခံရိုက်ကူးပေးမှာမို့  အငြင်းပွားဖွယ်ရာတွေဖြစ်စေခဲ့ ပါတယ်။ " ကျွန်မကတော့ ဒါကို (မှတ်တမ်း ရုပ်ရှင်ကို) စီးပွားရေးဆန်ဆန် ကိစ္စ တစ်ခုလို့ မြင်ပါတယ်။.ဒီမှတ်တမ်းရုပ်ရှင်ရိုက်တဲ့ အတွက် ကျွန်မအနေနှင့် ခရီးသွားဖို့ အခွင့်အလမ်းတွေ ရမယ်.။ မှတ်တမ်းရုပ်ရှင်မှာပါဝင်ခွင့် ရတဲ့ အပြင် အပိုဆုကြေးလည်းရမှာဖြစ်ပါတယ်။ ဘ၀မှာ တစ်ကြိမ် တစ်ခါပဲ ( အခကြေးငွေယူပြီး အမျိုးသားနှင့် အတူ အိပ်စက်ပျော်ပါးခြင်း ) ပြုလုပ်တာမို့ ပြည့် တန်ဆာ တစ်ယောက် အဖြစ် မသတ်မှတ်နိုင်ပါဘူး။ ဓါတ်ပုံကောင်းလေးတစ်ပုံရိုက်ခဲ့ လိုက်ရုံနှင့် ဓါတ်ပုံဆရာအဖြစ် မခံယူနိုင်လို သလို ပါပဲ။" လို့ သူမကရှင်းပြခဲ့ ပါတယ်... "လေလံပွဲဆိုတာလည်းစီးပွားရေးသဘောဆန်ဆန်လုပ်တာပါပဲ။ ကျွန်မဟာ အချစ်ကို ကိုးကွယ်ယုံကြည်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ မိန်းကလေး တစ်ဦးပါ.။ ဒါပေမယ့် ဒီအတွက်ကြောင့် လည်း ကျွန်မ အနေနှင့် အပြောင်းလဲကြီးပြောင်း လဲရပါလိမ့် မယ်။" လို့ သူမက ဖိုလ်ဟာ သတင်းစာကိုပြောကြား ခဲ့ ပါတယ်။ . အီတလီ အဆက် အနွယ်ဖြစ်သည့် ကာတာရီနာဟာ ထိုရုပ်သံအစဉ် အစဉ်အား လွန်ခဲ့ သည့် ၂ နှစ်ခန့် က သောမတ်စ်ဝီလီယံ ရိုက်ကူးထုတ် လုပ်ရေးကုမ္ပဏီမှ အပျိုစင်တစ်ဦးအား ရိုက်ကူး၇န်ရှာ ဖွေနေစဉ်သိရှိခဲ့ ပြီး ပါဝင်ရန်သဘောတူ လက်မှတ်ရေး ထိုးခဲ့  တာဖြစ်ပါတယ်။ ဒါရိုက်တာ ဂျပ်စ်တင်စစ်စ်လေအနေဖြင့် သူမအား ပထမဦးဆုံးအကြိမ် ချစ်တင်း မနှောခင်နှင့် ချစ်တင်းနှောပြီးနောက် သူမရဲ့ စိတ်ခံစားမှုများ အား မှတ်တမ်းတင်ရိုက်ကူးမှာဖြစ်ပါတယ်။ . လူပျိုအစစ် အဖြစ် ရိုက်ကူးမှတ်တမ်းတင်ရန် အချစ်ရေးတွင်အတွေ့  အကြုံမရှိဘူးသေးသည့် လူပျိုလေး အလက်ဇန္ဒား ကိုလည်းရွေး ချယ်ထား ပါတယ်. အောက်တိုဘာလ ၁၅ ရက်နေ့ တွင်အဆုံးသတ်မည့် ထိုလေလံပွဲမှ ငွေ၏ ၉၀ ရာခိုင်နှုံးဖြစ်သည့်  ဒေါ်လာ ၂၀၀၀၀ အား သူမအနေနှင့်  ရရှိမည်ဖြစ်ပါတယ်။ လေလံပွဲတွင် ဈေးအမြင့် ဆုံးပေးသူအား အပျိုစင်မလေးနှင့်    ချစ်တင်း မနှောမှီ ကာလသားရောဂါရှိမရှိ ဆေးစစ်မှာဖြစ်ပြီး ပြည့် တန်ဆာဥပဒေ အားရှောင်ရှားကျော်လွှားနိုင်ရန် သြစတေးလျမှ အမေရိကသို့ သွားသည့် လေ ယာဉ်တစ်စင်းပေါ်တွင် ဝေ့ဟင်တွင်ဆင်နွှဲသည့် အချစ်ပွဲ ကိုပြုလုပ်ကြ ရမှာဖြစ် ပါတယ်။ လိင်ဆက်ဆံရာတွင် ရာဘာအစွပ်ကိုမဖြစ်မနေအသုံးပြုရမှာဖြစ်ပြီး ကာတာရီနာကတော့သူမ အနေဖြင့် အချစ်ရေးနှင့် ပါတ်သတ်ပြီး ယခင်ကလုံးဝအတွေ့ အကြုံမရှိခဲ့ တာသေချာကြောင်း သက် သေပြဖို့ အသင့် ပြင်ထား ပြီးဖြစ် တယ်လို့ ပြောဆိုလိုက်ပါတယ်.။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်