Tuesday, January 01, 2013

ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် အစိုးရနဲ့ ကေအိုင်အေ တို့ ဆွေးနွေးကြရုံနဲ့ မ လုံလောက်ဟု ရှမ်းနီပါတီက ဆို

Posted by drmyochit Tuesday, January 01, 2013, under | No comments

ကချင်ပြည်နယ်မှာ အစိုးရနဲ့ ကေအိုင်အေ တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည် ဖြစ်ပွားနေချိန်မှာ ကချင်ပြည် နယ် အတွင်း ငြိမ်းချမ်းရေး တည်ဆောက် ရာမှာ အစိုးရနဲ့ ကေအိုင်အေ တို့ပဲ ဆွေးနွေးညှိနှိုင်း သ ဘောတူ ရုံနဲ့ မလုံလောက်ပဲ ရှမ်းနီ (တိုင်းလိုင်) လူမျိုးများ အပါအဝင် ရှမ်းမျိုးနွယ်စု ဝင်များ အခြား ဒေသခံ တိုင်းရင်း သား များရဲ့ ဆန္ဒသ ဘောထားများကိုလည်း ငြိမ်းချမ်းရေး အတွက် ဆွေးနွေးညှိနှိုင်းရာမှာ ထည့်သွင်း စဉ်းစား သင့် တယ်လို့တိုင်းလိုင်(ရှမ်းနီ)အမျိုး သားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ တာဝန်ရှိသူ တစ်ဦးက ပြောကြား လိုက်ပါ တယ်။


ဒီဇင်ဘာလ ၂၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ၎င်းပါတီရဲ့ သထောထား ကြေညာချက်နဲ့ပတ်သက် ပြီး ကော့လီမီဒီယာက အထွေ ထွေအတွင်းရေးမှူး ဖြစ်သူ ဦးစောဝင်းထွန်း ကို ဆက်သွယ်မေးမြန်း တဲ့အခါမှာ အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။


ကချင်ပြည်နယ် မှာ ကချင်လူမျိုးတစ်မျိုးတည်းရှိတာ မဟုတ်ဘူး။ ရှမ်းနီ အပါအဝင် ရှမ်းမျိုးနွယ်စုတွေ ချည်းပဲ ပြည်နယ် လူဦးရေရဲ့ ၆၀ ရာ ခိုင်နှုန်းလောက် ရှိတယ်။ အဲဒီတော့ ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး တည်ဆောက်မယ်ဆိုရင်တော့ ဒီလူဦးရေ အရေအတွက်ရဲ့ ဆန္ဒသဘော ထားတွေကို လျစ်လျူရှုထားဖို့ မသင့်ပါဘူး။ အနည်းဆုံးတော့ ဒီလူတွေရဲ့ ဆန္ဒသဘောထားကို နားထောင် ထည့်သွင်းစဉ်း စားပေး သင့်ပါတယ် – လို့ ဦးစောဝင်းထွန်း က ကော့လီကို ပြောပါတယ်။


ကချင်ပြည်နယ် အတွင်း တိုက်ပွဲ ဖြစ်ပွားနေသည်မှာ နှစ်နှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်ကြောင်း၊ စစ်ပွဲ များကြောင့် ဒေသခံ ရှမ်း၊ ကချင် ပြည် သူ များ စစ်ဘေးရှောင် ဒုက္ခသည်များအဖြစ် မိမိတို့ရဲ့ အိုးအိမ်တွေကို စွန့်ပြီး လုံခြုံမှုရှိရာ ဒေသများမှာ ဖြစ်သလို နေထိုင် စားသောက်နေ ကြ ရ ကြောင်း ဖော်ပြထားပါတယ်။


ဒါ့အပြင် ကချင်လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ ကေအိုင်အိုနဲ့ ပတ်သက်လို့ ကေအိုင်အို တပ်ဖွဲ့ဝင်များက မီးရထားလမ်း၊ တံတားများ ကို ဖောက်ဖွဲခြင်း၊ ရှမ်းနီ လူမျိုးများထံမှာ ဆက်ကြေး ကောက်ခံခြင်း၊ စစ်သား အဖြစ် အဓမ္မ စုဆောင်းခြင်း၊ တိုက်ပွဲများတွင် လူသားဒိုင်း အဖြစ် အသုံးချခြင်း၊ တပ်မတော်က ရှမ်းရွာသားများအပေါ် အထင်အမြင် လွဲမှားစေရန် ရှမ်းရွာများ အနီးမှာ မိုင်းထောင် ဖောက်ခွဲခြင်း၊ ရှမ်းအမျိုး သမီးများအား မုဒိန်းကျင့်ခြင်းများ ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။


ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လောက်မှန်ကန်မှု ရှိသလဲလို့ ဦးစောဝင်းထွန်း ကို မေးမြန်းရာမှာ ၎င်းက – ဒါတွေဟာ ကျနော်တို့ ပါတီ မြို့နယ်အ ဆင့်တွေ တင်ပြလာတဲ့ အစီရင်ခံစာတွေအရ ဖော်ပြထားတာ ဖြစ်ပါတယ်။

ကေအိုင်အေ ဆက် ကြေးတောင်းတဲ့ပြီး မပေးရင် ဘာလုပ်မယ် ညာ လုပ်မယ်ဆိုတဲ့စာတွေလည်း ကျနော်တို့မှာ သက်သေအနေနဲ့ရှိပါတယ်။ ကျနော်တို့ ရှမ်းနီတွေချည်း ခံရတာတော့မဟုတ်ဘူး။ တခြား တိုင်းရင်းသား တွေလည်း အနည်းနဲ့အများခံရတာပါပဲ။ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာဆို ရင် ကေအိုင်အေဘက်ကရော၊ တပ်မတော်ဘက်က ရော ကျူးလွန်တာတွေ ရှိမယ်။ ဒါပေမယ့် ကေအိုင်အေ ကတော့ တိုက်ပွဲနဲ့ဝေးတဲ့ ငြိမ်းချမ်းတဲ့ မြို့တွေပေါ်အထိ ဆက်ကြေးတောင်းတာ၊ လူစုတာ တွေ ရှိနေတယ် လို့ ပြောပါတယ်။


ကချင်ပြည်နယ် အတွင်း ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ရဲ့ သဘောထား အဖြစ်


(၁) ဤဒေသ အတွင်း နေထိုင်ကြသော တိုင်းရင်းသားများ အချင်းချင်း တစ်ဦးအပေါ် တစ်ဦး လူညွန့်ခူး ခေါင်းပုံဖြတ်ခြင်းကို လက်မခံပါ။


(၂) လက်နက်ဖြင့် အနိုင်ကျင့် ဗိုလ်ကျစိုးမိုးသော မည်သည့် အဖွဲ့အစည်း၏ လုပ်ရပ်ကိုမဆို ပြင်းထန်စွာ ရှုတ်ချသည်။


(၃) ကချင်ပြည်နယ် အတွင်း စစ်ပွဲများ အမြန်ဆုံး ရပ်စဲပြီး ငြိမ်းချမ်းရေး
ဆွေးနွေးကြရန် တောင်းဆိုသည်။


(၄) ပြည်တွင်းစစ် ရပ်စဲရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ဒေသခံ ရှမ်းနီပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု ရရှိမှသာ အောင်မြင်နိုင် မည် ဟု ယုံကြည်သည်။လို့ ကြေညာချက်မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။


kawli

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်