Sunday, December 09, 2012

လက်ပန်းတောင်းတောင်ကိစ္စ သံဃာတော်တွေကို သာသနာရေးဝန်ကြီး တောင်းပန်

Posted by drmyochit Sunday, December 09, 2012, under | No comments



လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ဆန္ဒပြစခန်းတွေ ဖြိုခွဲခဲ့ရာမှာ ရဟန်းသံဃာတွေ ထိခိုက်ဒဏ်ရာရ ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရကိုယ်စား သာသနာရေးဝန်ကြီး သူရဦးမြင့်မောင် က နိုင်ငံတော် သံဃ မဟာ နာယက အဖွဲ့ ဆရာတော်တွေ ကို တောင်းပန်လျှောက်ထားတဲ့ အခမ်းအနားတစ်ရပ် မနေ့မနက်ပိုင်း က ကျင်းပခဲ့ ပါတယ်။


ကမ္ဘာအေးကုန်းမြေ မဟာနာယက ကျောင်းဆောင်မှာကျင်းပတဲ့ အဲဒီ တောင်းပန် လျှောက်ထား ပွဲမှာ ဒီအဖြစ် အပျက်နဲ့ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေနဲ့ အလွန်တရာစိတ်နှလုံးမချမ်းမသာ ဖြစ်ခဲ့ရကြောင်း၊ တာဝန်ယူဆောင်ရွက်ခဲ့ရတဲ့ မိမိတို့အဖွဲ့အစည်းများဘက်မှာလည်း မကျွမ်းမကျင်၊ မသိ နားမလည် မှုတွေရှိနိုင် တဲ့အတွက် ထိခိုက်ဒဏ်ရာရ ဦးပဉ္ဇင်းများနဲ့ ကိုရင်တွေကို အစိုးရကိုယ်စား အလေးအနက် တောင်းပန်လျှောက် ထားပါကြောင်းသာသနာရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်က လျောက်ထားခဲ့ပါတယ်။

သာသနာရေးဝန်ကြီးရဲ့ လျောက်ထားတောင်းပန်တာနဲ့ပတ်သက်လို့ ရန်ကုန်မြို့က စနေနေ့ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဦးဓမ္မသိရိ က ဝန်ချတောင်းပန်ရမှာက ပြစ်မှုကျူးလွန်သောသူရယ်၊ ပစ်မိန့်ပေးတဲ့သူရယ်၊ ဒီနှစ်ဦးစလုံးက ခံရတဲ့ သံဃာတော်တွေကို ကျေနပ်အောင်တောင်းပန်ရမယ့်ဟာကို ဦးဇင်းတို့က လိုချင်တာ၊ ဒါကို သံဃာ မဟာ နာယ ကတွေက ရေငုံနှုတ်ပိတ်ပြီးတော့ ဘာတစ်ခုမှတာဝန်ယူ ဖြေရှင်း ပေးခြင်း၊ ဖျန်ဖြေပေးခြင်း၊ အရေးယူပေးခြင်းကို သံဃာ ထုဘက်ကနေ ဘာတစ်ခုမှလုပ်ဆောင်ပေးခြင်း မရှိတဲ့အတွက် ဦးဇင်းတို့က ဒီနေ့ဆန္ဒ ထုတ်ဖော် ရခြင်းဖြစ် တယ် လို့ မိန့်ကြားခဲ့ပါတယ်။

သာသနာရေးဝန်ကြီးက လျောက်ထားခဲ့ရာမှာတော့ လက်ပံတောင်းအရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေး နားမလည် သေးတဲ့ ဦးပဉ္ဇင်းများနဲ့ ကိုရင်ငယ်တွေမှာ အပြစ်မရှိကြောင်း၊ နိုင်ငံရေး အမြတ်ထုတ်လိုတဲ့ နောက်ကွယ်က မသမာ သူတွေရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့်သာ ဒီကိစ္စပေါ်ပေါက်ခဲ့ရတာဖြစ်ကြောင်း လျှောက်ထား ခဲ့ပါတယ်။ 

မုံရွာမြို့ရွှေစည်းခုံဘုရားဝင်းအတွင်း တင်ဝင်းထွန်း ဓမ္မဗိမာန်မှာ ဒီဇင်ဘာလ ၁ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က သံဃာတော်များရဲ့ သြဝါဒခံယူပွဲတစ်ရပ် ကျင်းပနေစဉ်
 

RFA(မြန်မာပိုင်း)


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်