Wednesday, December 12, 2012

မမျော်လင့်ပဲသေဆုံးသွားပြီးဖြစ်တဲ့ဇနီးကိုသချိုင်းကနေအိမ်ကိုပြန်သယ်လာတဲ့ အချစ်ရှူးသမား

Posted by drmyochit Wednesday, December 12, 2012, under | No comments



အမေရိကန်နိုင်ငံ Arizona က Jeff Green ဆိုတဲ့ အသက် ၃၂ နှစ် အရွယ်ရှိ လူတစ်ယောက်ရဲ့ ဇနီးဖြစ်သူ Lucy ဟာ နှလုံးရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်..။ သူဟာ သူ့မိန်းမကို အရမ်းချစ်လွန်းပြီး သိပ်ကို ခံစား ခဲ့ရ ပါတယ်..၊ နောက်ဆုံးတော့ သူဟာ သာမန်လူသားတွေ လုပ်ဖို့ မစဉ်းစားရဲတဲ့ မိုက်မဲတဲ့ လုပ်ရပ်တစ်ခုကို လုပ်ခဲ့ပါတယ်..၊ အဲဒါကတော့ သေဆုံးသူ သူ့ဇနီးကို သချိုင်းကနေ အိမ်ကို ပြန်သယ်လာတာပဲ ဖြစ်ပါတယ်။

 
Lucy မသေဆုံးမီ Jeff Green ကို "ငါတို့ ကောင်းကဘုံမှာ ပြန်ဆုံရအောင်"  လို့ပြောခဲ့ ပါ တယ်.။ ဒီစ ကားက Jeff ရဲ့ ခံစားချက်တွေကို နှစ်သိမ့်နိုင်စွမ်းမရှိခဲ့ပါဘူး၊ အသုဘ ချတဲ့နေ့ မှာ..၊ မျှော်လင့်ချက် ကင်းမဲ့ တဲ့ မျက်နှာနဲ့ Jeff ဟာLucy ကို သူ့စီကနေ ထွက်ခွာခွင့်မပြုဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

သူဟာ တာဝန်ရှိသူတွေနဲ့ စကားပြောခဲ့ပါတယ်..၊ သူ့ကိုတာဝန်ရှိသူတွေက မယုံကြည်နိုင် ခဲ့ပေ မယ့်..၊ ပြင်းထန် လှတဲ့ သှူ့ဆန္ဒကို မလွန်ဆန် နိုင်တာကြောင့် ထူးခြား နောက်ဆုံးတော့ သူ့ဇနီးကို အိမ်ပြန် သယ် သွားနိုင်မယ့် အထူးခွင့်ပြုချက်ကို ပေးခဲ့ပါတယ်..၊


" ကျွန်တော့်ဇနီးကို အိမ်မှာထားရတာက မြေအောက် ၇ ပေ လောက်မှာ မြှပ်ရမှာထက် ပိုကောင်းပါတယ်၊ Lucy ဟာ ပျော်ရွှင် တတ်သူလည်း ဖြစ်တာကြောင့် သူက ကျွန်တော့် ကော်ဖီစားပွဲဖြစ်ရတာ သူဝမ်းသာမှာ ပါ " လို့လည်းပြောခဲ့ပါတယ်..။

Jeff ဟာ အလောင်းကို မပျက်စီးစေမယ့် အထူးစီမံပြုလုပ်ထားတဲ့ ဖန်အခေါင်း တစ်လုံးကို ဒေါ်လာ ၆၀၀၀ လောက် အကုန် အကျခံကာ မှာယူခဲ့ပါတယ်။ တစ်ချို့ အပေါင်း အဖော်နဲ့ ဆွေ မျိုးတွေ ဟာ.၊ ကြောက် လန့်ပြီး သူ့အိမ်ကို လာမလည်တော့ ပါဘူး..၊ 


ဒါပေမယ့် သူ့ခံစားချက်ကို နားလည်တဲ့ သူငယ်ချင်း အချို့ကတော့ လာလည်မြဲ လာလည် ကြပါတယ်၊ တစ်ချို့ ဆိုရင် ဒီကော်ဖီ စားပွဲဟာ အတော်ကောင်းကြောင်း ကိုတောင် ချီးမွမ်းပြော ဆိုသွား ပါသ တဲ့ဗျာ။


အောင်ထွန်ဦး

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်