ရခိုင်ပြည်နယ်လာသည့်
သူများကို ယဉ်ကျေးမှုကပွဲနဲ့ ဖြေဖျော်တင်ဆက်ပြီး တနေ့ က သတင်းထောက် တယောက် က
ပြောပြတယ် ။ကုလသမ္မဂက လာတဲ့ အမျိုးသမီးကို သူကမေးလိုက်တဲ့  သတင်းကို
ပြောပြတာပါ ။
မြန်မာနိုင်ငံမှာ
သမ္မတ-က-မြန်မာနိုင်ငံမှာ မရှိတဲ့  လူမျိုးကို ဘာဖြစ်လို့  နာမည်ထုတ်ပြီး ပြောရတာလဲလို
့ သူမေးခဲ့ တယ်ဆိုတဲ့ အကြောင်း ပြောပြတာပါ။ သူပြောတဲ့ အခါ ဒါကိုရေဒီိယိုကတောင်
မလွှင့်သေးပါဘူး ။ ကျွန်တော့်ကို သူပြောပြတော့ ကျွန်တော် စဉ်းစားမိဖြစ်လာပါတော့တယ် ။
ခုတော့
အဲဒီသူမေးတဲ့ သတင်းကို လွှင့်လိုက်ပါပြီ ။ ကျွန်တော်စဉ်းစားမိတာတွေ အများကြီး ရှိနေ
ပါတော့တယ် ။
ကမ္ဘာ့ ကုလသမ္မဂ
ကဘဲလာလာ အမေရိကန်ကဘဲလာလာ တခုခုတော့ သူတို့ သိသွားအောင် လုပ်ဖို့  နည်းလမ်းတွေ အများကြီးရှိတဲ
့အထဲက ထိတွေ့ ဆက်ဆံ ရင်ဘတ်ထဲဝင်သွားမဲ့ နည်းလမ်းတခုကို စဉ်းစား မိဖြစ် ပါတယ် ။
တခါတလေမှာ
ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီက ရခိုင်သမိုင်းနဲ့ ပတ်သက်တဲ့  စာအုပ်စာတမ်းတွေကို
နိုင်ငံခြားက လာတဲ့  သူတွေကို ပေးအပ်ကြတာ ရှိပါတယ် ။ တခါတလေ လူကိုယ်တိုင်တွေ့ ဆုံပွဲလုပ်တာတွေ
ရှိပါတယ် ။
ခုတော့
ရခိုင်အမျိုးသားကွန်ယက်ဆိုတာလဲ ဖွဲ့ စည်းထားပြီဆိုတော့ သက်ဆိုင်ရာကဏ္ဍတွေနဲ့ တာဝန်ခံတွေ
့ဆုံဖို့ လိုအပ် လာတဲ့ အခါ ဆက်သွယ်တွေ့ ဆုံကြဖို့  ဖွဲ့ စည်းထားကြတာရှိနေတာ တွေ့  ရပါတယ်
။
နိုင်ငံခြားက
လာတဲ့ သူတွေကို စာအုပ်စာတမ်းတွေ ပေးအပ်ဖို့ နဲ့  လူကိုယ်တိုင်တွေ့ ဆုံဖို့ ဆိုရာမှာ
ကြိုတင် စီစဉ်ထားမှုများရှိမှသာ ဖြစ်တတ်တာမို့  တခါတလေမှာ သတိမထားမိလို့  ဘာမှ အလုပ်မဖြစ်ဘဲ
လစ်ဟာမှုများ ဖြစ်သွား တတ်ပါတယ် ။ စောစောကပြောသလို ကမ္ဘာ့ကုလသမ္မဂ က လာတဲ့  အမျိုးသမီးလိုဖြစ်သွားတတ်ပါတယ်
။
သူတို
့တွေက ပြောချင်ရာ ပြောသွားတော့ ကျွန်တော်တို့  ရင်ထဲမှာသာ အနာတရ ကျန်ရစ်ခဲ့ တတ်ပါတယ်
။ ဒါပေမဲ့ အခုတခေါက်မှာတော့ အဲဒီအမျိုးသမီးကိုယ်တိုင် ရခိုင်လူမျိုးတွေရဲ့  တကယ့်ဖြစ်ရပ်မှန်
သမိုင်း သိသွားတယ်လို့  ပြောရင်ရပါတယ် ။
ဒီတော့
နိုင်ငံတကာက ဘယ်သူမဆို ရခိုင်ပြည်နယ်ကို ခြေချဝင်လာပြီဆိုရင် ရခိုင်ပြည်နယ်အစိုးရက
ဧည့် သည်တော် များကို ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့ အကအဖွဲ့ များနဲ့  ကပြဖြေဖျော်ပေးဖို
့လိုအပ်လာပြီလို့  ထင်မြင် ယူဆပါတယ် ။
ဒါဟာ
ပါးစပ်က စကားလုံးတရာကို ပြောနေတာထက် ယဉ်ကျေးမှုတခုကို ကပြဖြေဖျော်လိုက်တာနဲ့  ဒီလူမျိုးရဲ
့ ယဉ်ကျေးမှုစာပေ ဓလေ့ထုံးစံ မည်မျှ ကြွယ်ဝချမ်းသာတယ်ဆိုတာ ချက်ချင်း ရင်ဘတ်ထဲ ၀င်ပြီး
သိရှိသွား စေပါ တယ် ။ အချိန်ပိုင်းအနေနဲ့  မအားလပ်ဘူးဆိုရင် တောင်မှ ညအိပ်ရပ်နားချိန်
တညတာ မှာတော့ ဧည့်ခံ ဖြေဖျော်ပွဲ ပြုလုပ် လို့  ရပါတယ် ။
ဒီ
့နောက်မှာ ရခိုင်သမိုင်းစာအုပ်များ ကို လက်ဆောင်များ ပေးအပ်ဖို့ လိုပါတယ်
။ အကယ်၍ ရခိုင်ပြည်နယ် အစိုး ရက အဲဒီလို မဆောင်ရွက်နိုင်ဘူးဆိုရင် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှဖြစ်စေ
ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့ များမှဖြစ်စေ အဲဒီလို ဂုဏ်ပြုဧည့်ခံအခန်းအနားများကို ဆောင်ရွက်နိုင်ရန်
ရခိုင်ပြည်နယ်အစိုးရမှ စီစဉ်ဆောင်ရွက် ကူညီပေး ရန်လိုအပ်ပါတယ် ။
စစ်တွေလေဆိပ်မှာ
ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့ ဝင်အမျိုးသမီးတွေက ပန်းစည်းဆက် ကြိုဆိုတာကို တကြိမ်တခါမျှ
မမြင်ရသေး ဘူးလို့  ပြောရင် ရလိမ့်မယ်ထင်ပါရဲ့  ။
ကျွန်တော်တို
့ဟာ အခြားသောနိုင်ငံတကာက ဧည့်သည်တော်များကို သိရှိရန်အတွက် မည်သို့ မည်ပုံ ချဉ်းကပ်ပြီး
မိမိတို့  သမိုင်းမှန်ကို သိရှိစေဖို့  နည်းလမ်းများကို ချပြနိုင်ဖို့  ဘယ်သို့ ဘယ်ပုံ
ဆောင်ရွက်ရမည်ဆိုတာကို ဦးစွာ တွေးတောစဉ်းစားထားရန် အရေးကြီးနေပါပြီ ။
ကမ္ဘာကို
လှည့်ပတ်ပြီး ကျွန်တော်တို့  နိုင်ငံက ယဉ်ကျေးမှုအဖွဲ့ ဝင်တွေဟာ ကပြဖျော်ဖြေ မသွားနိုင်သေးဘူးဆိုရင်
ကျွန်တော်တို့  ရခိုင်ပြည်နယ်ကို လာတဲ့  သူတွေက ခြေချလာပြီဆိုရင် ကျွန်တော်တို့ ရဲ
့ကြီးကျယ်ခန်းနားလွန်းတဲ့  ကြွယ်ဝချမ်းသာတဲ့  ရိုးရာယဉ်ကျေးမှု အ၀န်းအ၀ိုင်းကို ဂုဏ်ကြက်သရေရှိစွာ
တင်ပြကြဖို့  လိုပါတယ် ။
ရခိုင်မှာ
စကားရှိတယ် ။ စာပေရှိတယ် ။ နယ်မြေရှိတယ် ။ ယဉ်ကျေးမှုဓလေ့ထုံးတမ်းရှိတယ် ။ ပထ၀ီနယ်မြေ ရှိတယ်
။ ရခိုင်လူမျိုးစုနွယ်ရှိတယ် ။ စီးပွါးရေးအချက်အချာ ပြည်နယ်ဖြစ်တယ် ။ ဒါကို သိစေဖို
့ လှပသိမ်မွေ့ ပြီး ကြွယ်ဝ တဲ့  အနု ပညာ အားမန်တွနဲ့  ရခိုင်ကိုအလှဆင်ပေးဖို့  အချိန်ကျရောက်နေပြီဖြစ်ပါတယ်
။
ခိုင်အောင်ကျော် (နယူးယောက် )
0 comments:
Post a Comment