Saturday, November 03, 2012

မြန်မာ- ဘင်္ဂလာ နယ်စပ် ပင်လယ်ပြင် နှစ်ဘက်နိုင်ငံ ရေတပ်သင်္ဘောများ တိုးချ

Posted by drmyochit Saturday, November 03, 2012, under | No comments


ရခိုင်တွင် ပေါ်ပေါက်နေသော ဆူပူ အကြမ်းဖက်မူများကြောင့် မြန်မာ- ဘင်္ဂလာနယ် စပ်  ပင်လယ်ပြင်တွင် နှစ်ဘက် နိုင်ငံ၏ ရေတပ် သင်္ဘောများကို တိုးချကာ လုံခြုံရေး မြှင့်တင် ထားကြောင်း သတင်း ရရှိသည်။ ယခု တိုးချထားမူမှာ ၂၀၀၈ ခုနှစ်ကဲ့သို့ တစ်ဘက်နှင့် တစ်ဘက် ရန်စောင် တိုက်ခိုက်ရန် အတွက် မဟုတ်ဘဲ မြန်မာနို်င်ငံမှနေပြီး ဘင်္ဂလားဒေခ်ျ့ဘက်သို့ ထွက်ပြေးသူများကို တားဆီးရန် အတွက် ဖြစ်သည်ဟု သိရသည်။“ အဓိကတော့ ဒီ ဘင်္ဂလာ ဘက်ကလည်း မြန်မာဘက်က ထွက်ပြေး လာတဲ့ လူတွေကို တားဆီးဖို့ အတွက် ရေတပ်သင်္ဘောတွေကို နယ်စပ်မှာ အများကြီးတိုးချထားပါတယ်။။ မြန်မာ ဘက်ကလည်း ရေတပ် သင်္ဘောတွေ အများကြီးရှိနေပါတယ်။ သူ့တို့ကလည်း နိုင်ငံကနေ ဒီဘက်ကို လူတွေ ကို အထွက် မပေးဘူးဗျာ” ဟု တက်ကနက် ဆိပ်ကမ်းတွင် ရှိနေသူ စီးပွားရေး သမား တစ်ဦးက ပြောသည်။


ရခိုင်အရေးတွင် ထွက်ပြေးလာသော မွတ်ဆလင် ဒုက္ခသည်များကို ဘင်္ဂလာဒေခ်ျ့က လုံးဝင် အ၀င်မပေးဘဲ ရေတပ်သင်္ဘောများကို ပင်လယ်ပြင်တွင် ဖြန့်ကျက် ချထားကာ ပြန်လည် မောင်းထုတ်နေကြောင်း သိရသည်။ မြန်မာဘက်ကလည်း ရေတပ်သင်္ဘောများဖြင့် ပင်လယ်ပြင်ကို ပိတ်ဆို့ ထားသည်ဟု မျက်မြင် ရေလုပ်သားများက ပြောသည်။ သို့အတွက် ယခု အရေးအခင်းတွင် ရခိုင်မှ ထွက်ပြေးလာသူ မွတ်ဆလင် တစ်ဦးတစ်ယောက်မှ လှေဖြင့် ဘင်္ဂလာဒေခ်ျ့သို့ ယနေ့တိုင် ရောက်ရှိလာခြင်း မရှိသေးဟု သူက ဆိုသည်။ “အခုတစ်ခေါက်ကတော့ မြန်မာနိုင်ငံက လှေစီးပြီး ထွက်ပြေး လာတာကို မတွေ့ရသေးပါဘူး။ လာရင်လည်း လက်ခံမယ့် အနေထား မရှိဘူး။ ဒီဘက်နိုင်ငံက တော်တော်ကို တင်းတင်းကျပ် လုပ်ထားပါတယ်။ နယ်ခြား စောင့်တပ်ဖွဲ့ ဘီဂျီပီ၊ ရဲတပ်ဖွဲ့နဲ့ ကမ်းခြေစောင့် တပ်ဖွဲ့လည်း နယ်စပ် တလျှောက်မှာ အပြည့်ချထားပါတယ်” ဟု ပြောသည်။ ယခုကဲ့သို့ နှစ်နိုင်ငံ နယ်စပ် တလျှောက်ပင်လယ်ပြင်တွင် ရေတပ်သင်္ဘောများ တိုးချထားသဖြင့် ထိခိုက်နေသည်မှာ မြန်မာ- ဘင်္ဂလာ နယ်စပ် စီးပွားရေးကို ဖြစ်သည်ဟု စီးပွားရေး လုပ်ကိုင်နေသူ ဦးထွန်းလှကျော်က ပြောသည်။
ရေတပ်သင်္ဘောများ ရှိနေသဖြင့် ဘင်္ဂလာဒေခ်ျ့သို့ ၀င်ရောက်နေသော မြန်မာဘက်က မော်တော်ဘုတ်အရေအတွက်မှာ အများကြီး လျှော့ကျသွားပြီး နယ်စပ် စီးပွားရေးကိုလည်း အကြီးအကျယ် ထိခိုက်နေသည်ဟု သူက ဆိုသည်။ “ ကျွန်တော်တို့ဘက်က တရားဝင်ရော၊ တရားမ၀င်ရော ဒီကိုလာတာ သိပ်မရှိတော့ဘူး။ နယ်စပ်မှာ ရေတပ် သင်္ဘောတွေက အရမ်းများနေတော့ အစစ်အဆေး အများကြီးရှိနေတယ်။ ဒါကြောင့် တရားဝင်ကုန်တွေ သယ်လာတဲ့ မော်တော်ဘုတ်တွေရော၊ မှောင်ခို မော်တော်ဘုတ်တွေရော မ၀င်တော့ဘူး။ နယ်စပ် စီးပွားရေး ကျနေပါတယ်” ဟု သူက ဆိုသည်။
၎င်းပြင် မောင်တောနှင့် တက်ကနက် အကြား နတ်မြစ်ကို မော်တော်ဘုတ်ဖြင့် ဖြတ်ကျော်ကာ ပတ်စ်ပို့နှင့် သွားလာမူကိုလည်း ယခုအခါ ပြန်လည် ရပ်ဆိုင်းထားကြောင်း သိရသည်။


  Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်