Thursday, October 04, 2012

ဆင်းရဲမှုလျှော့ချရေး ကိုရီးယားပုံစံ စံပြကျေးရွာများအား

Posted by drmyochit Thursday, October 04, 2012, under | No comments


ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဖောင်ကြီးအရှေ့ကျေးရွာ၌ သမဝါယမဝန်ကြီးဌာနက ကိုရီးယား သမ္မတနိုင်ငံ နိုင်ငံတကာပေါင်းဆောင် ရွက်ရေးအေဂျင်စီ (KOICA) အကူ အညီဖြင့် ကိုရီးယားကျေး ရွာသစ်ပုံစံ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး အကောင် ထည်ဖော်ဆောင် ရွက်နေမှု များ ကို သမ္မတ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းသည် စက်တင်ဘာ ၂၈ ရက်က သွား       ရောက်ကြည့်ရှု အားပေးရာ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Kim Hae - Yong ၊ ကျွမ်းကျင် သူ Mr. SONG , Jung Geun ၊ သမဝါယမ သင်တန်းကျောင်း ဒုတိယ ကျောင်းအုပ်ကြီး ဦးသောင်းနိုင်နှင့် ကိုရီးယားသို့သွား ရောက်လေ့လာခဲ့သည့် ကျေးရွာအစု အဖွဲ့ခေါင်း ဆောင် ဦးကြည်ဝင်းနိုင်တို့က ကျေးရွာ ဖွံ့ဖြိုးရေးနှင့် ဝင်ငွေတိုးရေး စီစဉ် ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင် ပြကြသည်။ ဆက်လက်၍ ကျေးရွာ အတွင်း လမ်းများ ပြုပြင်ထားရှိမှုနှင့် စုပေါင်းခန်း မဆောက်လုပ်မည့် မြေနေရာတို့ကို သွားရောက် ကြည့်ရှုခဲ့ သည်။


ယင်းနောက် စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက် ရေး အေဂျင်စီ Mr. SONG , Jung Geun အကူအညီဖြင့် ကိုရီးယားကျေးရွာသစ်ပုံစံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး အကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ တံတား တည်ဆောက်ပြီးစီးမှု၊ သောက် သုံးရေ ရရှိရေး ဆောင်ရွက်မှုနှင့် ဝင်ငွေတိုးအစီအစဉ်များကို သွားရောက်ကြည့် ရှုအားပေးပြီး ကျေးရွာသူ၊ ကျေးရွာသား များအား လူမှုစီးပွားရေး အခြေအနေများကို ရင်းရင်းနှီးနှီးတွေ့ ဆုံမေးမြန်း၍ နိုင်ငံတော်က အကောင် အထည် ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲ မှုလျှော့ချရေး လုပ်ငန်းစဉ်များ ဆောင်ရွက် ရာ၌ ယခုကဲ့သို့ အခြားနိုင်ငံများတွင် ဆောင်ရွက်နေသည့် လုပ်နည်း လုပ်ဟန်များကို လက်တွေ့ လေ့လာပွား များ ဆောင်ရွက်နိုင် ရန်စီစဉ်နေမှုများကို ရှင်းလင်းေ
ဆွး နွေးသည်။

ယင်းကိုရီးယား ကျေးရွာသစ်ပုံစံ မစတင်မီ ကျေးရွာတစ်ရွာလျှင် (၆)ဦးစီ အား ကိုရီးယားနိုင်ငံသို့ သွားရောက် လေ့လာ စေခဲ့ကြောင်း၊ ကျေးရွာသစ်ပုံစံ ဆောင်ရွက်မည့် ကျေးရွာရွေးချယ်ရာတွင် စည်းလုံး ညီညွတ်ပြီး အောင်မြင် အောင် အကောင်အထည် ဖော်နိုင်စွမ်းရှိမည့် ကျေးရွာကို ဦးစားပေး ရွေးချယ်ခဲ့ကြောင်း၊ ကျေးရွာခေါင်းဆောင် ကိုလည်း ကျေးရွာသား များဆန္ဒဖြင့် ဦးဆောင်နိုင်မည့် အရည်အ ချင်းရှိသူအား ရွေးချယ် ကြောင်း၊ ကျေးရွာသားများ၏ ဆန္ဒဖြင့် ညီညွတ်စွာ ပူးပေါင်းပါဝင်ရေးကို အခြေ ခံကြောင်း သိရှိရသည်။

ဆက်လက်၍ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြို့ပြဆင်းရဲမှု လျှော့ချရေးလုပ်ငန်း၌ အရေး ပါသော အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေနိုင်သည့် အထည်ချုပ်လုပ်ငန်းများအား စီးပွားရေးပိတ်ဆို့မှု ဖြေလျှော့ချိန်၌ အထည်ချုပ်စက်ရုံများ ပိုမိုတိုးချဲ့ရင်းနှီး မြှုပ်နှံလုပ်ကိုင်ရေး၊ တိုးတက်လာမည့် စက်ရုံအလုပ် ရုံများအတွက် ကျွမ်းကျင် လုပ်သားများ မွေးထုတ်နိုင်ရေးသင်တန်း များတိုးချဲ့ ဖွင့်လှစ်စီစဉ်ရေးတို့နှင့် စပ် လျဉ်း၍ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်း ရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ စက်ရုံ လုပ်ငန်းရှင် များနှင့် တွေ့ဆုံဆွေးနွေးခဲ့ ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်