Sunday, December 09, 2012

ရခိုင်ပြည်နယ် ပဋိပက္ခ ကြိုးကိုင်သူများကို ပြည်သူလူထုထံ အသိပေးမည်

Posted by drmyochit Sunday, December 09, 2012, under | No comments



 တစ်ကျော့ပြန် ပဋိပက္ခကြောင့် လူပေါင်း ၉၀ နီးပါး သေဆုံးခဲ့သော ရခိုင်ပြည်နယ် ပဋိ ပက္ခတွင် နောက်ကွယ်မှ ကြိုးကိုင် လှုံဆော် လှုပ်ရှားသူများ ကို စစ်ဆေးပြီး ပါက ပြည်သူလူထုထံ ပွင့်ပွင့် လင်းလင်း ချပြအသိပေး သွားမည် ဟု ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးရဲချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။


ရခိုင်ပြည်နယ် ပဋိပက္ခအခြေအနေများနှင့် ပတ်သက်၍ ဒီဇင်ဘာ ၈ရက်နေ့ ညနေပိုင်း တွင်ရန်ကုန်မြို့ ရှိနိုင်ငံခြားရေး ၀န်ကြီး ဌာနတွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ၄င်းကယင်းသို့ ပြောကြားခြင်းဖြစ်သည်။

“အခုက စုံစမ်းဖော်ထုတ်ဆဲ ပဲရှိသေးတယ်။ စုံးစမ်းဖော်ထုတ်ပြီးပြီ။ အထောက် အထားတွေ ခိုင်လုံ သွားပြီ ဆိုရင် အားလုံးသိအောင် ချပြပေးသွား မယ်။အားလုံးသိအောင် ရှင်းပြပေးသွားမယ်“ မယ်ဟု ရဲချုပ်ကဆိုသည်။။

ရခိုင်ပြည်နယ် ပဋိပက္ခတွင် နောက်ကွယ်မှကြိုးကိုင်လှုံဆော် လှုပ်ရှားသူများသည် ရခိုင်နှင့် ဘင်္ဂါလီ လူ့အဖွဲ့အစည်းနှစ်ခုလုံးတွင်ရှိပြီး ပဋိပက္ခ တွင် တိုက်ရိုက် ပါဝင် ပတ်သက် သူများကို တရား ဥပဒေ အရ အရေး ယူရန်ထိန်း သိမ်းထားပြီးဖြစ်ကြောင်း နယ်စပ် ရေးရာ ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးက သတင်းမီဒီယာများကိုနိုဝင် ဘာလ ၂၁ရက်နေ့တွင် ပြောကြားသည်။

ရခိုင်ပြည်နယ် ပဋိပက္ခနှင့် ပတ်သက်၍ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲသို့ နယ်စပ် ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည့်သူအင်အားဝန် ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးခင်ရီနှင့် မြန်မာနိုင်ငံဆိုင်ရာနိုင်ငံတကာသံအမတ်များတက်ရောက် ခဲ့သည်။.

ရခိုင်ပြည်နယ် ပဋိပက္ခတွင် နိုင်ငံရေးပါတီ၊ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများနှင့်အချို့သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ် သက်နေသည့် အထောက်တွေ့ရှိရပြီး နောက်ကွယ်မှကြိုးကိုင် လှုပ်ရှားနေ သူများကို နိုင်ငံ တော်က စတင်စစ်ဆေးအရေးယူ လျှက်ရှိပြီး ဇွန်လအတွင်းမှ စတင်ဖြစ်ပွား ခဲ့သောဆူပူ အကြမ်း ဖက်မှုများကြောင့် သေဆုံးသူ (၁၆၇) ဦး၊ ဒဏ်ရာ ရရှိသူ(၂၂၃)ဦး၊ အိမ်ထောင်စုပေါင်း (၁၆,၉၈၀)၊ လူဦးရေ (၁၁,၁၀၀၀)ဦး အိုးမဲ့ အိမ်မဲ့ဖြစ်ပြီး အတိဒုက္ခရောက်နေကြကာ အိုးအိမ်နှင့်အဆောက်အဦး (၁၀,၁၀၀)လုံး အပျက်အစီး ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးကသတင်း ထုတ်ပြန်ခဲ့သည်။

From: သမ္မတရုံး
Myanmar Forward

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်