Thursday, October 04, 2012

အိမ်ဖြူတော်၏ ကွန်ပျူတာစနစ်များ ဆိုက်ဘာတိုက်ခိုက်ခံရ

Posted by drmyochit Thursday, October 04, 2012, under | No comments



သမ္မတ အိမ်ဖြူတော် အတွင်း၌ ရှိသည့် ကွန်ပျူတာ စနစ်များသည် ဟက်ကာများ၏ ဆိုက်ဘာတိုက်ခိုက် ခဲ့ခြင်းကို ခံခဲ့ရသော်လည်း ယင်းတိုက်ခိုက် မှုကို တားဆီးနိုင်ခဲ့သည့် အပြင် လုံခြုံရေး အဆင့် သတ်မှတ် ထား သည့် ကွန်ရက်များမှာ တိုက်ခိုက်ခံခဲ့ ရခြင်း မရှိကြောင်း အိမ်ဖြူတော်က အောက်တိုဘာ ၁ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။
အဆိုပါ ဆိုက်ဘာ တိုက်ခိုက်မှုသည် မကြာခဏ ဖြစ်လေ့ရှိသည့် ဆိုက်ဘာ တိုက်ခိုက်မှုမျိုး မဟုတ် ကြောင်းနှင့် လိုအပ် သည့် ကာကွယ်မှု များကို အိမ်ဖြူတော်မှ တာဝန်ရှိသူများက ပြု လုပ် နိုင်ခဲ့ကြောင်း ပြောရေး ဆိုခွင့် ရှိသူ ဂျေးကာနေးလ် က သတင်း ထောက်များကို ပြောကြားခဲ့သည်။ အဆိုပါ ဆိုက်ဘာ တိုက်ခိုက်မှု သည် ပြီးခဲ့သည့်လ အတွင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယင်းသတင်း သည် အောက်တိုဘာ ၁ ရက်က ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ယင်းတိုက်ခိုက် မှုကို မည်သူ က ပြုလုပ် ခဲ့သည် ကို သေသေချာချာ မသိရ သေးကြောင်း သိရ သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်