Sunday, December 09, 2012

ပင်လယ်ပြင် အပြန်အလှန် တိုက်ခိုက်မူ အတွင် ဘင်္ဂလီ ငါးဖမ်းသမား (၈) ဦး ဖမ်းဆီးမိ

Posted by drmyochit Sunday, December 09, 2012, under | No comments



ပေါက်တော မြို့နယ် မြေငူကျွန်း အနီး ပင်လယ်ပြင်တွင် ရခိုင်နှင့် မွတ်ဆလင် ငါးဖမ်းသမားများ အကြား ဖြစ်ပွား ခဲ့သော ရင်ဆိုင် တိုက်ခိုက်မူ အတွင်း  ရခိုင်ဘက်မှ မွတ်ဆလင် ငါးဖမ်းသမား (၈) ဦးကို ဖမ်းဆီးရမိခဲ့ပြီး ယခုအခါ ရဲလက် သို့ အပ်နှံလိုက်သည်ဟု သိရသည်။ အဆိုပါ တိုက်ခိုက်မူမှာ ပေါက်တောမြို့နယ် မြေငူကျွန်း သစ်ပုတ်ချိုင် ကျေးရွာ မှ ရခိုင်ငါးဖမ်းသမားများနှင့် စစ်တွေသဲချောင်းမှ ပင်လယ်ပြင်သို့ ငါးထွက်ဖမ်းသည့် မွတ်ဆလင် ဘင်္ဂလီ ငါးဖမ်း သမား များ အကြား ဖြစ်ပွားခဲ့ကြခြင်း ဖြစ်သည်ဟု ပေါက်တောမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်က ပြောသည်။


“ ဖြစ်တာက သစ်ပုတ်ချိုင်က လူတွေ ငါးသွားဖမ်းတော့ ရေထဲချထားတဲ့  ပိုက်တွေကို သဲချောင်းက ဘင်္ဂလီ ငါးဖမ်းသမားတွေက လုယူသွားတယ်။ ရခိုင်ဘက်က လူနည်းတော့ ထွက်ပြေးလာရပြီး နောက်လူစု ပြီး လိုက်လာတော့ ပင်လယ်ပြင်မှာ အပြန်အလှန် တိုက်ခိုက်ကြတယ်။

 ရခိုင်ဘက်က အားများတော့ ဘင်္ဂလီ ၈ ဦးဖမ်းမိတယ်။ ရခိုင်တွေကတော့ မသတ်ပါဘူး။ ကျေးရွာ အုပ်ချုပ်ရေးမှူး ကတဆင့် နယ်မြေခံ စစ်တပ်လက်ကို အပ်လိုက်ပါတယ်” ဟု ပြောဆိုသည်။

တိုက်ခိုက်မူအတွင်း  အသေအပျောက် မရှိဘဲ ထွန်းထွန်းဦးဆိုသော မွတ်ဆလင် တစ်ဦးတွင် မျက်နာတွင် ဒဏ်ရာရရှိသွားသည်ဟု ပြောဆိုသည်။

“ အခု သူတို့ (၈) ဦးက ပေါက်တော ရဲစခန်းကို ရောက်နေပြီလို့ သိရပါတယ်။ စစ်တွေ သဲချောင်းကို ပြန်ပို့မယ်လို့ ကြားရတယ်” ဟု ဦးတက်ထွန်းအောင်က ပြောသည်။

အဆိုပါ သတင်းနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်အောင်  ပေါက်တောမြို့ ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ သစ်ပုတ်ချိုင်တွင် အခင်း ဖြစ်ပွားမူမှာ ဟုတ်မှန်ကြောင်း ပြောကြားသော်လည်း ဖြစ်ပျက်ပုံနှင့် ပတ်သက်ပြီး အသေးစိတ် မသိရသေးကြောင်း ပြောကြားသည်။

တာဝန်ကျ ရဲက ပြောကြားရာတွင် မွတ်ဆလင်များဘက်မှ ဖမ်းဆီးခံသူများကို ယခုအခါ စက်လှေဖြင့် ခေါ်ယူလာပြီ ဖြစ်ကြောင်း၊ ရဲစခန်းကို မရောက်သေးသဖြင့် ဘယ်နှစ်ဦး ဖမ်းဆီး ခေါ်ဆောင်လာသည်ကို မသိရှိရသေးကြောင်း ပြောကြားသည်။

နိရဉ္စရာသတင်းဌာန

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်