Wednesday, December 12, 2012

အစိုးရမှ အချက်(၃)ချက် မလိုက်လျောခြင်းကြောင့် တစ်တိုင်းပြည်လုံးရှိသံဃာများ ဆန္ဒပြမည်

Posted by drmyochit Wednesday, December 12, 2012, under | No comments



လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ် စခန်းအား အကြမ်းဖက် ဖြိုခွင်းခဲ့ ရာတွင် ဒဏ်ရာရ သံဃာ များကို သက်ဆိုင်ရာ တာဝန် ရှိသူ များမှ တစ်စုံ တစ်ရာ လိုက်လျောခြင်း မရှိခြင်းကြောင့် ဒီဇင်ဘာ (၁၂)ရက်နေ့တွင် မြန်မာ နိုင်ငံရှိ သံဃာများ ဆန္ဒပြ တောင်းဆို သွားမည် ဖြစ်သည်ဟု ကျန်း မာရေး ပြုစု စောင့်ရှောက်မှု ကော်မတီမှ ဦးဥတ္တမ ထံမှ သိရှိရသည်။


 “ဦးဇင်းတို့ တောင်းဆို ထားတဲ့ အချက် (၃)ချက် ရှိတယ်၊ ဒဏ်ရာရ သံဃာ တွေကို ၀န်ချ တောင်းပန်ဖို့၊ ပစ်မိန့် ပေးခဲ့တဲ့ တာဝန် ရှိသူကို အရေးယူ ပေးဖို့နဲ့ ဆန္ဒပြ ရာမှာ ဖမ်းဆီး ထားသူ တွေကို အကုန် ပြန်လွှတ် ပေးဖို့ အဲ့ဒါတွေကို သတ်မှတ်ရက် အတွင်း တစ်ခုမှ မလုပ်ပေးရင် တစ်တိုင်း ပြည်လုံး ဆန္ဒပြမှာ ဆိုပြီး ကြိုပြော ထားပါတယ်” ဟု ကျန်းမာရေး ပြုစု စောင့်ရှောက်မှုကော်မတီမှ ဦးဥတ္တမက မိန့်ကြားသည်။

 သံဃာများ ဆန္ဒပြ တောင်းဆို ရာတွင် သက်ဆိုင်ရာ မြို့နယ် များသို့ ခွင့်ပြုမိန့် မတောင်းဘဲ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရှိ ရသည်။  “ခွင့်ပြုမိန့် မတောင်းတာက ခွင့်ပြုမယ် ၊ မပြုမယ် ဆိုတာ မသေချာဘူး အဲ့ဒါတွေကို မစောင့်နိုင်ဘူး “ ဟု မန္တလေး အခြေစိုက် ဘ၀ အလင်း ဆေးခန်းမှ ဦးသော ပိတက မိန့်သည်။
နိုင်ငံတော် အစိုးရမှ စုံစမ်း စစ်ဆေးရေး ကော်မတီ ဖွဲ့စည်း ပေးထားပြီး အဆိုပါ ကော်မတီကို အားကိုး၍ မရ နိုင်ကြောင်း ဦးသောပိတက ဆက်လက် မိန့်ကြားခဲ့သည်။  “စုံစမ်း စစ်ဆေး ရေးမှာ ဒေါ်အောင်ဆန်းစုကြည် ပါပေမဲ့ သူက စုံစမ်းလို့ပဲ ရနိုင်တယ် ဖမ်းဆီးထား တာက ကော်မရှင်နဲ့ မဆိုင်ဘူးလေ အဲ့အပိုင်းကို အားကိုးလို့ မရနိုင်ဘူး တစ်ချို့ လူတွေကို အာမခံနဲ့ ပြန်လွှတ် ပေးပြီးပေမဲ့ တစ်ချို့ လူတွေ ကျန်နေသေးတယ် အကုန် မလွှတ်ပေး သေးဘူး၊ အဲ့ဒါ တွေကြောင့် ဆန္ဒပြမှာပါ” ဟု ဦးသော ပိတက မိန့်ကြားခဲ့သည်။


 ဒီဇင်ဘာ (၁၂)ရက်နေ့ နေ့လည် (၁)နာရီ အချိန် ခန့်တွင် တိုင်းနှင့် ပြည်နယ် များမှ သံဃာများ အားလုံး ဆန္ဒပြ တောင်းဆို သွားမည် ဖြစ်သော်လည်း ရန်ကုန်တိုင်း ဒေသကြီးတွင် မည်သည့် နေရာ၌ စတင်မည်ကို မသိရှိရ သေးကြောင်း၊ မန္တလေးတိုင်း ဒေသကြီးတွင် ၄၁ လမ်းရှိ ဦးဘ ဘုရားရှေ့မှ စတင်ကာ လမ်းလျှောက် ဆန္ဒပြမည် ဖြစ်ကြောင်း သိရှိရသည်။


ဒီဇင်ဘာ (၁၁) ရက်နေ့တွင် ဗဟန်းမြို့နယ် ရဲစခန်းမှ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း သပိတ် စခန်း အကြမ်းဖက် ဖြိုခွင်း ခြင်းကို အရေးယူ ပေးရန် ဆန္ဒပြ တောင်းဆို ခဲ့သူ ကိုမိုးသွေးအား အယူခံဝင် စေကြောင်း GWမှ တာဝန်ရှိသူ ကိုဝင်းထွဋ် ထံမှ သိရှိရသည်။


 “တခြား လူလွှတ် မလွှတ်တော့ မသိသေးဘူး ကျွန်တော်တို့ အဖွဲ့က ကိုမိုးသွေး ကတော့ ဒီနေ့ ဗဟန်းမြို့နယ် ရဲစခန်းမှာ အယူခံ ၀င်ရတယ်” ဟု မျိုးဆက်သစ် လူငယ် များအဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ကိုဝင်းထွဋ်က ပြောသည်။

 နိုဝင်ဘာလ အတွင်းတွင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး နှင့် သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခဲ့ သူများကို အရေးယူ ပေးရေး အတွက် ဆန္ဒပြခဲ့ သူများမှ ခေါင်းဆောင် (၈) ဦးခန့်ကို သက်ဆိုင်ရာ အာဏာပိုင် များမှ ဖမ်းဆီး ထိန်းသိမ်း ထားခဲ့ပြီး ယနေ့ အချိန်ထိ မည်သူ တစ်ဦးမှ လွှတ်ပေးခြင်း မရှိသေးကြောင်း သိရှိရသည်။


မြစ်မခမီဒီယာ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်