Saturday, November 03, 2012

၈၈မျိုးဆက်ကျောင်းသား တပ်မတော်(မြောက်ပိုင်း)အတွင်းရောက်ရှိနေသော ဖမ်းဆီးခံအရပ်သူတစ်ဦး နေရပ်ပြန်လိုသော်လည်း အခက်အခဲတွေ့ကြုံနေရ

Posted by drmyochit Saturday, November 03, 2012, under | No comments


၂၀၁၂ခုနှစ် မတ်လအတွင်း ၀ိုင်းမော်မြို့နယ်အောင်မြေ၁တွင် နေ့စား မုန့်ညှင်းရိပ်လုပ်ကိုင်သူ မပြည့်ပြည့်ဝင်း(အသက်၁၉နှစ်)နှင့်အိမ်ရှင်သမီးဖြစ်သူတို့အား ကေအိုင်အိုအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရပါသည်၊မပြည့်ပြည့်ဝင်း၏ အဖိုးဖြစ်သူနှင့် သူ၏မိတ်ဆွေများက ကေအိုင်အို တပ်တည်ရှိရာ လိုင်ဇာအနီးစုံစမ်းရာ စုလှိုင်နှင်းဆိုသူနှင့်အတူ မပြည့်ပြည့်ဝင်းမှာ ၈၈မျိုးဆက်ကျောင်းသားတပ်မတော်အတွင်း ရောက်ရှိနေကြောင်းခိုင်လုံစွာသိရှိခဲ့ရပါသည်၊ ထိုသို့ရောက်ရှိနေခြင်းမှာ ဖမ်းဆီးခေါ်ဆောင်ခဲ့သူများမှ မပြည့်ပြည့်ဝင်းနှင့် မစုလှိုင်နှင်း တို့နှစ်ဦးအား ၈၈မျိုးဆက်ကျောင်းသားတပ်မတော်သို့ လက်ဆောင်ပေးခဲ့ခြင်းကြောင့် ဖြစ်သည်ဟုသိရပါသည်၊သူတို့နှစ်ဦးမှာ ၈၈မျိုးဆက်ကျောင်းသားတပ်မတော်အတွင်း တစ်ရက်လျှင် (၁)နာရီခန့်ကင်းစောင့်ခြင်းအလုပ်ကို လုပ်ကိုင်နေကြရပါသည်၊ယခုအခါ ထိုအမျိုးသမီး(၂)ဦးမှာ မိဘများထံပြန်နေလိုကြပြီး မိဘများမှာလည်းအထူးစိုးရိမ်ပူပန်လျှက် ရှိနေကြောင်း အဖိုးဖြစ်သူဦးတင်မှ ကျွန်တော်ထံလာရောက်ပြောကြားခဲ့ပါသည်၊ အသက်၆၄နှစ်အရွယ်ရှိ ဦးတင်သည် ဒီပဲယင်းမြို့နယ် ကံမြားရွာတွင်နေထိုင်သူဖြစ်ပြီး သူတို့မြေးအဖိုး ပြန်လည်အတူ
နေထိုင်ခွင့်ရရေးအတွက် လူသားချင်း ကြင်နာစိတ်များဖြင့် ကူညီပေးကြရန်လည်း ပြောကြားခဲ့ပါသည်၊။ 

Myanmar Express 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်