Sunday, December 09, 2012

ကျန်းမာရေး ပိုကောင်းအောင် ဘယ်လို အသက်ရှူမလဲ

Posted by drmyochit Sunday, December 09, 2012, under | No comments


အသက်ရှူတဲ့ အခါမှာ အခြေခံကျတဲ့ နည်းလမ်းကတော့ အသက်ရှူသွင်းတာနဲ့ အသက်ရှူထုတ်တာကို ထပ်တလဲလဲ လုပ်ဆောင်တာ ဆိုပေမယ့် အသက်ဝဝ ရှူသွင်း၊ ရှူထုတ်တာက စိတ်နဲ့ ခန္ဓာကိုယ်ကို အားအင်တွေ ရရှိစေပါတယ်။ အသက်ရှူတဲ့ အပေါ်မှာ စိတ်ကို စူးစိုက်ထားရှိတာဟာ အာရုံ စူးစိုက်အား ကောင်းတာ၊ အကောင်းမြင်စိတ်ရှိတာ၊ ခန္ဓာကိုယ်နဲ့ စိတ်စွမ်းအင် တိုးတာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေတယ်လို့ တရုတ်လူမျိုးတွေက ယုံကြည်ကြပါတယ်။ အဲဒီလို စိတ်ရော ကိုယ်ပါ ကျန်းမာရေး ကောင်းနေအောင် ဘယ်လို အသက်ရှူရမလဲဆိုတာ အကြံပြုပါရစေ။


(၁) သက်သောင့်သက်သာ ရှိပါစေ
အသက်ရှူဖို့ရာအတွက် ထိုင်မယ် ဒါမှမဟုတ် မတ်တတ်ရပ်မယ်ဆိုရင် ကျောကို မတ်မတ်ထားပြီး လည်ပင်းကို ဆန့်ထားကာ ဦးခေါင်းကို ကောင်းကင်ဆီ ဦးတည်ထားရှိပါ။ လိုအပ်ရင် ကြွက်သားတွေကို ပျော့ပျောင်းနေအောင် ထားပြီး ကြွက်သားအုပ်စုတွေကို တင်းအား လျှော့ပေးပါ။

(၂) အသက်ရှူသွင်း၊ ရှူထုတ်ကို အာရုံစိုက်ပါ
သင် အသက်ရှူတာက နှေးနေသလား၊ မြန်နေသလား။ အသက်ရှူတာက ချောချောမွေ့မွေ့ ရှိရဲ့လား စတာတွေကို သတိထားပြီး အာရုံစိုက်သင့်ပါတယ်။

(၃) အသက်ဝဝ ရှူသွင်းပါ
အသက်ရှူသွင်းတဲ့ အခါမှာ လေတွေ အဆုတ်ထဲ အပြည့် ရောက်ရှိအောင် ရင်ဘတ်ကိုဖြန့်ပြီး အသက်ရှူပါ။ အသက်ရှူထုတ်တဲ့အခါ ဖြည်းဖြည်းချင်း ရှူထုတ်ပေးပါ။ ပါးစပ်နဲ့ အသက်မရှူပါနဲ့။ ပတ်ဝန်းကျင်က လေတွေဟာ မသန့်စင်ရင် နှာခေါင်းနဲ့ အသက်ရှူပါက လေတွေ သန့်စင်အောင် စစ်ထားပေးနိုင်ပါတယ်။

(၄) စိတ်ကို တည်ငြိမ်အောင် ထားပါ
သင့်အနေနဲ့ လုပ်ရမယ့် အလုပ်တွေ များနေရင် စိတ်ကို စုစည်းတဲ့ အနေနဲ့ အသက်ရှူပေးပါ။ အဆုတ်ထဲအပြည့် အသက်ဝဝရှူကာ ဖြည်းဖြည်းချင်း အသက်ရှူထုတ်ပေးပါ။ (၅) အချိန်မှတ်ပါ အသက်ရှူတဲ့ လေ့ကျင့်ခန်းကို အချိန်မရွေး၊ နေရာမရွေး လေ့ကျင့်လို့ ရပေမယ့် တစ်နေ့လုံးအတွက် စိတ်နဲ့ ခန္ဓာကိုယ် စွမ်းအင် ပြည့်နေအောင် နံနက်ခင်း အချိန်မှာ လုပ်တာက အကောင်းဆုံးပါ။ အစာစားပြီးရင် အချိန်တစ်နာရီကြာမှ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်