Wednesday, December 12, 2012

မန်း မှ သေကြောင်းကြံစည်သူတစ်ဦး အား သက်ဆိုင်ရာမှ အချိန်မှီ တားဆီး(ရုပ်/သံ)

Posted by drmyochit Wednesday, December 12, 2012, under | No comments



ယနေ့ နံနက် ၁၀ နာရီခွဲ ခန့် အချိန်တွင် မန္တလေး မြို့ ၃၃ လမ်းပေါ်ရှိ ဒိုင်းမွန်းပလာ အပေါ်ထပ်မှ လူတစ်ယောက် မိမိကိုယ်ကို မိမိ သေကြောင်း ကြံစည် ခုန်ချရန် ကြိုးပမ်းခဲ့သည်။ အဆိုပါ နေရာ သို့  သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်မှ တာဝန်ရှိသူများ၊ ကယ်ဆယ်ရေး အဖွဲ့ ဝင်များနှင့် မီးသတ်ယာဉ် ၂ စီးတို့ ရောက်ရှိ လာပြီး မိမိကိုယ်ကို မိမိ သေကြောင်းကြံစည် ခုန်ချရန် ကြိုးပမ်းသော အသက် ၃၅ နှစ် အရွယ်ရှိ အမျိုးသား တစ်ဦးအား အချိန်မှီ ထိန်းသိမ်းနိုင်ခဲ့သည်။ 


" သူ့ ရဲ့ မိန်းကလေး နဲ့ အဆင်မပြေလို့ ခုန်ချပြီး သေကြောင်းကြံစည် တယ် လို့ ပြောတာပဲ " ဟု အဆိုပါ ဒိုင်းမွန်း ပလာ အပေါ်ဆုံးထပ်တွင် ရောက်ရှိနေသော တာဝန်ရှိသူ တစ်ဦးက ပေါ်ပြူလာ နယူးစ်သို့ ပြော သည်။  ယခု အခါ အဆိုပါ အမျိုးသားအား သက်ဆိုင်ရာ ရဲစခန်းမှ ခေါ်ဆောင် သွားခဲ့ကြောင်းသိရသည်။

 
သတင်း၊ ဓါတ်ပုံ - စိုင်းလမင်း



Popular News  

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်