Thursday, October 04, 2012

အရင်းအနှီးလိုအပ်သော မွေးမြူသူများအတွက် သက်သာသည့် အတိုးနှုန်းဖြင့် ချေးငွေရရှိရေးဆောင် ရွက်ပေးမည်ဖြစ်ကြောင်း သတင်းရရှိ

Posted by drmyochit Thursday, October 04, 2012, under | No comments


သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အဓိကလိုအပ်ချက်များမှာအရင်းအနှီး၊ နည်း ပညာနှင့် ဈေးကွက် ဖော်ဆောင်ရေး ဖြစ်ကြောင်းဖြင့် ယနေ့နံနက် ၁၁ နာရီခွဲတွင် ကရင်ပြည်နယ် ဘားအံမြို့နယ် လှာကဒေါင် ကျေးရွာရှိ မွေးမြူရေးဇုန်၌ တာဝန်ရှိသူ များအား မွေးမြူရေးနှင့်ရေလုပ်ငန်း ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းတို့က တွေ့ဆုံဆွေးနွေးသူများ၏ တင်ပြချက်များအပေါ် အရင်းအနှီးလိုအပ်သော မွေးမြူသူများအတွက် သက်သာသည့် အတိုးနှုန်းဖြင့် ချေးငွေရရှိရေး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ တစ်ဖက်နိုင်ငံမှ တရားမဝင် ဝင်ရောက်နေသည့် ကြက်ဥ များ ပြည်တွင်းသို့ မရောက်ရှိစေ ရန် ဥပဒေနှင့်အညီ တားဆီးအရေးယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မျိုး ကောင်းမျိုးသန့်များ အစားထိုးမွေးမြူရန် လည်းလိုအပ်ကြောင်းမှာကြားပြီး မွေးမြူ ရေးဇုန်အတွင်း ဦးမျိုးမြင့် ခိုင်နှင့် ဦးဝင်း ထိန်တို့ မွေးမြူထားသည့် ဥစားကြက်၊ အသားစားကြက်ခြံများနှင့် ဦးသန်းဝင်း အောင်၏ မျိုး သန့် ဆိတ်မွေးမြူရေးခြံ များကို သွားရောက်ကြည့်ရှုကြသည်။
ဆက်လက်၍ ဘားအံမြို့နယ် ရွှေတောကျေးရွာ၌ ရွှေတော၊ ကော့ပရံ၊ ကော့အီမိုက်ကျေးရွာများမှ ရပ်မိရပ် ဖများနှင့် စိုက်ပျိုးမွေးမြူရေးသမားများအား တွေ့ဆုံ၍ မိမိတို့ဝန်ကြီးဌာနရှိ နို့စားနွား၊ ဝက်၊ ကြက်၊ ဘဲမျိုးများ ကို အကြွေး စနစ်ဖြင့် ဖြန့်ဖြူးပေးပြီး တိရစ္ဆာန်ကျန်းမာ ရေးစောင့်ရှောက်မှုနှင့် နည်းပညာများ အတွက် အရည်အချင်း ပြည့်မီသည့် ဝန်ထမ်းများခန့်ထား၍ ပြည်နယ်များသို့ ကွင်းဆင်း တာဝန်ထမ်းဆောင်စေ မည် ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ပေါင်းစည်း လယ်ယာခြံများကို ကြည့်ရှု အားပေးပြီး တောင်သူကုန်းကျေးရွာအုပ်စု ကော့ရီ ကျေးရွာရှိ ဦးဝင်းနိုင်၏ ဥစားကြက်မွေး မြူရေးခြံ၌ မွေးမြူရေး သမားများနှင့် တွေ့ဆုံကာ ဘားအံ ငါးသားဖောက်စခန်းကို ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သတင်းရရှိသည်။


Myanmar Express
x

x



0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်