Saturday, November 03, 2012

နေမျိုးဇင်၊ ဒ်ါခင်ကြည်၊ ဦးဝင်းတင်၊ ရဲတိုက် ဖောင်ဒေးရှင်း ဆိုပြီး အလှူငွေကောက်ခံနေသော်လည်း မြောက်ဦးမြို့ရှိ ဒုက္ခသည်များ အဟာရချို့တဲ့ပြီး ရောဂါဖြစ်ပွားမှုအား ကူညီမည့်သူမရှိ

Posted by drmyochit Saturday, November 03, 2012, under | No comments


Mrauk Oo-refugee 1-11-12
ရခိုင်ပြည်အတွင်း မကြာမီကဖြစ်ပွားခဲ့သော ဘင်္ဂလီ-ရခိုင်အဓိကရုဏ်းကြောင့် မြောက်ဦးမြို့တွင် ခိုလှုံ နေကြသော အိုးမဲ့အိမ်မဲ့ဒုက္ခသည်များမှာ အဟာရချို့တဲ့ပြီး ရောဂါဖြစ်ပွားမှုနှုန်းများ တိုးလာနေကြောင်း သတင်း ရရှိသည်။
ဒုက္ခသည်များ၏ လိုအပ်ချက်များကို ကူညီထောက်ပံ့ပေးနေသော ဝံလက်ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ကိုဇော် ဇော်ထွန်းက " အခု အလိုတော်ပြည့်ကျောင်းမှာ ရှိနေကြတဲ့ ဒုက္ခသည်တွေထဲမှာ နေမကောင်းတဲ့ လူနာ(၅၀)ကျော် ရှိနေပါတယ်။ အဲဒီထဲမှာ ငါးနှစ်အောက် ကလေးငယ်တွေက ရောဂါအဖြစ်များပါတယ်။ မနေ့က သုံးလအရွယ် ကလေးငယ်တစ်ယောက် အာဟာရချို့တဲ့လို့ ဆေးရုံပို့လိုက်ရပါတယ်။ အဓိက အဖြစ်များကြတဲ့ ရောဂါတွေကတော့ လူကြီးတွေက သွေးအားနည်း၊ ခေါင်းကိုက်ရောဂါ အဖြစ်များပါတယ်။ ကလေးငယ်တွေက နှာစေး၊ ချောင်းဆိုး၊ တုပ်ကွေးရောဂါနှင့် တစ်ချို့ကလေးတွေဆိုရင် ဗိုက်ထဲမှာ သန်ကောင်တွေ တွေ့ရပါတယ်။ " ဟု Arakantimes သို့ ပြောကြားသည်။

ဒုက္ခသည်များမှာ ယခုကဲ့သို့ အဟာရချို့တဲ့ပြီး ရောဂါဖြစ်ပွားမှုနှုန်းတိုးလာနေခြင်းမှာ ကယ်ဆယ်ရေး အထောက်အပံ့ လုံလောက်မှုမရှိခြင်းနှင့် ဒုက္ခသည်များမှာ ငှက်ပျောတုံးဟင်းဖြင့် နေ့တိုင်း စားသောက်နေကြ ရခြင်းကြောင့် ဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် ဒုက္ခသည်များမှာ စားဝတ်နေရေးအပြင် သောက်ရေသုံးရေများလည်း အခက်အခဲ များစွာရှိနေကြောင်း ထပ်မံပြောကြား သွားသည်။" အလိုတော် ပြည့်ကျောင်းမှာ ရေတွင်း(၂)တွင်းပဲ ရှိတာ ဆိုတော့ ဒုက္ခသည်တွေအတွက် ရေချိုးဖို့နဲ့ ချက်ပြုတ်စားသောက်ဖို့ မလုံလောက်ဘူး ဖြစ်နေပါတယ်။ သူတို့က အနီးအနားမှာရှိတဲ့ အိမ်တွေကို အကူအညီတောင်းပြီးတော့ ရေသွားချိုးနေရတယ်။ အနီးအနားမှာ ရေကန် တွေမရှိတဲ့အတွက် သုံးဖို့နဲ့ ချက်ပြုတ်စားသောက်ဖို့ ရေကလုံးဝ အဆင်မပြေဖြစ်နေတယ်။ "ဟု ၄င်းက ဆက်လက်၍ ပြောသည်။
ထို့အပြင် မြို့နယ်ဆရာဝန်ကြီး အစီအစဉ်ဖြင့် ဆရာဝန်၊ သူနာပြုများမှာ အလိုတော်ပြည့်ကျောင်းတွင် ရှိသည့် လူနာများနှင့် တခြားနေရာတွင်ရှိသော ဒုက္ခသည်များအား လိုက်လံ ဆေးဝါး ကုသပေး နေကြောင်း သိရသည်။
အလားတူ ရွှေဂူတောင်ကျောင်းတိုက်ရှိ ဒုက္ခသည်များအား နာရေးအသင်းတစ်ခုက သုံးရက်စာအတွက် မိသားစု တစ်စုလျှင် ငွေ(၂၀၀၀ိ/-)ကျပ် ထောက်ပံ့ပေးနေကြောင်းနှင့် သောက်ရေအတွက် ဝံလက် ဖောင်ဒေး ရှင်းက ရေသန့်ဘူးများ ဝယ်ကာ ထောက်ပံ့ပေးနေကြောင်း သိရှိရသည်။
မြောက်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းအတွင်း မီးဘေးဒုက္ခသည်များနှင့် အိုးအိမ်စွန့်ကာ ထွက်ပြေး လာကြသော ဒုက္ခသည်များမှာ တိုးလာနေကြောင်းနှင့် အဓိကရုဏ်း ဖြစ်နေစဉ် ဒုက္ခသည်စခန်း (၃)ခုသာ ရှိသော်လည်း ယခုအချိန်တွင် ဒုက္ခသည်စခန်း (၅)ခုထိရှိသွားပြီ ဖြစ်ကြောင်းသိရှိရသည်။ မြောက်ဦးမြို့ရှိ ဒုက္ခသည်အရေအတွက်မှာ အိမ်ထောင်စု(၁၈၈)စု၊ လူဦးရေ(၆၃၇)ဦး ရှိနေပြီဖြစ်သည်။
သို့သော်လည်း ယခုချိန်ထိ အစိုးရအာဏာပိုင်အဖွဲ့အစည်းများမှ မြောက်ဦးမြို့ပေါ်ရှိ ဒုက္ခသည်စခန်းများသို့ လာရောက်ကြည့်ရှု့ခြင်း၊ ထောက်ပံ့ကူညီပေးမှုများ တစ်စုံတစ်ရာမရှိသေးကြောင်း သိရသည်။


 Myanmar Express

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်