Thursday, October 04, 2012

"စစ်နှင့်ပဋိပက္ခဒေသရှိ ကျောင်းနေအရွယ် ကလေးများ၏ ပညာရေးအခြေအနေ စိုးရိမ်ဖွယ်ရှိနေ"

Posted by drmyochit Thursday, October 04, 2012, under | No comments


ပဋိပက္ခအပါအဝင် စစ်မက်ဖြစ်ပွားမှုရှိနေသော နေရာတို့ရှိ ကျောင်းနေအရွယ် ကလေးတို့၏ လက်ရှိ အခြေအနေများအပေါ် စိတ်ပူစ ရာ အနေအထား ရှိနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့မှ ပညာရေးကျွမ်းကျင်သူ ဦးဝင်းအောင် က ထုတ် ဖော်ပြောသည်။

”ဘယ်လို အခြေအနေမှာပဲ ရှိရှိ ကလေးတွေ အားလုံးက ပညာသင်ကြားခွင့် ရှိရမယ်လို့ ယုံကြည်ထားတယ်” ဟု ၄င်းက ဆက်ပြော သည်။ တစ်နှစ်ကျော် ကြာသည် အထိ အဖြေမထွက်သေးဘဲ ရှိနေ သော ကချင် ပဋိပက္ခကြောင့် စာသင်ခွင့် ဆုံးရှုံးနေရသူ ဦးရေမှာ တိုးလာနေ သည့်အပြင် ရခိုင် ပဋိပက္ခကြောင့်လည်း စစ်တွေမြို့ ပေါ်တွင်ပင် ကျောင်းမနေနိုင်သူ ဦးရေမှာ တဖြည်း ဖြည်း တိုးပွား လာနေကြောင်း ကချင်နှင့်ရခိုင် အရေး ကူညီပေးနေသူတို့ထံမှ သိရှိရသည်။ ယူနီဆက်(မြန်မာ)၏ ပညာ ရေးကျွမ်းကျင်သူ ဦးဝင်းအောင်က လက်ရှိ ကျောင်းနေအရွယ် ကလေးသူငယ်တို့၏ အခြေအနေကို ပညာရေး ဝန်ကြီးဌာန အပါ အဝင် မိတ်ဖက် အဖွဲ့ အစည်းထံသို့ အသိပေး ထား ကြောင်းပြောကာ ပူးပေါင်းပါဝင် လုပ်ကိုင်ကြရန် တိုက်တွန်း ထား သည်ဟု လက်ရှိ အခြေအနေကို ရှင်းပြခဲ့သည်။ ကချင်ပဋိပက္ခကြောင့် ၂ဝ၁၁ -၂ဝ၁၂ ပညာသင်နှစ်က ကချင် တွင် အခြေခံပညာကျောင်း ၆၁ ကျောင်း မဖွင့်နိုင်ခဲ့ဘဲ ကျောင်း သား၊ ကျောင်းသူ ၅ဝဝဝ ကျော် စာသင်ရန် ခက်ခဲခဲ့ကြသည်။ ထို့ အတူယခုနှစ်တွင်လည်း လုံခြုံရေး အခြေအနေကြောင့် စာသင် ကျောင်းအချို့ မဖွင့်လှစ်နိုင်မှု ရှိခဲ့သည့်အပြင် ဖားကန့်တိုက်ပွဲ နှင့် တရုတ်ဘက်က ပြန်ပြောင်းလာမှုတို့ကလည်း ကျောင်း သားတို့ ပညာသင်ယူခွင့် အခွင့်အလမ်း အပေါ် ဆက်တိုက်ဆုံးရှုံးနေရ သည်ဟု ကချင်ပြည်နယ် အစိုးရ အဖွဲ့ စာရင်းတို့အရ သိရ သည်။ မြန်မာ့ ပညာရေး လေ့လာ သုံးသပ်နေသူတစ်ဦးက ပညာရေး ဌာနမှာ လုံခြုံရေး ဌာန မဟုတ်၍ ဇွတ်တိုးကာ ဖွင့်လှစ် သင်ကြား ပေး၍ မရကြောင်း၊ လုံခြုံမှု အပေါ် အာမခံချက်ရှိမှသာ သင်ပေးနိုင် မည်ဖြစ်၍ ယနေ့လို အခြေအနေ မျိုးတွင် ထိုကဲ့သို့ ပညာသင်ယူခွင့် ဆုံးရှုံးရမှုမှာ မဖြစ် သင့်ကြောင်း သူ့ အမြင်ကို ပြောသည်။ ရခိုင်ပြည်နယ်၌လည်း ထို့ အတူပင် ပဋိပက္ခဖြစ်ပွား မှုကြောင့် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင် တို့တွင် ကျောင်း ၄၆၂ ကျောင်းပိတ်ခဲ့ရပြီး ကျောင်း သား ၈ဝဝဝဝ ကျော် ပညာရေးကို လချီ၍ ဆုံးရှုံးခဲ့ရဖူးကြောင်းလည်း ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌဦးတင် ထူးအောင် ထံမှ သိရှိခဲ့ရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်