Saturday, November 03, 2012

အတွေးခက် အရေးခက်စေသော ရခိုင်လူမျိုးတို့၏ ဘ၀(ပေးစာ - ၂၀၄)

Posted by drmyochit Saturday, November 03, 2012, under | No comments


လူတိုင်းက ကိုယ့်တိုင်ပြည်ကို ကိုယ်ချစ်တတ်ကြပါတယ်။ တိုင်းပြည်ကို မချစ်တဲ့သူရယ်လို့တော့မရှိပါဘူး။ ဒီလို ချစ်တဲ့စိတ်ကြောင့် ကိုယ့်ဒေသကို ကိုယ်ကာကွယ်ကြ တာ အပြစ်လား။ ကျွန်တော်ကလည်း တိုင်းပြည်ကို ချစ်တဲ့ လူ တစ်ယောက်ပါ။ ကျွန်တော့မှာ တိုင်းပြည်ကိုချစ်တဲ့ စိတ်ကြောင့်အပြစ်ရှိတယ်ဆိုရင် လည်း ပေးတဲ့အပြစ်ကိုခံရယူဖို့အသင့်ရှိတယ်လို့ ထင်ပါတယ်။ ဒီလိုပဲ ရခိုင်မြေ၊
ခိုင့်ရေ၊ ကိုယ့်လူမျိုး၊ ကိုယ့်ရွာ၊ ကိုယ့်မိသားစု၊ ကိုယ့်ဘာသာကို ချစ်ကြသူတွေဟာ အမျိုးမမှန်သူတွေကို ကိုယ့်ပြည်မှာရှိမနေစေချင်ဘူး။ ဒါကြောင့် ရှိတဲ့အင်အား၊ ရရာလက်နက်တွေနဲ့ ခုခံတော်လှန်တိုက်ခိုက်ခဲ့ကြတယ်။ ဒါ ရခိုင်သမိုင်းပဲ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာရေးထိုးလိုက်ကြတဲ့ ရခိုင် သမိုင်းစာမျက်မှာသစ်ဖြစ်ပါတယ်။ အသက်စွန့်ခဲ့သူတွေကိုလည်း သူရဲကောင်းလို့ကျွန်တော်တို့ သတ်မှတ်ပါတယ်။ အင်အားချင်း ၊ လူဦးရေချင်း မတူညီပေမယ့် စိတ်တတ်အင်အားတွေနဲ့ မတုန်မလှုပ်ကာကွယ်ခဲ့ကြတာ သူရဲကောင်းတွေပါဘဲ။ သူရဲကောင်း ဆိုတာ သီးခြားသတ်မှတ်ထားတဲ့ သွင်ပြင်လက္ခဏာမရှိပါဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမယ့် လက်ရှိရခိုင်ပြည်နယ်အနေအထားကို ပြန်ကြည့်ရင် အတွေးခက်စေသလို အရေးလည်းခက်ပါတယ်။ ကြည့်လေ ရခိုင်ပြည်မှာနေပြီးတော့ ရခိုင်တိုင်းရင်းသားတွေဟာ အိုးအိမ်တွေ၊ ပိုင်ဆိုင်မှုတွေကို လက်လွှတ်ပြီး ဘေးကင်းရာကို ခိုလှုံနေကြရတယ်။ အပြင်မထွက်ရဲအောင်ဖြစ်လာတယ်။ ကျေးလက်ဒေသမှာ ငါးရှာဟင်းခူး တောင်မှ မသွားရဲတဲ့အနေအထားကိုရောက်နေတာကိုတွေ့ရတယ်။ အိမ်ရှင်က ဧည့်သည်ကို ကြောက်လန့်နေရတဲ့ဘ၀ တစ်ခုကိုတွေ့လာရတယ်။ ခေတ်တစ်ခုကို ဖြတ်သန်းနေရ တယ်။ အိပ်မက်မဟုတ်တဲ့လက်တွေ့ အခြေအနေထားသုံးသပ်မိရင် ရင်နာဖို့ကောင်းတယ်။ ဘယ်သူ့မှာ အပြစ် ရှိသလဲ။ ဘယ်သူတွေက မှားနေသလဲ ဆိုတာ သေချာစဉ်းစားပေးကြပါ။ ဒုတိယ ကိုဆိုဘိုဖြစ်လာမလားလို့ ဆောင်းပါးရှင်တစ်ဦးရေးခဲ့တာ မကြာသေးခင် အတွင်းက တွေ့လိုက်ပါတယ်။ ကိုဆိုဘိုလို ဇာတ်လမ်းတွေဖြစ် လာတယ်။ ဖြစ်ပျက်နေတာတွေကလည်း အတော်လေးဆင်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ သတိထားရ မယ်ဆိုတာ ကြိုပြီးပြောဖိုလိုအပ်နေပါပြီ။ ရခိုင်မှာ ခိုင်မာတဲ့နောက်ခံ အဖွဲ့အစည်းမရှိဘူး။ ကူညီနိုင်တာက မြန်မာနိုင်ငံတစ်ဝှမ်းလုံးက ပြည်သူတွေနဲ့ အစိုးရပဲရှိတယ်။ ဘင်္ဂလီတွေမှာကျတော့ နိုင်ငံတကာက ခိုင်မာတဲ့အဖွဲ့အစည်းတွေ အားပေးတယ်။ ကျောထောက်နောက်ခံရှိတယ်။ အဲဒါကိုစဉ်းစားရင် မြန်မာနိုင်ငံထဲက တိုင်းရင်းသားတွေ ဆိုတာကို ကျွန်တော် တို့ မေ့ထားလို့မရပါဘူး။ တိုင်းရင်းသားအချင်းချင်းလည်း ကူညီဖို့လိုပါတယ်။ ဒါကြောင့် တခြားတိုင်းရင်းသားတွေ ရခိုင်အတွက် ဘယ်လောက်အကူအညီပေးနေကြ့ပီလဲ။ ဘယ်လောက် ကူ ညီခဲ့ပြီလဲဆိုတာ ထည့်တွက်စဉ်းစားသင့်သလို ရခိုင်တွေကကော တခြားတိုင်းရင်းသားတွေရဲ့အရေးမှာ ဘယ် လောက်ပါဝင်ကူညီခဲ့သလဲ ဆိုတာ ပြန်ကြည့်ဖို့လိုပါမယ်။ သမိုင်းအတုတွေနဲ့ မဟုတ်မဟတ်တွေပြောနေသူတွေတောင် ဒီလောက်ထိ လုပ်ခွင့်ရနေကြတယ်ဆိုရင် သမိုင်း မှတ်တိုင်တွေအခိုင်အမာရှိနေတဲ့ ရခိုင်တိုင်းရင်းသားတွေကကော ဘာကြောင့် ဘာမှမလုပ်နိုင်ကြတလဲ။ သေနပ် ဒဏ်ရာနဲ့သေဆုံးခဲ့ရသူတွေ ဆယ်ဂဏန်းမကရှိခဲ့တာကိုကော ဘယ်လို ကောက်ချက်ချမလဲ။ နွံတစ်ခုထဲ နစ် နေ ရသူတွေလို လှုပ်လေနစ်လေဘ၀ နဲ့ စခန်းသွားရတော့မှာလား။ ကျွန်တော်တို့တွေဟာ ဒီမေးခွန်းတွေကို ထိုင်စဉ်းစားတိုင်း ခေါင်းတွေခြောက်ခဲ့ရတယ်။ နိုင်ငံတော်က ----မရှိဘူးလို့ ပြောထားရက်သားနဲ့ ဒီဘင်္ဂလီတွေကို ဘင်္ဂလီလို့မခေါ်ဘဲ ---လို့ ခေါ်ဝေါ်သုံးစွဲနေ ကြတဲ့ မီဒီယာသမားတွေကိုကော စွဲချက်တင်နိုင်တဲ့ ဥပဒေတွေမရှိတော့ဘူးလားလို့ မေးချင်တယ်။ ဒီလိုမီဒီယာ တွေကမြှောက်ပင့်နေလို့ ဘင်္ဂလီတွေဟာ အခုထိ နယ်မြေကိုအပိုင်လိုချင်တဲ့ဆန္ဒဖြစ်ပေါ်နေတာလို့ ယူဆတယ်။ နောက်တစ်ခုပြောချင်တာက- ရခိုင်ပြည်နယ်အရေးမှာ ကြိုးကိုင်လှုပ်ရှားနေသူတွေကို သတင်းအတိကျပေးကြပါ၊ ဖမ်းဆီးအရေးယူမယ်လို့ ပြောလာတယ်။ အဲဒါကော ဘာကိုဆိုလိုတာလဲ ဆိုတာမရှင်းဘူး။ တကယ်ကောအရေးယူခဲ့သလားဆိုတာ မေး ခွန်းတစ်ခုဖြစ်နေတယ်။ ပြဿနာဖြစ်တုန်းက ဦးဆောင်ခဲ့တယ်လို့ အခိုင်အမာပြောနိုင်လို့ ဖမ်းခဲ့တဲ့သူတွေကို ကောဘာကြောင့် ပြန်လွှတ်ခဲ့တာလဲ။ အပြစ်ရှိရင် အပြစ်ပေးမယ်လို့ပြောတာဟာ လွှတ်ပေးလိုက်သူတွေကို ပြန် မဖမ်းဘဲ
ဘာကြောင့် လေသေနပ်ပစ်နေတာလဲလို့ မေးချင်တယ်။ ယုတ်တိဗေဒအရ စဉ်းစားကြည့်ရင် ရခိုင်ရွာ တွေကို မီးရှို့ခဲ့သူတွေ အခုထိ အသွားမပျက်၊ အစားမပျက် ရှိနေတယ်။ အဲဒါကို ဘာပြောမလဲ။ မောင်တော၊သ ရီကုန်ဘောင်ရွာသားတွေကိုမေးကြည့်ရင်ဖြေပါတယ်။ သူတို့ရွာကိုမီးရှို့ခဲ့သူတွေကို သူတို့ ဒီနေ့အထိ မြင်နေ တွေ့နေရတယ်။ မီးရှို့သူတွေဘာမှမဖြစ်ဘူးလို့ ပြောနေကြတယ်။ ဒါတွေဟာ ဘာကြောင့် ယုတ်တိ မဆန်တာလဲ လို့ မေးစရာ ဖြစ်နေတယ်။ သူတို့ကို မဖမ်းဘဲ နေခြင်း၊ ဖမ်းထားသူတွေကို ပြန်လွှတ်ပေးခြင်းဆိုတဲ့ လုပ်ရပ်တွေကြောင့် ရခိုင်ပြည်နယ်မှာ ဒုတိယအကြိမ် မီးတောက်မီးလျှံတွေ ပြန်လည်ထွက်ပေါ်လာခဲ့တာလို့မြင်တယ်။ ဖမ်းရင်လည်းခဏပါ။ ပြန်လွှတ် ပေးမှာပါလို့ ဘင်္ဂလီတွေရဲ့ အသိမှာ စွဲလာစေတယ်။ ဒီအသိဟာ ရခိုင်ပြည်မှာ ပဋိပက္ခတွေထပ်ဖြစ်လာစေ တယ်။ ထပ်မံဆူပူမူတွေ ဖြစ်လာဖို့ တွန်းအားပေးနေခဲ့သလိုဖြစ်ခဲ့တယ်လို့ သုံးသပ်မိပါတယ်။ ဒါကလေးကစားတာမဟုတ်ဘူး။ တကယ့်ကို အရေးကြီး ပြဿနာဖြစ်နေတာပါ။ တစ်ချို့ကတော့ ကလေးတွေက စားနေတာလို့ မြင်နေမလား မသိဘူး။ ရခိုင်တွေရဲ့အရေးကို ကာကွယ်ဖို့၊ တိုင်းရင်းသားအရေးကိုကာကွယ်ဖို့ အတွက် ကျွန်တော်တို့အားလုံး မှာတာဝန်ရှိပါတယ်။ ဘယ်အဖွဲ့မှ ကျောထောက်နောက်ခံမရှိတဲ့ ရခိုင်တိုင်းရင်းသားတွေကို မကူညီဘဲ သူခိုးဓါးရိုးကန်းလုပ်နေကြ မယ်ဆိုရင်တော့ တစ်ဘက်သတ်ဖြစ်နေပါလိမ့်မယ်။ အခုထိ ဘယ်နိုင်ငံတကာအဖွဲ့ကမှ ရခိုင်တွေကို မကူညီ သေးဘူးဆိုတာ အားလုံးသိပါတယ်။ ဒါကြောင့် ရခိုင်တွေရဲ့လူနေမှုဘ၀ ဟာ ပြောင်းလဲနေပါပြီ။ ကိုယ့်ပြည်၊ ကိုယ့်မြေမှာ နေပြီး ဧည့်သည်ကိုကြောက်နေရတဲ့ ဘ၀ကိုသာ ဆက်လက်ရင်ဆိုင်ရမယ်ဆိုရင် ဘယ်သူ့ကိုအဖေ ခေါ်ရမလဲ။ ဘယ်သူ့ကိုအမေ ခေါ်ရမလဲ ဖြစ်နေရပါပြီ။ တကယ်တော့ ရှည်ရှည်ဝေးဝေးစဉ်းစားနေစရာမလိုပါ ဘူး။ ဘင်္ဂလီတွေကို နောက်ကွယ်က ကြိုးကိုင်လှုပ်ရှားနေတာက OIC ဘဲဖြစ်တယ်။ OIC ရဲ့တွန်းအားကြောင့် ဘင်္ဂလီတွေအခုဒီလိုဖြစ်လာတာလို့ ပြောချင်တယ်။ နောက်တစ်ခုပြောချင်တာက ဗလီဆရာတွေအကြောင်းပါ။ ဗလီဆရာလို့ခေါ်တဲ့မော်လ၀ီ တွေဟာ ရခိုင်ပြည် ပဋိပက္ခမှာ အဓိက ကြိုးကိုင်သူတွေလို့ ကျွန်တော်အကြမ်းဖျင်းသုံးသပ်မိတယ်။ ဘာကြောင့်လဲဆိုတော့ ဗလီ ဆရာတွေဟာ အမျိုးသမီးတွေကို ထိန်းချုပ်ထားသလို ဘာသာရေးအရ ဗလီတွေကို ဘယ်သူမှ မ၀င်နိုင်အောင် လုပ်ထားတာကိုတွေ့ရတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဘယ်ဘာသာမှ သူတို့ရဲ့ ကိုးကွယ်အားထားရာနနေရာ ကို ၀င်ခွင့်မပြုတာမရှိပါဘူး။ အခုက သူတို့ဟာ သိပ်ပြီး သီးခြားဆန်လွန်းတယ်။ နောက်တစ်ခုက ရခိုင်ပြည်နယ် ထဲမှာ ဗလီတွေ မှိုပေါက်သလို ပေါလာတယ်။ ဘယ်အချိန်က တည်ထားလိုက်တယ်မသိတဲ့ ဗလီတွေဟာ ဘယ် နှစ်ခုနှစ်ကတည်းက ရှိနေခဲ့တာပါလို့ စာတမ်းတွေထိုးထားတာကို တွေ့ရတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်မှ ဗလီ ဘယ်လောက်ရှိတယ်ဆိုတာကို လေ့လာပြီး ဖျက်သင့်ဖျက်ထိုက်တဲ့ဗလီတွေကို ဖျက်ရမယ်။ စည်ပင်ဥပဒေအရ စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာရမယ်။ ဒီနေရာမှာ ဗလီသစ်တစ်ခုဆောက်ဖို့ဆိုတာ စည်ပင်မသိဘဲ ဖြစ်နိုင် ပါ့လမလားဆိုတာကိုလည်းထည့်တွက်စဉ်းစားဖို့ လိုပါ့မယ်။ စည်းမဲ့ကမ်းမဲ့တည်ဆောက်ခဲ့တဲ့ဗလီတွေဟာ စည် ပင်လက်ချက် ကင်းမှ ကင်းပါရဲ့လားဆိုတာကိုလည်းကျွန်တော် ထည့်တွက်စဉ်းစားမိပါတယ်။ ဒီရက်ပိုင်းမှာ လက်နက်တွေ သိမ်းဆည်းတယ်လို့ သတင်းတွေထွက်လာတယ်။ ဘင်္ဂလီရွာ ဘယ်နှစ်ရွာကလက် နက်တွေကို သိမ်းဆည်းခဲ့ပြီလဲ။စစ်ဆေးခဲ့ပြီလဲဆိုတာ သိသာနေပါတယ်။ တစ်ဘက်စောင်းနင်းလုပ်မယ်ဆိုရင် တရား ဥပဒေစိုးမိုးရေးဆိုတဲ့ နိုင်ငံတော်က ချမှတ်ထားတဲ့ လမ်းကြောင်းတွေ လွဲမှား သွားပါလိမ့်မယ်။ နောက်ဆုံးမှာ အင်အားချင်း မျှတမှုမရှိရင် ရခိုင်တိုင်းရင်းသားတွေဟာ မြေပျောက်တော့မယ်။ ---ဆိုတဲ့ ဘယ်က မှန်းမသိတဲ့ လူတစ်စုကို စနစ်တကျ ထိန်းသိမ်းထားနိုင်ခြင်းမရှိရင် ရခိုင်ပြည်နယ်ရဲ့အရေးဟာ ဘယ်တော့မှ အေးမှာမဟုတ်ပါဘူး။ ကျီလန့်စာစား ဘ၀နဲ့ နေထိုင်ရမယ့် ရခိုင်လူမျိုးတွေရဲ့ အနာဂတ်ဟာ လက်ရှိအနေ အထားရကို ကြည့်မယ်ဆိုရင် အတွေးခက်၊ အရေးခက်စေမယ့် အနေအထားဖြစ်နေတယ်လို့ ကျွန်တော်သုံးသပ် မိပါတယ်။


Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်