Wednesday, December 12, 2012

၁၂ ရက်နေ့  ၁၂ နာရီ နောက်ဆုံးထား ဖြေရှင်းခြင်း မပြု ပါ က အထွေထွေ သပိတ် စတင် မည်

Posted by drmyochit Wednesday, December 12, 2012, under | No comments



မြန်မာ နိုင်ငံလုံး ဆိုင်ရာ သံဃာ့ လှုပ်ရှားမှု ဦးဆောင် ကော်မတီ ကြေညာချက် အမှတ် ၁/၂၀၁၂
၁၀.၁၂.၂၀၁၂
 
၁။ အောက်မြန်မာ နိုင်ငံ သံဃာတော် များနှင့် အထက် မြန်မာ နိုင်ငံ သံဃာတော်များ ပူးပေါင်းပြီး မြန် မာ နိုင်ငံလုံး ဆိုင်ရာ သံဃာ့ လှုပ်ရှားမှု ဦးဆောင်ကော် မတီကို ၁၀.၁၂.၂၀၁၂ ရက်နေ့တွင် ဖွဲ့စည်း လိုက် သည်။

၂။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အမျိုးဘာသာ သာသနာနှင့် ပြည်သူပြည်သားတို့၏ အကျိုး ကိုမျှော် ကိုးပြီး ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်နေကြသော သံဃာတော် များနှင့်ပြည်သူ များကို လူမဆန်စွာ
အကြမ်း ဖက် ဖြိုခွင်းခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရခဲ့ကြပါသည်။


သို့ဖြစ် ပါ၍ မြန်မာနိုင်ငံ လုံးဆိုင်ရာ သံဃာ့ လှုပ်ရှားမှု ဦးဆောင်ကော် မတီမှ အထက်ပါ လူမဆန်သော လုပ်ရပ် များ ကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချသည်။

ထို့ပြင် သံဃာတော်အရှင်သူမြတ်များနှင့် ပြည်သူလူထုအပေါင်းမှ မိမိတို့နိုင်ငံတွင် အထွဋ်အမြတ်ထား ကိုး ကွယ်လျက် ရှိသော သံဃာတော်များကို မီးလောင်ဗုန်းများဖြင့် လူမဆန်စွာ မီးလောင်တိုက် သွင်းချေမှုန်း မှုကို ရှုတ်ချ သောအားဖြင့် တစ်ညီတစ်ညွတ်တည်း ပူးပေါင်းပါဝင်ကြပါရန် အလေးအနက် တိုက်တွန်း လိုက် သည်။


၃။ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့လှုပ်ရှားမှုဦးဆောင်ကော်မတီမှ အောက်ပါအချက်များကို တောင်းဆိုလိုက်
သည်။

(က) နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာရခဲ့ကြသူများနှင့် သံဃာထုတစ်ရပ်လုံးကို ၀န်ချ တောင်းပန်ရန်၊

(ခ) အကြမ်းဖက်ဖြိုခွင်းမှုတွင် တာဝန်ရှိသောသူများကို ဖော်ထုတ်အရေးယူပေးရန်၊

(ဂ) ကြေးနီစီမံကိန်းနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသူများကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊

အထက်ပါတောင်းဆိုချက် (၃) ချက်ကို ၁၂.၁၂.၂၀၁၂ ရက်နေ့ နေ့လယ် (၁၂း၀၀)နာရီ တွင် နောက် ဆုံးထား လိုက်လျောခြင်း မရှိပါက မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ သံဃာတော် များနှင့် ပြည်သူ လူထုများ ပူးပေါင်းပြီး အထွေထွေ သပိတ်ကြီးကို စတင် ဆင်နွှဲ သွားမည်ဖြစ်ပါသည်။


မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့လှုပ်ရှားမှုဦးဆောင်ကော်မတီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်