Tuesday, January 01, 2013

ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြုလုပ်သွားမည်

Posted by drmyochit Tuesday, January 01, 2013, under | No comments

From : hot news


ရန်ကုန် ဆိပ်ကမ်း ဖွံ့ဖြိုးတိုး တက်ရေးနှင့် ဆိပ်ကမ်း သာယာ လှပရေး အတွက် (Conceptual Plan) ရေး ဆွဲနိုင်ရေး ကို မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် သတင်းစာ ရှင်းလင်းပွဲမှ သိရှိ ရသည်။

ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဥာဏ် ထွန်းအောင်မှ ““ရန်ကုန် မြို့ဆို တာက မြန်မာနိုင် ငံရဲ့နှလုံး သည်းပွတ်ဖြစ် ပါတယ်။ ဒီမြို့ကြီး တိုးတက် ဖို့နဲ့ စည်ပင် သာယာ ၀ပြော ဖို့ဆိုတာ မြန်မာ တစ်နိုင်ငံ လုံးမှာ ရှိတဲ့ နိုင်ငံ သားတွေရဲ့တာဝန်ဖြစ် ပါတယ်။နေပြည်တော်မှာ စင်ကာ ပူက ပညာရှင် အဖွဲ့တစ်ဖွဲ့ လာပြီး ဆွေးနွေး ပါတယ်။ နောက်တစ်ခါ ဘယ်လ်ဂျီယံ တို့ဘာတို့ ကလည်း လာဆွေးနွေး ကြတယ်။ သူတို့က ဘာကို ဆိုလဲဆိုတော့ ရန်ကုန်မြို့ တော်ကြီးဟာ မြန်မာနိုင် ငံရဲ့အဓိ ကဖြစ် တယ်။ ဒီမြို့ကြီးကို သာယာ တိုးတက်ဖို့ ဆိုရင် သူတို့က မြစ်ကမ်း နဖူး ကနေ ရာတွေကို ကုန်တင် ကုန်ချ တစ်ခုတည်း မစဉ်းစားနဲ့။

ဒီဟာက နိုင်ငံ တစ်နိုင်ငံ အတွက် မြို့ တစ်မြို့ အတွက် တန်ဖိုး အရှိဆုံး နေရာ။နိုင်ငံသူ/ သားတွေဟာ မြို့ တစ်မြို့ရဲ့ ဒီနေရာရောက်ရင် စိတ် ချမ်းသာမှုအလိုအလျောက်ရတယ်။ ဒါကို စဉ်းစားပါလို့ ပညာရှင်တွေက အကြံပေး တယ်။မြန်မာတစ် နိုင်ငံလုံးရဲ့နှလုံးသည်းခြေမြို့တော် ကြီးရဲ့အလှအပကို အထောက် အ ကူဖြစ်အောင် လုပ်မယ်။ Master Plan နဲ့လည်းလိုက်လျောညီ ထွေဖြစ်အောင်အစိုးရအဖွဲ့ကနေ ပြီး ၀ိုင်းဝန်း ဆွေးနွေးပေးဖို့၊ ပညာ ရှင်အနေနဲ့ကလည်း ကျွန်တော် တို့ လုပ်မယ့်ဟာ မှားတယ်ဆိုရင် လည်း ထောက်ပြပါ။ပြင်ပါ့မယ်။ ဒါဟာ မြန်မာနိုင်ငံကြီးရဲ့တိုးတက် ရေး၊ရန်ကုန်မြို့တော်ကြီးစည်ပင် သာယာ ၀ပြောရေး အတွက် ၀ိုင်းလုပ်နေကြ တာဖြစ်ပါတယ်။

ကျွန်တော်တို့ ပို့ဆောင်ရေးဝန်ကြီး ဌာနဖြင့်လည်း မြို့တော်စည်ပင် သာယာရေးအတွက် လေဆိပ်တွေ၊ ဆိပ်ကမ်းတွေမှာ ကျွန်တော်တို့ ဘက်ကလည်းပူးပေါင်းဆောင်ရွက်ဖို့လုပ်ခြင်းဖြစ်ပါတယ်””ဟု ပြော ကြားခဲ့ သည်။

ဆက်၍ ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေကဆွေးနွေးတင်ပြရာတွင် ““ယနေ့ဆောင် ရွက်မယ့် လုပ်ငန်း (၄)ခုက လုပ် သင့်တဲ့ဟာဖြစ်ပါတယ်။ ဗိုလ် တထောင်ဆိပ်ကမ်းမှာရှိတဲ့ကမ်း ပါးထိန်း ရေထိန်း တံတား၊ ဒါတွေ ကိုလုပ်ဆောင်ဖို့ဆိုတာ ပွင့်လင်းမြင်သာမှုရှိစွာလုပ်ရမှာပါ။ဒါက ရန်ကုန်တိုင်း ဒေသကြီး ရဲ့တစ်ခု တည်းသော International Port ပါ။ ဒါက အများကြီးအထောက် အကူပြုပြီး နိုင်ငံ တကာ အဆင့် မီဖြစ် လာမယ့်လုပ်ငန်းဖြစ်တဲ့ အတွက် ကြိုဆိုပါတယ်။ ပွင့်လင်း မြင်သာစွာ နဲ့ဆောင် ရွက်နေ တာ ဖြစ်တဲ့ အတွက် ကန့်ကွက်စရာ အကြောင်းမရှိပါဘူး။ကျွန်တော် တို့ကူညီတဲ့အပိုင်းက အ တတ်နိုင် ဆုံး ကူညီဆောင် ရွက်ပေးပါ့မယ်။ အဆောက်အအုံဆောက်လုပ်ဖို့ အတွက်ခွင့်ပြုချက်ကတော့ မြို့ တော်စည် ပင်သာယာ အပိုင်းက စစ်ဆေးပြီးသူတို့ခွင့်ပြုနိုင်တဲ့ အပိုင်းမှာ အားလုံးခွင့်ပြုသွားမှာဖြစ်ပါတယ်။ အထပ်မြင့် နဲ့ပတ် သက်ပြီး သမ္မတကြီးက မြေငလျင် ဒဏ်ထည့်စဉ်းစားဖို့ပြောပါတယ်။ ဘယ်အဆောက် အအုံပဲ ဆောက်ဆောက်မြေင လျင်ဒဏ်ကို စဉ်း စားပါဆိုပြီး လမ်းညွှန်ထားတာရှိ ပါတယ်””ဟု ပြောသည်။


Myanmar Express

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်