Thursday, October 04, 2012

ချီဖွေငယ် ရေအားလျှပ်စစ် စီမံကိန်း ပြီးသော်လည်း တိုက်ပွဲများကြောင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲခွင့် မရသေး

Posted by drmyochit Thursday, October 04, 2012, under | No comments


တရုတ်နိုင်ငံပိုင် CPI ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်သည့် ချီဖွေငယ် ရေအားလျှပ်စစ် စီမံကိန်းမှာ တည် ဆောက်မှု ပြီးစီးသွားပြီ ဖြစ်သော်လည်း နယ်မြေဒေသ မတည်ငြိမ် မှုကြောင့် လျှပ်စစ် ဓာတ်အား ထုတ်ယူ သုံးစွဲနိုင်ခြင်း မရှိသေးဟု CPI ကုမ္ပဏီမှ ဒုဥက္ကဋ္ဌ မစ္စတာ ကော့ကိမ်းလျှောင် က ပြောသည်။
စက်တင်ဘာလ တတိယပတ်က နေပြည်တော်ရှိ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနက ကျင်းပခဲ့သော စာနယ် ဇင်းရှင်းလင်းပွဲ၌ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုး က ၂ဝ၁၅ ခုနှစ် အတွင်း ပြီးစီးမည့် ရေအား လျှပ်စစ် စီမံကိန်း များမှ လျှပ်စစ်ဓာတ်အား ထုတ်ယူ ရရှိနိုင်မည့် စီမံကိန်းများ အနက် ချီဖွေငယ် ရေအား လျှပ်စစ် စီမံကိန်းမှာ ယခု ဘဏ္ဍာနှစ် အတွင်း လျှပ်စစ် ဓာတ်အား ထုတ်ယူနိုင်မည်ဟု ပြောကြားခဲ့သည့် အပေါ် ၄င်းက ထို သို့ပြန်လည် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ”ချီဖွေငယ် ရေအား လျှပ်စစ် စီမံကိန်း ပြီးသွားတာက ဒီနှစ်ဇွန်လထဲ မတိုင်ခင် က တည်းကပဲ။ ဒါပေမဲ့ စီမံကိန်း ဧရိယာနားမှာ မြန်မာစစ် တပ် နဲ့ ကချင် စစ်တပ်အကြား တိုက်ပွဲ တွေဖြစ်နေတဲ့အ ပြင် မိုင်းတွေထောင် ထားတဲ့ အခါကျတော့ မဟာဓာတ်အားလိုင်း သွယ်တန်းပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေး တဲ့အပိုင်း ကိုမလုပ် နိုင်သေးဘူး။ ကျွန်တော်တို့ အနေနဲ့ မဟာ ဓာတ်အားလိုင်း သွယ်တန်းဖို့ ကိစ္စ ဆောင်ရွက် ချင်ပေမယ့် လုံခြုံရေး တာဝန်ယူမှု အပိုင်း မရှိတဲ့ အခါကျ တော့ ဒီအတိုင်း ရပ်ထား ရတယ်” ဟု ၄င်းကဆို သည်။ ချီဖွေငယ် ရေအား လျှပ်စစ် စီမံကိန်းကို ၂ဝ၁ဝ ခုနှစ်တွင် စတင် ခဲ့ခြင်း ဖြစ်ပြီး လျှပ်စစ်ဓာတ်အား ၉၉ မဂ္ဂါဝပ် ထွက်ရှိကာ မြစ်ကြီးနားမြို့နှင့် အနီး တစ်ဝိုက်ရှိ မြို့နယ် များသို့ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးရန် ရည်ရွယ် ထားကြောင်း၊ သို့ရာတွင် စီမံကိန်း မည်မျှပင် ပြီးစီးစေကာမူ နယ်မြေဒေသ တည်ငြိမ်မှု မရှိပါက လျှပ် စစ်ဓာတ်အားလိုင်း တည်ဆောက်ရန် နှင့် လျှပ်စစ် ဓာတ်အား အခမဲ့ဖြန့်ဝေ ပေးရေး အပိုင်းမှာ အခက်အခဲများ ရှိ နေကြောင်း ၄င်းက ထပ်မံပြောသည်။ ချီဖွေငယ် ရေအား လျှပ်စစ် စီမံကိန်းသည် တရုတ် CPI ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်နေသည့် မြစ်ဆုံမြစ်ညာ ရေအား လျှပ်စစ် စီမံကိန်းများ အနက်မှ တစ်ခုဖြစ် သည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်