+catch+19yr+old+girl+use+for+guard+soldier+in+ABSDF+4.jpg)
(ကသာ)
၈၈မျိုးဆက်ကျောင်းသား တပ်မတော်(မြောက်ပိုင်း)အတွင်းရောက်ရှိနေသော ဖမ်းဆီးခံအရပ် သူတစ်ဦး
နေရပ်ပြန်လိုသော်လည်း အခက်အခဲတွေ့ကြုံနေရပါတယ် ။၂၀၁၂ခုနှစ် မတ်လအတွင်း ၀ိုင်းမော်မြို့ နယ်အောင်မြေ၁တွင် နေ့စား မုန့်ညှင်းရိပ်လုပ်ကိုင်သူ
မပြည့်ပြည့်ဝင်း (အသက် ၁၉နှစ်)နှင့်အိမ်ရှင် သမီးဖြစ်သူ တို့အား ကေအိုင်အိုအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပါသည်၊
မပြည့်ပြည့် ၀င်း၏ အဖိုးဖြစ်သူနှင့် သူ၏မိတ်ဆွေ များက ကေအိုင်အို တပ်တည်ရှိရာ လိုင်ဇာ အနီးစုံစမ်း ရာစုလှိုင်နှင်း ဆိုသူနှင့် အတူမပြည့်ပြည့်ဝင်း မှာ၈၈မျိုး ဆက်ကျောင်းသားတပ်မတော်အတွင်း
ရောက်ရှိနေကြောင်း ခိုင်လုံစွာသိရှိခဲ့ရပါသည်၊
ထိုသို့ရောက်ရှိနေခြင်းမှာ ဖမ်းဆီးခေါ်ဆောင်ခဲ့သူများမှ မပြည့်ပြည့်ဝင်းနှင့်
မစုလှိုင်နှင်း တို့နှစ်ဦးအား ၈၈မျိုး ဆက်ကျောင်းသားတပ်မတော်သို့ လက်ဆောင်ပေးခဲ့ခြင်းကြောင့်ဖြစ်သည်ဟုသိရပါသည်၊သူတို့နှစ်ဦးမှာ ၈၈မျိုးဆက်ကျောင်းသားတပ်မတော်အတွင်း တစ်ရက်လျှင် (၁)နာရီခန့်ကင်းစောင့်ခြင်း အလုပ်ကို လုပ်ကိုင်နေကြရပါသည်၊ယခုအခါ ထိုအမျိုးသမီး(၂)ဦးမှာ မိဘများထံပြန်နေလိုကြပြီး မိဘများ မှာလည်း အထူးစိုး ရိမ်ပူပန်လျှက်ရှိနေကြောင်း အဖိုးဖြစ်သူဦးတင်မှ ကျွန်တော်ထံလာရောက်ပြော ကြားခဲ့ပါ သည်၊
အသက်၆၄နှစ်အရွယ်ရှိ ဦးတင်သည် ဒီပဲယင်းမြို့နယ် ကံမြားရွာတွင်နေထိုင်သူဖြစ်ပြီး သူတို့မြေးအဖိုး ပြန်လှယ် အတူ နေထိုင်ခွင့်ရရေးအတွက် လူသားချင်း ကြင်နာစိတ်များဖြင့် ကူညီပေးကြရန်လည်း ပြောကြား ခဲ့ပါသည်၊
ဦးတင်အား ဆက်သွယ်မေးမြန်းလိုသူများအနေဖြင့်
ဖုန်း(၀၉-၄၀၀၄၆၆၁၁၀)သို့
ဆက်သွယ်နိုင်ပါကြောင်း သတင်းရရှိပါသည်၊
(မောင်ကျောက်ခဲ အဖွဲ့)
0 comments:
Post a Comment