Wednesday, December 12, 2012

မအူပင်မြို့မရဲစခန်းမှ အချုပ်သား ၃ ဦးထွက်ပြေး

Posted by drmyochit Wednesday, December 12, 2012, under | No comments



မအူပင် မြို့နယ် ကမ်းနားလမ်း (အောင်) အပေါင် ဆိုင်တွင် (ဗိုလ်မှူး အတုက သေနတ် အတုနှင့် ရွှေအတု ကို လိမ်လည် ပေါင်နှံ သူများဟု စွပ်စွဲခံ ရ၍ မအူပင်မြို့မ ရဲစခန်းတွင် ပြစ်မှုအမှတ် ပ/၁၇၂ (၂၀၁၂)  ပုဒ်မ ၄၂၀ /၁၇၀/၁၄၀/၃၄/အရ အရေးယူ စစ်ဆေး နေဆဲ ဖြစ်သည့် (မြင့်နိုင်ဦး ၊ ခင်မောင်တင် ၊ ကျော်လွင်ဦး ၊ ကြူဇင်) တို့ (၄) ဦးအနက်မှ (မြင့်နိုင်ဦး ၊ ခင်မောင်တင် ၊ ကျော်လွင်ဦး ) တို့ (၃) ဦးသည် (၉.၁၂.၁၂) နေ့ နံနက်က ရဲအ ချုပ်ခန်းမှ ထွက်ပြေး သွားကြောင်း သိရှိ ရပါသည်။

သို့ပါ၍ ဖော်ပြပါ ဓာတ်ပုံတွင် ပါရှိ သူများကို ပြည်သူများ အနေနှင့် တွေ့ရှိပါက နီးစပ်ရာ ရဲစခန်း နှင့် တာဝန် ရှိသူများ ထံ (သတင်း ပေးပို့)ဆက်သွယ် ကူညီနိုင်ပါရန် သက်ဆိုင်၇ာ က နိုးဆော် ထားကြောင်း သတင်းရရှိ ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်