Sunday, December 09, 2012

ယနေ့ နတ်မောက်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသော မိန့်ခွန်းကောက်နှုတ်ချက်များ

Posted by drmyochit Sunday, December 09, 2012, under | No comments



မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ရှိ ဗိုလ်ချုပ် ကြေးရုပ် ဘောလုံး ကွင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော မိန့်ခွန်းမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် များနှင့် ပတ်သက်၍ ပြောကြား ချက်ကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။


"ကျွန်မပြောမယ်နော်။ အန်အယ်လ်ဒီတွေ မြောက်ကြွ မြောက်ကြွ လုပ်နေ လို့ကတော့ ကျွန်မကို သာတိုင်။ ကျွန်မ လုံးဝမကြိုက်ဘူး။ ကျွန်မတို့အဖွဲ့ဟာ ပြည်သူတွေရဲ့မျက်စိမှာ အမြင်မတော်ဘူးဆိုရင် ဘာမှ မလုပ် ဘူး။

အဲဒီတော့ လုပ်လို့ရှိရင် ပြည်သူတွေ အနေနဲ့ ကျွန်မကို ပြောနိုင်တဲ့ အခွင့် အရေး ရှိပါတယ်။ ပြောလည်း ပြောပါ။

ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် တွေကို ကျွန်မ ခဏခဏ ပြောတယ်။ နေရာသိပ် မမက်ကြပါနဲ့။ ကျွန်မ ခဏခဏ သတိပေးတယ်။ မရှိတဲ့ ကုလားထိုင်နေရာ တောင်မှ လုနေတဲ့ လူတွေဟာ ကုလား ထိုင်ရှိရင် ဒုက္ခရောက် ရလိမ့် မယ်။

အဲဒီတော့ ပြည်သူတွေကနေပြီးတော့ နိုင်ငံရေးပါတီတွေကို ထိန်းထားရမယ်။ နိုင်ငံရေး ပါတီတွေ ပြောသမျှမယုံနဲ့။

 ဒါပေမယ့် တစ်ခုတော့ရှိ တယ်နော်။ နိုင်ငံရေးပါတီဝင်တွေဆိုတာလည်း ရဟန္တာတွေမဟုတ်ပါဘူး။ ပုထုဇဉ် တွေဆိုတော့ အပြစ်တော့ရှိမှာပဲ။

အတိုင်းအတာတစ်ခုထိတော့ နားလည်မှုပေးဖို့လိုပါတယ်။ ကျွန်မတို့လည်း ခြောက်ပစ် ကင်းသဲ လဲစင် မဟုတ် ပါဘူး။ ဒါတွေကို ပြည် သူတွေက နေပြီးတော့ စေတနာနဲ့ ဂရုဏာနဲ့ထောက်ပြပြီးတော့ ပြင်ပေးပါ။ အဲဒီလိုပြင်ပေး တဲ့နည်း နဲ့ပဲ ကျွန်မ ရှေ့ကိုဆက်ပြီးတော့ သွားနိုင်မှာဖြစ်ပါတယ်"

"ကျွန်မတို့ အာဏရမှ ဒီမိုကရေစီ နိုင်ငံကို လျင်လျင်မြန်မြန်ထူထောင်နိုင်မယ်။ ဒါကြောင့် အာဏာလိုချင်သလားဆို လိုချင်တယ် လို့ ပြောမယ်။ အာဏာလိုချင် တယ် ဆိုတာ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုတစ်ခုကို မြန်မြန်ဆန် ဆန် တည်ဆောက်ချင်လို့ပဲ "

"အစိုးရတစ်ခုဖြစ်လာပြီဆိုရင်လည်း ပြည်သူတွေနဲ့ ညှိညှိနှိုင်းနှိုင်း လုပ်ရမယ်။ လုပ်ချင်တာအားလုံး လုပ်နိုင် မယ် ဆိုရင် ဒီမိုကရေစီ အစိုးရမဟုတ်ဘူး။ အားလုံးလက်တွဲပြီးလုပ်မှ လိုချင်တဲ့ နိုင်ငံကို တည်ထောင် နိုင်မယ်။"

"ကျွန်မတို့ ပညာရေးစနစ်က ဘွဲ့သာပေးနိုင်တယ်။ အလုပ်မပေးနိုင်တဲ့ စနစ်ဖြစ်နေတယ်။"

ဆက်လက်ဖေါ်ပြပါမည်။

7Day News







0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်