Saturday, November 03, 2012

KIA အဖွဲ့မှခြိမ်းခြောက် ဆက်ကြေးကောက်

Posted by drmyochit Saturday, November 03, 2012, under | No comments


ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့အနေဖြင့် အစိုးရတပ်များနှင့် တိုက်ပွဲဖြစ်နေသော ကာလ အတွင်း လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ စခန်းမျာပြုပြင်ရန် ရွာသားများကို အတင်းအဓမ္မ ခိုင်း စေခြင်း စသော လူ့အခွင့်အရေးချိုးဖောက်မှုများကို အဆက်မပြတ်ဆောင်ရွက်လာပါသည်။
 
တိုက်ပွဲကာလကြာရှည်လာ ခြင်းကြောင့် ထိခိုက်ဒဏ်ရရ၊ သေဆုံးသူများပြားလာခြင်းကြောင့် လူသစ်စုခြင်း၊စစ်ပွဲအတွက်လိုအပ်သော ငွေ များကို ကချင်လူထုကသာ ပေးဆောင်ရမည်ဆိုတဲ့ KIA ရဲ့အယူ အဆကြောင့် ကချင်ဒေသနေပြည်သူများမှာ အခွန်များကို မတရားပေးဆောင်နေရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့က ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်အတွင်းရှိ စတိုးဆိုင်များ အားဆက်ကြေးပေး သွင်းရန်စာများအား လိုက်လံဖြန့်ဝေခဲ့ပါတယ်။ ဟိုပင်မြို့ရှိ စတိုးဆိုင်တစ်ဆိုင်ကို ကျပ် ၂၅သိန်း စီပေးဆောင်ရမှာဖြစ်ပြီး နိုဝင်ဘာလ ၃ ရက်နေ့ နောက်ဆုံးထားပေး ဆောင်ရမှာဖြစ်ပြီး အခွန်ငွေ ပေးဆောင် ရန် ပျက် ကွက်ပါက ပြင်းထန်စွာအရေးယူမှာဖြစ်တယ်လို့ အခွန်ငွေတောင်းခံစာမှာ ဖော်ပြထားပါ တယ်။
 

ကေအိုင်အေမှ ငွေတောင်းသည့်စာ

ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်