Sunday, December 09, 2012

မိန်းမဖြစ်သူအိမ်ထောင်ရေးဖောက်ပြန်မူကြောင်း လူသတ်မှုဖြစ်ပွား

Posted by drmyochit Sunday, December 09, 2012, under | No comments



ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက် ကွက်သစ်(၂)လမ်းတွင် နိုဝင်ဘာ(၃၀)ရက် နံနက် ၉ နာရီခွဲ က ဓါးခုတ်မူ တစ်ခု ဖြစ်ပွား ခဲ့ပြီးပြင်ထန်းဒဏ်ရရှိသွားကြောင်းသတင်းရရှိသည်။ ဖြစ်စဉ်မှာ ကိုယ့် မိန်းမ တစ်ခြားယောင်္ကျား တစ်ဦးနဲ့ ဖောက်ပြန် အိပ်ပျော်သော သတင်းရ၍ အိပ်ပျော် နေသာ မိန်းမနှုင့် မောင်ကျော် (ခေါ်)မောင်နိုင်မျိုးကို (၂၇နှစ်) ဓါးရှည်ဖြင့် လည်ပင်းကိုခုတ်သက်သည်ဟုသိရသည်။


ထို့နောက် ယောက်ျားဖြစ်သူ တင်ထွန်း(ခ)စူရယား(၄၅)နှစ်က ကိုယ့်မိန်းမကိုပါ ဆက်လက်ခုတ်မည်ပြုစဉ် အမျိုး သမီးမှာ ထွက်ပြေး လွှတ်မြောက် သွားသည်ဟု သိရသည်။ တရားခံ တင်ထွန်း(ခ) စူရယားသည် ဆိုင်ကယ် တက္က စီဖြင့် ထွက်ပြေး သွားကြောင်း သတင်းအရ ကော့က ရိတ်မြို့မရဲစခန်းမှူး ရဲအုပ်ကျော်စိုး၏ စီမံမှုဖြင့် နယ်ထိန်း ဒုရဲ အုပ်အောင်အောင်ဦးနှင့် အဖွဲ့သည် တရားခံ ထွက်ပြေးသွားသော ငါးတိုင်ကျေးရွာ၊ အင်းကြီးကျေးရွာ၊ ရေပူကျေး ရွာနှင့် လေးတိုင်ကျေးရွာတို့တွင် ကျေးရွာ သားများနှင့် နေ့ညမပြတ်ပိတ်ဆို့ရှာဖွေရာ ဒီဇင်ဘာ(၂)ရက်နေ့ ညနေပိုင်း တွင် လေးတိုင်ကျေး ရွာအနီးတွင် ဖမ်းဆီးရမိခဲ့ဟုသိရသည်။

ဓါးခုတ်ခံရသူ မောင်ကျော်(ခ)အောင်နိုင်မျိုးမှာ ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံမှ ဘားအံ ပြည်နယ် ပြည်သူ့ ဆေးရုံသို့ ဆက်လက်တင်ပို့ကုသထားရပြီး အမှုကို(ပ)၉၆ ၊၂၀၁၂ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ(၃၂၆) အရ အရေးယူ ထားဟု သတင်း ရရှိသည်။


မြတ်ကို(ဒေါနမြေ)
ရွှေမြန်မာမီဒီယာဂရု

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်