Wednesday, December 12, 2012

အမျိုးသမီးတစ်ဦးကို ဓားဖြင့် အချက် ပေါင်းများစွာ ထိုးသတ်သူကို ဖမ်းဆီးရမိ

Posted by drmyochit Wednesday, December 12, 2012, under | No comments




 ရန်ကုန်တိုင်း ဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်၊ ယမုံနာလမ်း၊ အမှတ် (၂/၄) ရှိ သီရိစံအိမ်ဟိုတယ် အခန်း -- - တွင် ၂၄-၁၁-၂၀၁၂ ရက်က ဖြစ်ပွားခဲ့ သော အမျိုး သမီး တစ်ဦး အသတ် ခံရခြင်း နှင့်ပတ် သက်၍ လူသတ်မှု ကျူးလွန်သူဟု ဆိုသူကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး သက်ဆိုင်ရာ မှ ၂၉- ၁၁-၂၀၁၂ ရက်က သိရသည်။


ဖြစ်စဉ်မှာ ၂၅-၁၁-၂၀၁၂ ရက် နေ့ လယ် ၁၁ နာရီခွဲအချိန်ခန့်တွင် သီရိစံအိမ် ဟိုတယ် အခန်း --- တငွ် ၂၄-၁၁-၂၀၁၂ ရက် လာရောက်တည်းခိုနေသူအား အခန်းပြန်လည်အပ်ရန် ဟိုတယ်မန်နေဂျာက ဆက်သွယ်မေးမြန်းရာ ပြန်လည်ပြောကြားချက်မရှိသဖြင့် ဟိုတယ်ဝန်ထမ်းများနှင့်အတူ အခန်းကို သော့ဖွင့် စစ် ဆေးရာ လာရောက် တည်းခိုသူ မ..... (၃၁ နှစ်) လှိုင်သာယာ မြို့နယ်နေသူသည် အခန်း၏ ကုတင်အောက်ကြမ်းပြင်ပေါ်၌ ပက်လက်အနေအထား ဖြင့် ရင်ဘက်နှင့်ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာ ၁၁ချက်၊ နောက်ကျော်တွင် ထိုးသွင်းဒဏ်ရာ သုံးချက်၊ ညာဘက်လက်ဖျံပြတ်ရှ ဒဏ်ရာ တစ်ချက်ဖြင့် ပါးစပ်မှ အမြှုပ်များ ထွက်ကာ စောင်အုပ် ထားသော သော အနေအထားဖြင့် သေဆုံးနေ သည်ဟုဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ် သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက မ----နှင့်အတူ လာရောက် တည်းခိုသူမှာ မောင်လေး (ခ) ဟာနစ် ယာဉ်မောင်း၊ သင်္ဃန်းကျွန်းမြို့နယ်နေသူဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် သီရိစံ အိမ်ဟိုတယ်သို့ မေးမြန်းရာ ဖြစ်စဉ်ပါနှစ်ဦးသည် ၂၄-၁၁- ၂၀၁၂ ရက် နေ့လယ် ၁၁ နာရီခွဲအချိန်ခန့် မှ စတင်ကာ လာရောက်တည်းခိုသူများ ဖြစ်ကြောင်း၊

 ယင်းနေ့ ည ၉ နာရီအချိန် ခန့်တွင် မောင်လေး(ခ)ဟာနစ်မှာ အပြင် ခဏသွားမည်ဆိုကာ ထွက် သွားကြောင်း၊ ပြန် လည်ရောက်ရှိလာခြင်း ရှိမရှိကို သတိ မထားမိကြောင်း ၂၅-၁၁-၂၀၁၂ ရက် အခန်းအပ် ရန် ဆက်သွယ်မေးမြန်းကာမှ သိရှိခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့သည်။

ယင်းနောက် အမှုမှ မသင်္ကာဖြစ်သူ မောင်လေး (ခ) ဟာနစ်ကို ဆက်လက် ရှာဖွေခဲ့ရာ ၂၆-၁၁-၂၀၁၂ ရက် နံနက် ၂ နာရီ မိနစ် ၄၀ အချိန်ခန့်တွင် ပဲခူးတိုင်း ဒေသကြီး၊ ထန်းတပင်မြို့နယ်၊ သီရိဟေ မာရပ် ကွက်တွင် ဖမ်းဆီးရမိပြီး စစ်ဆေး မေးမြန်းရာ မောင်ေ်လေး (ခ) ဟာနစ်က သေဆုံးသူ မ----ဖြင့် ဖုန်းဖြင့် ဆက်သွယ် ချိန်းဆိုခဲ့ကာ သီရိစံအိမ်ဟိုတယ်တွင် အခန်းခ ကျပ်တစ်သောင်းပေး ၍ နေထိုင် ခဲ့ ကြောင်း၊


 ယင်းနောက် အသင့်ပါလာသော ခလုတ်ခေါက် ဓားကို ရေချိုးခန်း အိမ်သာရေ လောင်း၊ ကြေအိုးနောက် တွင် ဝှက်ထားခဲ့ ပြီး မ----နှင့် နှစ်ကြိမ်ဆက်ဆံခဲ့ပြီး နှစ်ဦးသား ခဏကြာ အိပ်ပျော်ခဲ့ကြောင်း၊ အိပ်ယာ မှနိုးစဉ် နှစ်ဦး သားခုတင်ပေါ်တွင် စကား ထိုင်ပြောနေ ရာမှမိမိက မ..... အား "ယခုလို တခြား သူစိမ်းယောကျာ်း လေးများနဲ့ လာဘူးလား" ဟု မေးလိုက်ရာ မှ စကားများ ရန်ဖြစ် ခဲ့ကြစဉ် မိမိအား ရိုင်းစိုင်း စွာပြောဆိုပြီး ပါးရိုက်သဖြင့် အသင့်ပါ လာသော ဓားကိုယူ၍ မ---- ၏ ဗိုက်အား တစ်ချက် ထိုးခဲ့စဉ် ပြန်လည် ခုခံရန်ကြိုးစားသဖြင့် ဝမ်းဗိုက်ကို ဓားဖြင့် ဆင့်ကာဆင့်ကာ ထိုးခဲ့ကြောင်း၊

ယင်း နောက်ဟိုတယ်မှ ကားငှားကာ နေအိမ် အနီးသို့ပြန်၍ ဇနီးဖြစ်သူထံမှ ခရီးသွား မည်ဟုဆိုကာ အင်္ကျီ အဝတ် အစားများယူ ပြီး ပဲခူးရှိ ဇနီးဖြစ်သူ၏အစ်ကိုထံ သွား ရောက်နေထိုင်စဉ် ယခုကဲ့သို့ ဖမ်းဆီး ခံခဲ့ရ ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါပုံ ရဲစခန်းက (ပ) ၄၆၇/၂၀၁၂ ပုဒ်မ-၃၀၂ ဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


နေထက်ဝေ

ပြည်မြန်မာဂျာနယ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်